နာမည်ကြီးဂျပန် Artist တစ်ယောက်နဲ့ပူးပေါင်းမယ့် Black Pink

Black Pink အနေနဲ့ ကမ္ဘာကျော်ဂျပန် Artist တစ်ယောက်ဖြစ်တဲ့ တာကာရှိမူရာကာမိနဲ့ပရောဂျက်တစ်ခုကိုပူးပေါင်းလုပ်ဆောင်ဖို့ရှိတယ်လို့သိရပါတယ်။ သူတို့အနေနဲ့ Limited Edition ပစ္စည်းတစ်ခုခုကိုပူးပေါင်းဖန်တီးပြီးဖြန့်ချိမှာဖြစ်ပါတယ်။ဒီဖန်တီးမှုဟာ Black Pink ပရိသတ်တွေအတွက်သာမက နိုင်ငံတကာကပါစိတ်ဝင်တစားရှိမယ့်ဖန်တီးမှုမျိုးဖြစ်တယ်လို့ဆိုပါတယ်။ တာကာရှိမူရာကာမိဟာ ခေတ်ပေါ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး Arts နဲ့ပတ်သက်ရင် အမြင့်၊အနိမ့်ဆိုတဲ့ကွာဟချက်တွေကိုဖျောက်ပစ်နိုင်ခဲ့သူတစ်ယောက်အဖြစ်နာမည်ကြီးပါတယ်။

သူ့ကိုကမ္ဘာကျော်စေခဲ့တာကတော့ Art Style တစ်ခုဖြစ်တဲ့ SoFlo Superflat ဖန်တီးမှုတွေကြောင့်ပါပဲ။ ရယ်ပြုံးနေတဲ့ပန်းပွင့်၊အရောင်စုံနေတဲ့ပွင့်ချပ်လေးတွေကိုမြင်ရုံနဲ့ တာကာရှိမူရာကာမိရဲ့ဖန်တီးမှုဆိုတာတန်းသိလောက်အောင်နာမည်ကျော်ခဲ့သူဖြစ်ပါတယ်။ ကမ္ဘာကျော် LV အိတ်တွေကိုလည်းသူ့ရဲ့လက်ရာတွေနဲ့ပေါင်းစပ်ဖန်တီးထုတ်လုပ်ခဲ့ဖူးပါတယ်။ Black Pink နဲ့ပူးပေါင်းဖန်တီးမှုမှာတော့ တာကာရှိမူရာကာမိရဲ့ Art နဲ့ Pop Culture ကိုပေါင်းစပ်ဖန်တီးမယ်လို့သိရပါတယ်။

Ju Ju

zawgyi

Black Pink အေနနဲ႔ ကမာၻေက်ာ္ဂ်ပန္ Artist တစ္ေယာက္ျဖစ္တဲ့ တာကာရွိမူရာကာမိနဲ႔ပေရာဂ်က္တစ္ခုကိုပူးေပါင္းလုပ္ေဆာင္ဖို႔ရွိတယ္လို႔သိရပါတယ္။ သူတို႔အေနနဲ႔ Limited Edition ပစၥည္းတစ္ခုခုကိုပူးေပါင္းဖန္တီးၿပီးျဖန႔္ခ်ိမွာျဖစ္ပါတယ္။ဒီဖန္တီးမႈဟာ Black Pink ပရိသတ္ေတြအတြက္သာမက ႏိုင္ငံတကာကပါစိတ္ဝင္တစားရွိမယ့္ဖန္တီးမႈမ်ိဳးျဖစ္တယ္လို႔ဆိုပါတယ္။ တာကာရွိမူရာကာမိဟာ ေခတ္ေပၚအႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး Arts နဲ႔ပတ္သက္ရင္ အျမင့္၊အနိမ့္ဆိုတဲ့ကြာဟခ်က္ေတြကိုေဖ်ာက္ပစ္ႏိုင္ခဲ့သူတစ္ေယာက္အျဖစ္နာမည္ႀကီးပါတယ္။

သူ႔ကိုကမာၻေက်ာ္ေစခဲ့တာကေတာ့ Art Style တစ္ခုျဖစ္တဲ့ SoFlo Superflat ဖန္တီးမႈေတြေၾကာင့္ပါပဲ။ ရယ္ၿပဳံးေနတဲ့ပန္းပြင့္၊အေရာင္စုံေနတဲ့ပြင့္ခ်ပ္ေလးေတြကိုျမင္႐ုံနဲ႔ တာကာရွိမူရာကာမိရဲ႕ဖန္တီးမႈဆိုတာတန္းသိေလာက္ေအာင္နာမည္ေက်ာ္ခဲ့သူျဖစ္ပါတယ္။ ကမာၻေက်ာ္ LV အိတ္ေတြကိုလည္းသူ႔ရဲ႕လက္ရာေတြနဲ႔ေပါင္းစပ္ဖန္တီးထုတ္လုပ္ခဲ့ဖူးပါတယ္။ Black Pink နဲ႔ပူးေပါင္းဖန္တီးမႈမွာေတာ့ တာကာရွိမူရာကာမိရဲ႕ Art နဲ႔ Pop Culture ကိုေပါင္းစပ္ဖန္တီးမယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*