ဝေလမင်းသားဝီလျံပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုကိုရရှိခဲ့တဲ့ Emilia Clarke

Game of thrones မင်းသမီး Emilia Clarke နဲ့ သူမရဲ့မိခင်တို့ဟာ ဦးနှောက်ထိခိုက်တဲ့ဝေဒနာရှင်များ၊ လေဖြတ်ဝေဒနာရှင်များအတွက်ရည်ရွယ်ပြီး ပရဟိတလုပ်ငန်းကိုတည်ထောင်လိုက်တဲ့အတွက် ဂုဏ်ထူးဆောင်ဆုကိုရရှိခဲ့ပါတယ်။သူမနဲ့မိခင်ဖြစ်သူကို ဝေလမင်းသားဝီလျံနဲ့တခြားသောတော်ဝင်မိသားစုတွေက အခမ်းအနားကိုဖိတ်ကြားပြီးဆုအမှတ်တံဆပ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။”ဒီ‌ဆုကိုရလို့ ဝမ်းသာပါတယ်။ ပိုပြီးအရေးကြီးတာက Brain Injury ကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေကို လူတွေသိတာနည်းတယ်။ ဒါ့ကြောင့် ဒီအလှူကိုလုပ်ဖြစ်တာပါ”လို့ မင်းသမီး Emilia Clarke ရဲ့အမေ Jennifer ကပြောခဲ့ပါတယ်။

ဆုနဲ့ပတ်သက်ပြီး “ဒီလို အမှတ်တံဆိပ်လေးပေးလိုက်တော့ လူတွေက ဪ သူဘာကြောင့်ဂုဏ်ထူးဆောင်ဆုရတာလဲဆိုတာကိုစိတ် ဝင် စားပြီး Brain Injury အကြောင်းကို ပိုမိုသိရှိသွားဖို့မျှော်လင့်ပါတယ်” လို့ Emilia Clarke ကဖွင့်ဟခဲ့ပါတယ်။Emilia Clarke ဟာလည်း ၂၀၁၁ နဲ့ ၂၀၁၃ ခုနစ်တွေမှာ “သွေးပြန်ကြောတွင်ပုံမှန်မဟုတ်‌သောဘောလုံးများဖွဲ့စည်းခြင်း”ဝေဒနာကို နှစ်ကြိမ်ခံစားခဲ့ရဖူးသူဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*