ရုံတင်ချိန်မှာဝင်ငွေကောင်းပြီးနာမည်ကြီးနေတဲ့ Exhuma ရုပ်ရှင်ကား

ထူးချွန်တဲ့သရုပ်ဆောင်များစွာပါဝင်တဲ့ Exhuma ရုပ်ရှင်ဟာ ရုံတင်ပြသရက်လေးရက်အတွင်းလက်မှတ်များစွာရောင်းချရပြီး စံချိန်တင်ဝင်ငွေကောင်းနေတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ 26 ရက်နေ့က Kores Film Council ကနေ Exhuma ဟာ 4 ရက်အတွင်း ရုပ်ရှင်ကြည့်ရှုသူ 2 သန်းကျော်သွားခဲ့ပြီလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီကိန်းဂဏန်းကိုကြည့်ခြင်းအားဖြင့် Exhuma ဟာ ပြသပြီး 2 ရက်လောက်ကတည်းက Box Office မှာမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ Exhuma ရုပ်ရှင်မှာ နာမည်ကြီးမင်းသား၊မင်းသမီးတွေဖြစ်တဲ့ ချွဲမင်ဆော့၊ ကင်ဂိုအန်၊ ရိုဟေးဂျင်နဲ့လီဒိုဟွန်းတို့ပါဝင်တာဖြစ်ပါတယ်။ Exhuma ဟာ ပယောဂဆရာနှစ်ယောက်ရဲ့ မှော်အတတ်ပါဝင်တဲ့လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။

ဒီကားထဲမှာမင်းသားကြီးချွဲမင်ဆော့က ငွေအမြောက်အမြားရယူပြီးလျှို့ဝှက်ဆန်းကြယ်တဲ့သချိုင်းတွေကို ရွှေ့ပြောင်းသူအဖြစ်သရုပ် ဆောင်ထားပါတယ်။သဘာဝလွန်ဖြစ်ရပ်တွေနဲ့ရင်ဆိုင်နေရတဲ့ လူချမ်းသာမိသားစုတစ်ခုဟာပယောဂဆရာနှစ်ယောက်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ ပယောဂဆရာတွေကလည်းထိုမိသားစုကိုလွှမ်းမိုးထားတဲ့ဘိုးဘွားတို့ရဲ့ဝိညာဥ်အရိပ်မည်းကြီးရှိတာကိုသိခဲ့ကြပါတယ်။ သူတို့တွေဟာဒါကိုကျော်လွှားနိုင်ဖို့ အုတ်ဂူတစ်ခုကိုတူးဖော်ရင်းမထင်မှတ်ထားတဲ့ဖြစ်ရပ်တွေကိုရင်ဆိုင်ကြရတာဖြစ်ပါတယ်။ ဒါကတော့ Exhuma ရုပ်ရှင်ရဲ့ဇာတ်လမ်းအကျဉ်းပါ။ Exhuma ဟာ Korea Box Office မှာအဖွင့်လှခဲ့ရုံတင်မကဘဲပထမပတ်မှာတင်ကြည့်ရှုသူ 2 သန်းကိုစံချိန်တင်ရရှိခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ထူးခြၽန္တဲ့သ႐ုပ္ေဆာင္မ်ားစြာပါဝင္တဲ့ Exhuma ႐ုပ္ရွင္ဟာ ႐ုံတင္ျပသရက္ေလးရက္အတြင္းလက္မွတ္မ်ားစြာေရာင္းခ်ရၿပီး စံခ်ိန္တင္ဝင္ေငြေကာင္းေနတယ္လို႔သိရပါတယ္။ေဖေဖာ္ဝါရီလ 26 ရက္ေန႔က Kores Film Council ကေန Exhuma ဟာ 4 ရက္အတြင္း ႐ုပ္ရွင္ၾကည့္ရႈသူ 2 သန္းေက်ာ္သြားခဲ့ၿပီလို႔ အတည္ျပဳခဲ့တာျဖစ္ပါတယ္။ ဒီကိန္းဂဏန္းကိုၾကည့္ျခင္းအားျဖင့္ Exhuma ဟာ ျပသၿပီး 2 ရက္ေလာက္ကတည္းက Box Office မွာမွတ္တိုင္တစ္ခုစိုက္ထူႏိုင္ခဲ့တာျဖစ္ပါတယ္။ Exhuma ႐ုပ္ရွင္မွာ နာမည္ႀကီးမင္းသား၊မင္းသမီးေတြျဖစ္တဲ့ ခြၽဲမင္ေဆာ့၊ ကင္ဂိုအန္၊ ႐ိုေဟးဂ်င္နဲ႔လီဒိုဟြန္းတို႔ပါဝင္တာျဖစ္ပါတယ္။ Exhuma ဟာ ပေယာဂဆရာႏွစ္ေယာက္ရဲ႕ ေမွာ္အတတ္ပါဝင္တဲ့လွ်ိဳ႕ဝွက္ဆန္းၾကယ္ဇာတ္လမ္းအမ်ိဳးအစားျဖစ္ပါတယ္။

ဒီကားထဲမွာမင္းသားႀကီးခြၽဲမင္ေဆာ့က ေငြအေျမာက္အျမားရယူၿပီးလွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့သခ်ိဳင္းေတြကို ေ႐ႊ႕ေျပာင္းသူအျဖစ္သ႐ုပ္ ေဆာင္ထားပါတယ္။သဘာဝလြန္ျဖစ္ရပ္ေတြနဲ႔ရင္ဆိုင္ေနရတဲ့ လူခ်မ္းသာမိသားစုတစ္ခုဟာပေယာဂဆရာႏွစ္ေယာက္ကိုဖိတ္ေခၚခဲ့ပါတယ္။ ပေယာဂဆရာေတြကလည္းထိုမိသားစုကိုလႊမ္းမိုးထားတဲ့ဘိုးဘြားတို႔ရဲ႕ဝိညာဥ္အရိပ္မည္းႀကီးရွိတာကိုသိခဲ့ၾကပါတယ္။ သူတို႔ေတြဟာဒါကိုေက်ာ္လႊားႏိုင္ဖို႔ အုတ္ဂူတစ္ခုကိုတူးေဖာ္ရင္းမထင္မွတ္ထားတဲ့ျဖစ္ရပ္ေတြကိုရင္ဆိုင္ၾကရတာျဖစ္ပါတယ္။ ဒါကေတာ့ Exhuma ႐ုပ္ရွင္ရဲ႕ဇာတ္လမ္းအက်ဥ္းပါ။ Exhuma ဟာ Korea Box Office မွာအဖြင့္လွခဲ့႐ုံတင္မကဘဲပထမပတ္မွာတင္ၾကည့္ရႈသူ 2 သန္းကိုစံခ်ိန္တင္ရရွိခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*