VMA ပွဲမှာ Video Vanguard Award ဆုကိုလက်ခံရရှိမယ့်ရှကီရာ

ဒီနှစ်ဟာ ရှကီရာအတွက်တော့ အနုပညာဘက်မှာ ကြီးမားတဲ့အောင်မြင်မှုနဲ့အတူအလုပ်အရှုပ်ဆုံးနှစ်တစ်နှစ်လို့ဆိုရမှာပါ။သူမအနေနဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာကျင်းပတော့မယ့် MTV Video Music Awards ပွဲမှာ Video Vanguard Award ဆုကိုရရှိပိုင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒီသတင်းကို VMA ကတရားဝင်ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ရှကီရာဟာ ဒီဆုကိုရရှိတဲ့ ပထမဆုံးသောတောင်အမေရိကအဆိုရှင်တစ်ယောက်အဖြစ်သမိုင်းသစ်စိုက်ထူနိုင်တော့မှာဖြစ်ပါတယ်။ ဒါအပြင် သူမအနေနဲ့ MTV Video Music Awards ပွဲမှာပထမဆုံးအနေနဲ့စင်ပေါ်မှာ ဖျော်ဖြေမှာလည်းဖြစ်ပါတယ်။

သူမဟာ ဒီပွဲမှာ Karol G နဲ့အတူပူးပေါင်းသီဆိုထားတဲ့ TQG သီချင်းနဲ့ဖျော်ဖြေနိုင်ခြေရှိနေပါတယ်။ သူမကိုဂုဏ်ပြုတဲ့အနေနဲ့နာမည်ကြီးလက်တင်အနုပညာရှင်တွေရဲ့ Medley Performance ကိုလည်းသူမရဲ့ဖျော်ဖြေမှုနဲ့အတူတွဲဖက်တွေ့မြင်ရမှာဖြစ်ပါတယ်။TQG သီချင်းဟာ ပြီးခဲ့တဲ့မတ်လက Billboard Hot 100 မှာ နံပါတ် ၇ ချိတ်ခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ဒီႏွစ္ဟာ ရွကီရာအတြက္ေတာ့ အႏုပညာဘက္မွာ ႀကီးမားတဲ့ေအာင္ျမင္မႈနဲ႔အတူအလုပ္အရႈပ္ဆုံးႏွစ္တစ္ႏွစ္လို႔ဆိုရမွာပါ။သူမအေနနဲ႔ စက္တင္ဘာလ ၁၂ ရက္ေန႔မွာက်င္းပေတာ့မယ့္ MTV Video Music Awards ပြဲမွာ Video Vanguard Award ဆုကိုရရွိပိုင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။ ဒီသတင္းကို VMA ကတရားဝင္ထုတ္ျပန္ေၾကညာလိုက္တာျဖစ္ပါတယ္။ရွကီရာဟာ ဒီဆုကိုရရွိတဲ့ ပထမဆုံးေသာေတာင္အေမရိကအဆိုရွင္တစ္ေယာက္အျဖစ္သမိုင္းသစ္စိုက္ထူႏိုင္ေတာ့မွာျဖစ္ပါတယ္။ ဒါအျပင္ သူမအေနနဲ႔ MTV Video Music Awards ပြဲမွာပထမဆုံးအေနနဲ႔စင္ေပၚမွာ ေဖ်ာ္ေျဖမွာလည္းျဖစ္ပါတယ္။

သူမဟာ ဒီပြဲမွာ Karol G နဲ႔အတူပူးေပါင္းသီဆိုထားတဲ့ TQG သီခ်င္းနဲ႔ေဖ်ာ္ေျဖႏိုင္ေျခရွိေနပါတယ္။ သူမကိုဂုဏ္ျပဳတဲ့အေနနဲ႔နာမည္ႀကီးလက္တင္အႏုပညာရွင္ေတြရဲ႕ Medley Performance ကိုလည္းသူမရဲ႕ေဖ်ာ္ေျဖမႈနဲ႔အတူတြဲဖက္ေတြ႕ျမင္ရမွာျဖစ္ပါတယ္။TQG သီခ်င္းဟာ ၿပီးခဲ့တဲ့မတ္လက Billboard Hot 100 မွာ နံပါတ္ ၇ ခ်ိတ္ခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*