ဒေါ်လာ ဆယ်သန်းနဲ့ အိန္ဒိယအချမ်းသာဆုံးမင်္ဂလာပွဲမှာ ဖျော်ဖြေခဲ့တဲ့ ဂျက်စတင်ဘီဘာ

အဆိုတော်ဂျက်စတင်ဘီဘာက အိန္ဒိယအချမ်းသာဆုံးရဲ့သားဖြစ်သူ မင်္ဂလာပွဲမှာသောကြာနေ့က ဒေါ်လာ ဆယ်သန်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။
မွမ်းဘိုင်းမှာ Anant Ambani ရဲ့ မင်္ဂလာပွဲအကြိုအခမ်းအနားမှာ ဖျော်ဖြေဖို့ ဒေါ်လာ ၁၀သန်းရရှိခဲ့တယ်လို့ သတင်းများအရသိရပါတယ်။
အသက် ၃၀ အ ပေါ့ပ်ကြယ်ပွင့်က အိန္ဒိယအချမ်းသာဆုံးသူဌေးကြီး အမ်ဘာနီရဲ့သားဖြစ်သူမင်္ဂလာအကြိုပွဲမှာ သီချင်းပေါင်း ၁၀ပုဒ်ကျော်ကိုသီဆိုဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။

မင်္ဂလာပွဲကုန်ကျစရိတ်ခန့်မှန်းချေ ဒေါ်လာသန်း ၃၀၀ အကုန်အကျခံထားတဲ့ မင်္ဂလာအကြိုပွဲမှာဘီဘာက သတို့သားနဲ့သတို့သမီးလောင်းတို့နဲ့အတူ ဖျော်ဖြေပွဲဓာတ်ပုံများကို စနေ့နေ့မှာသူ့ရဲ့အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။အမ်ဘာနီက အာရှတိုက်မှာအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် Forbes မဂ္ဂဇင်းက ဖော်ပြထားပါတယ်။သူတို့မိသားစုက ဇူလိုင်လ ၁၂ရက်နေ့ မင်္ဂလာပွဲအတွက်ပြင်ဆင်နေတာ လနဲ့ချီကြာနေပါပြီ။မတ်လမှာကျင်းပခဲ့တဲ့ အကြိုမင်္ဂလာပွဲမှာ ဒေါ်လာ ၆သန်းနဲ့ ရီဟားနားဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလမှာ မင်္ဂလာအကြိုပွဲတခုပြုလုပ်ခဲ့ပြီး အီတလီကနေပြင်သစ်ကို သုံးရက်ကြာအပျော်စီးသင်္ဘောခရီးဖြင့် ဆွေမျိုးများနဲ့အတူ နာမည်ကျော်များစွာ ဖိတ်ကြားခဲ့ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*