Cinderella at 2AM မှာတွဲဖက်သရုပ်ဆောင်မယ့် ရှင်ယွန်းဘင်နဲ့ မွန်ဆမ်မင်

Under the Queen’s Umbrella၊ Duty After School၊ My Name စတဲ့ဇာတ်လမ်းတွဲတွေနဲ့ပရိသတ်အားပေးမှုရလာခဲ့တဲ့ မင်းသားမွန်ဆမ်မင်နဲ့ Hospital Playlist ထဲကသရုပ်ဆောင်မင်းသမီးရှင်ယွန်းဘင် တို့ဟာအချစ်ဟာသဇာတ်လမ်းတွဲတစ်ခုမှာအတူတွဲဖက်သရုပ် ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။ဒီဇာတ်လမ်းတွဲမှာမင်းသမီးရှင်ယွန်းဘင်က လက်တွေ့ဆန်ပြီးစင်ဒရဲလားလိုဇာတ်လမ်းမျိုးယုံကြည်မှုမရှိတဲ့စွမ်းဆောင်ရည်မြင့်မားတဲ့အဖွဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။

သူမရဲ့ချစ်သူဟာ အလွန်ချမ်းသာတဲ့သူဌေးမိသားစုရဲ့တတိယမျိုးဆက်မှန်းသိရတဲ့အခါချစ်သူရဲ့အမေကပေးတဲ့ငွေတွေကို ပြောင်ပြောင် တင်းတင်းလက်ခံပြီး လမ်းခွဲဖို့ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။မွန်ဆမ်မင်ကတော့ အပြစ်ကင်းတဲ့ချစ်သူကောင်လေးအဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ရှင်ယွန်းဘင်နဲ့အတွေးမတူဘဲအချစ်ကိုသာကိုးစားတဲ့ကောင်လေးဖြစ်ပြီးလမ်းခွဲဖို့ကြိုးစားနေတဲ့ရှင်ယွန်းဘင်ရဲ့ စိတ်ကိုလည်းပြောင်းလဲအောင်ကြိုးစားနေသူဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့အပေးအယူမျှမျှသရုပ်ဆောင်ချက်တွေနဲ့ဇာတ်လမ်းတွဲကိုအောင်မြင်အောင်ကြိုးစားသွားမယ်လို့ နှစ်ဦးစလုံးကပြောထားကြပြီး Cinderella at 2AM ကို ဒီနှစ်စက်တင်ဘာလလောက်မှာပြသနိုင်ဖို့ လျာထားကြပါတယ်။

Ju Ju

zawgyi

Under the Queen’s Umbrella၊ Duty After School၊ My Name စတဲ့ဇာတ္လမ္းတြဲေတြနဲ႔ပရိသတ္အားေပးမႈရလာခဲ့တဲ့ မင္းသားမြန္ဆမ္မင္နဲ႔ Hospital Playlist ထဲကသ႐ုပ္ေဆာင္မင္းသမီးရွင္ယြန္းဘင္ တို႔ဟာအခ်စ္ဟာသဇာတ္လမ္းတြဲတစ္ခုမွာအတူတြဲဖက္သ႐ုပ္ ေဆာင္မွာျဖစ္တယ္လို႔သိရပါတယ္။ဒီဇာတ္လမ္းတြဲမွာမင္းသမီးရွင္ယြန္းဘင္က လက္ေတြ႕ဆန္ၿပီးစင္ဒရဲလားလိုဇာတ္လမ္းမ်ိဳးယုံၾကည္မႈမရွိတဲ့စြမ္းေဆာင္ရည္ျမင့္မားတဲ့အဖြဲ႕ေခါင္းေဆာင္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။

သူမရဲ႕ခ်စ္သူဟာ အလြန္ခ်မ္းသာတဲ့သူေဌးမိသားစုရဲ႕တတိယမ်ိဳးဆက္မွန္းသိရတဲ့အခါခ်စ္သူရဲ႕အေမကေပးတဲ့ေငြေတြကို ေျပာင္ေျပာင္ တင္းတင္းလက္ခံၿပီး လမ္းခြဲဖို႔ဆုံးျဖတ္ခဲ့သူျဖစ္ပါတယ္။မြန္ဆမ္မင္ကေတာ့ အျပစ္ကင္းတဲ့ခ်စ္သူေကာင္ေလးအျဖစ္သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။ရွင္ယြန္းဘင္နဲ႔အေတြးမတူဘဲအခ်စ္ကိုသာကိုးစားတဲ့ေကာင္ေလးျဖစ္ၿပီးလမ္းခြဲဖို႔ႀကိဳးစားေနတဲ့ရွင္ယြန္းဘင္ရဲ႕ စိတ္ကိုလည္းေျပာင္းလဲေအာင္ႀကိဳးစားေနသူျဖစ္ပါတယ္။သူတို႔ႏွစ္ဦးရဲ႕အေပးအယူမွ်မွ်သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ဇာတ္လမ္းတြဲကိုေအာင္ျမင္ေအာင္ႀကိဳးစားသြားမယ္လို႔ ႏွစ္ဦးစလုံးကေျပာထားၾကၿပီး Cinderella at 2AM ကို ဒီႏွစ္စက္တင္ဘာလေလာက္မွာျပသႏိုင္ဖို႔ လ်ာထားၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*