စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ဉာဏ်သွေး (EQ) ရှိသူတွေမှာတွေ့ရတဲ့ အချက် (၅)ခု

Emotional Intelligence (EI) လို့ခေါ်ကြတဲ့ စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးဆိုတာတခြားသူများကို အသိအမှတ်ပြုတာ၊ နားလည်တာ၊ စီမံခန့်ခွဲတာနဲ့ ထိရောက်တဲ့လုပ်ဆောင်စွမ်းကို ရည်ညွှန်းကြပါတယ်။ ဒီအချက်က တဦးတယောက်ချင်းစီရဲ့အောင်မြင်မှုအတွက် အရေးကြီးတဲ့ အရည်အချင်းလိုအပ်ချက်တခုလည်းဖြစ်ပါတယ်။စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားသူတွေမှာ ဒီအချက်တွေကိုတွေ့နိုင်ပါတယ်။

တက်ကြွစွာ နားထောင်ခြင်း

စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူတစ်ဦးက တခြားသူများကို အာရုံစိုက်ပြီးစာနာစိတ်နဲ့ နားထောင်ပေးတတ်ကြပါတယ်။ ဒါက EQ ကောင်းတယ်လို့ ခေါ်ကြပါတယ်။တချို့တွေက စကားပြောတဲ့အခါ သူတို့ပဲပြောချင်ကြပြီး နားထောင်တဲ့အခါ စိတ်ပါသလို၊မပါသလိုနဲ့ ပေါ့ပျက်ပျက်နားထောင်ကြပါတယ်။ ဒါမျိုးဆိုရင်တော့ EQ မကောင်းဘူးလို့သတ်မှတ်ကြပါတယ်။

စာနာမှု

သူတို့ကိုယ်သူတို့ တခြားသူတွေရဲ့ ဖိနပ်ထဲမှာ ထည့်ထားနိုင်ကြတယ်။ ဆိုလိုချင်တာကတော့သူတို့က နှိမ့်ချစွာနေတတ်ကြပါတယ်။ သူတို့က ခံစားချက်တွေကိုနားလည်ပေးပြီးမျှဝေခံစားပေးကြတယ်။ ပြီးတော့ လူမှုဆက်ဆံရေးမှာ ခိုင်မာအောင်တည်ဆောက်နိုင်ကြတယ်။

မိမိကိုယ်ကို ထိန်းညှိတာ

စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူများက သူတို့ရဲ့စိတ်ကို ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ကြပါတယ်။ ဒေါသထွက်ရမယ့်ကိစ္စမျိုးဆိုရင်လည်းအကောင်းဆုံးကိုင်တွယ်နိုင်ကြပါတယ်။ စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေမှာဆင်ခြင်တုံတရားနဲ့ ပေါင်းစပ်ပြီး နေ ထိုင်နိုင်ကြပါတယ်။

ပဋိပက္ခဖြေရှင်းတာ

EQ ကောင်းတဲ့သူတွေက ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ထူးချွန်ကြပါတယ်။ သူတို့ကတခုခုကိုစိတ်အေးအေးထားပြီးအကောင်း ဆုံးအဖြေကိုရှာဖွေနိုင်ကြပါတယ်။ဒေါသကိုရှေ့တန်းတင်တာမျိုး၊ စိတ်လက်မာန်ပါလုပ်လိုက်တာမျိုးတွေသူတို့ဆီမှာမတွေ့ရပါဘူး။

လှုံ့ဆော်မှု

စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူတွေက ကိုယ့်ကိုယ်ကိုယ်လှုံ့ဆော်ပေးကြပြီးရည်မှန်းချက်များ အောင်မြင်စေဖို့ လုပ် ဆောင်နိုင်ကြပါတယ်။ သူတို့ရဲ့နေ့စဉ်ဘဝမှာကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပြီး ကြိုးစားတည်ဆောက်ကြပါတယ်။နေ့စဉ်ဘဝမှာ စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးက အဓိကကျပါတယ်။ IQ ထက် EQကောင်းတာက လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်နိုင်တယ်ဆိုတဲ့ သုတေသနပြုချက်တွေလည်းရှိလာပါတယ်။ ဒါကြောင့် EQ က ဘဝအောင်မြင်ဖို့အတွက် မရှိမဖြစ်အရည်အချင်းတခုဖြစ်ပါတယ်။

MYit

zawgyi




စာနာမှု




ပဋိပက္ခဖြေရှင်းတာ


လှုံ့ဆော်မှု


MYit

Be the first to comment

Leave a Reply

Your email address will not be published.


*