Introvert အဖြစ်ဆုံးရာသီခွင် (၃)ခု

ဘယ်ရာသီခွင်တွေက Introvert အဖြစ်ဆုံးလဲ သင်သိပါသလား။ ထိပ်တန်းအဆင့် Introvert တွေအကြောင်း ပြောပြချင်ပါတယ်။

Cancer

ရဲရင့်မှု၊ ဆွဲဆောင်မှုနဲ့ နက်ရှိုင်းစွာ အလိုလိုသိမြင်နိုင်တဲ့ Cancer တွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနက်နဲမှုနဲ့ အာရုံခံနိုင်စွမ်းကြောင့် လူသိများပါတယ်။ သူတို့က အေးအေးဆေးဆေးနေတတ်ကြပြီးသူတို့ရဲ့ စိတ်ခံစားများနဲ့ အတွင်းအကျဆုံး အတွေးများကို နက်နက်ရှိုင်းရှိုင်း နားလည်မှုနဲ့စိတ်ခံစားမှုဆိုင်ရာ ဖြည့်ဆည်းမှုများကို ရှာဖွေဖို့ ခွင့်ပြုထားကြပါတယ်။လူမှုပေါင်းသင်းဆက်ဆံရေးကို နှစ်သက်ကြပေမဲ့ သူတို့က တယောက်တည်းအချိန်ကိုတန်ဖိုးထားပြီး စိတ်ပိုင်းဆိုင်ရာသုခချမ်းသာကို ပြန်လည်ဖြည့်တင်းကြပါတယ်။

Virgo

လက်တွေ့ကျကျ၊ ခွဲခြမ်းစိတ်ဖြာပြီး အသေးစိတ်ဆန်တဲ့ Virgos တွေကစေ့စေ့စပ်စပ်တွေးခေါ်မှုနဲ့ ဘဝကို ချဉ်းကပ်ကြပါတယ်။ သူတို့က အမြဲတမ်းအပြင်ပန်းမျာသူတို့ရဲ့စိတ်ကို မပေါ်ပေမဲ့ သူတို့ရဲ့ လုပ်ငန်းတာဝန်များနဲ့ အကျိုးစီးပွားများကို လေးနက်စွာနဲ့အာရုံစိုက်စေတဲ့ တကိုယ်တည်းလှုပ်ရှားမှုများကို နှစ်သက်လေ့ရှိကြပါတယ်။ သူတို့ရဲ့စိတ်ကူးယဉ်သဘာဝက သူတို့ရဲ့ ပြီးပြည့်စုံမှုနဲ့ မိမိကိုယ်ကိုယ်တိုးတက်မှုကို ရှာဖွေဖို့တွန်းအားဖြစ်စေပြီး ရည်မှန်းချက်နဲ့ မျှော်မှန်းချက်များကို ဆင်ခြင်သုံးသပ်ဖို့အချိန်အတော်ကြာပေးတတ်ကြပါတယ်။ သူတို့တွေက တကိုယ်တည်းနေရတာကိုအထူးပဲတန်ဖိုးကြပါတယ်။

Scorpio

လျှို့ဝှက်ဆန်းကြယ်ပြီး ခံစားမှုပြင်းထန်ကြတဲ့ Scorpios တွေက လူ့စိတ်ရဲ့နက်နဲမှုကိုဖော်ညွှန်းကြပါတယ်။ သူတို့က သူတို့ရဲ့လျှို့ဝှက်မှုကို တန်ဖိုးထားပြီး ဘဝရဲ့လျှို့ဝှက်ဆန်းကြယ်မှုများကို တွေးတောပြီး လျှို့ဝှက်ထားတဲ့ အမှန်တရားများကိုရှာဖွေဖို့အတွက် တကိုယ်တည်းဖြစ်သွားတတ်ပါတယ်။

MYit

zawgyi


Cancer


Virgo


Scorpio


MYit

Be the first to comment

Leave a Reply

Your email address will not be published.


*