Frederic Arnault ရဲ့မွေးနေ့အတွက် Private Jet နဲ့ပဲရစ်ကိုသွားတဲ့ Lisa

TAG Heuer ရဲ့ CEO ဖြစ်သူ Frederic Arnault နဲ့ Lisa (Black Pink)တို့ရဲ့အချစ်ရေးကောလာဟလကတော့ ဒီနှစ်အတွင်းမှာခပ်စိပ်စိပ်ဆိုသလို ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်း Frederic Arnault ရဲ့မွေးနေ့ပါတီကိုတက်ရောက်ဖို့ Lisa က Private Jet နဲ့ပဲရစ်ကိုသွားတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါဟာ Frederic Arnault ရဲ့မွေးနေ့တစ်ဝိုက်မှာLisa က ပဲရစ်မှအချိန်ဖြုန်းခဲ့တာကြောင့် အားလုံးကခုလိုထင်ကြေးပေးခဲ့ကြတာပါ။

Lisa ဟာ ပဲရစ်မှာရှိတဲ့ Celine စတိုးမှာ နိုဝင်ဘာလ ၇ ရက်ဝန်းကျင်က ဈေးဝယ်နေခဲ့တာတွေ့ရပါတယ်။နိုဝင်ဘာလ ၇ ရက်နေ့ဟာ Frederic Arnault ရဲ့မွေးနေ့ဖြစ်ပါတယ်။သူတို့နှစ်ဦးအတည်တွဲနေပါပြီဆိုတဲ့သတင်းတွေက ဇူလိုင်လလောက်ကတည်းကအများကြီးထွက်ပေါ်လာခဲ့ပေမယ့် YG Entertainment ကတော့ တရားဝင်ကြေညာချက်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ Lisa အနေနဲ့ YG Entertainment နဲ့စာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စဟာဆွေးနွေးနေဆဲအဆင့်မှာပဲရှိသေးပြီးစာချုပ်ဆက်ချုပ် မချုပ်ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

TAG Heuer ရဲ႕ CEO ျဖစ္သူ Frederic Arnault နဲ႔ Lisa (Black Pink)တို႔ရဲ႕အခ်စ္ေရးေကာလာဟလကေတာ့ ဒီႏွစ္အတြင္းမွာခပ္စိပ္စိပ္ဆိုသလို ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာလည္း Frederic Arnault ရဲ႕ေမြးေန႔ပါတီကိုတက္ေရာက္ဖို႔ Lisa က Private Jet နဲ႔ပဲရစ္ကိုသြားတယ္ဆိုတဲ့သတင္းထြက္ေပၚလာခဲ့ပါတယ္။ ဒါဟာ Frederic Arnault ရဲ႕ေမြးေန႔တစ္ဝိုက္မွာLisa က ပဲရစ္မွအခ်ိန္ျဖဳန္းခဲ့တာေၾကာင့္ အားလုံးကခုလိုထင္ေၾကးေပးခဲ့ၾကတာပါ။

Lisa ဟာ ပဲရစ္မွာရွိတဲ့ Celine စတိုးမွာ ႏိုဝင္ဘာလ ၇ ရက္ဝန္းက်င္က ေဈးဝယ္ေနခဲ့တာေတြ႕ရပါတယ္။ႏိုဝင္ဘာလ ၇ ရက္ေန႔ဟာ Frederic Arnault ရဲ႕ေမြးေန႔ျဖစ္ပါတယ္။သူတို႔ႏွစ္ဦးအတည္တြဲေနပါၿပီဆိုတဲ့သတင္းေတြက ဇူလိုင္လေလာက္ကတည္းကအမ်ားႀကီးထြက္ေပၚလာခဲ့ေပမယ့္ YG Entertainment ကေတာ့ တရားဝင္ေၾကညာခ်က္ထုတ္ျပန္တာမ်ိဳးမရွိေသးပါဘူး။ Lisa အေနနဲ႔ YG Entertainment နဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ကိစၥဟာေဆြးေႏြးေနဆဲအဆင့္မွာပဲရွိေသးၿပီးစာခ်ဳပ္ဆက္ခ်ဳပ္ မခ်ဳပ္ဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*