လူအများရှေ့မှာ စကားပြောရတာ ကြောက်တဲ့စိတ်ကို ကျော်လွှားနည်း (၇)ခု

သင်က လူအများရှေ့မှာ၊ စင်ပေါ်မှာ စကားပြောဖို့ကြောက်တဲ့သူပါလား။ဒါကသင်တယောက်ထဲတော့ မဟုတ်ပါဘူး။ လူတော်တော်များများက စင်ကြောက်ပြီးတော့၊အများရှေ့မှာစကားပြောဖို့ ကြောက်တတ်ကြပါတယ်။ဒီကြောက်စိတ်က စိန်ခေါ်မှုတရပ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကြောက်စိတ်ကိုကျော်လွှားဖို့ဘာတွေလုပ်ဖို့လိုမလဲဆိုတာကို အကြံပြုပေးချင်ပါတယ်။

ပြီးပြည့်စုံမှုကို မမျှော်လင့်ပါနဲ့

ကိုယ်က လူအများရှေ့မှာ စကားပြောပြီဆိုရင် ကိုယ့်ဘက်က အားလုံးအဆင်ပြေချောမွေ့ပြီးပြီးပြည့်စုံလိုက်မယ်ဆိုတဲ့ ခံစားချက်မျိုးကို ထည့်မထားပါနဲ့။ ဒီစိတ်ခံစားချက်ကကိုယ့်ကိုစိုးရိမ်ပူပန်မှု တိုးမြှင့်စေပါတယ်။ ဒီအချက်က လက်တွေ့မကျတဲ့အချက်ဖြစ်တာကြောင့်ဒီလိုမျှော်မှန်းမယ့်အစား ကိုယ့်ရဲ့တိုးတက်မှုတွေကို ဂုဏ်ပြုပြီးတော့စဉ်ဆက်မပြတ်လေ့လာသင်ယူဖို့ အခွင့်အလမ်းရှာပါ။ တခြာသူများရှေ့မှာ စကားပြောဖို့အခွင့်အရေးရတိုင်းမှာ လေ့ကျင့်သင့်ပါတယ်။ တခါတလေ အဆင်မပြေတဲ့အခါမှာခဏရပ်လိုက်ပါ။ ပြီးရင်ရှေ့ဆက်ပြီးပြောပါ။

သင်ကိုယ်တိုင်ဖြစ်ပါစေ

ဒီအချက်ကတော့ သင်က ဘယ်သူစကားပြောတာကိုမှ လိုက်တုစရာမလိုပါဘူး။ သင်ကသင်ပဲဖြစ်နေဖို့ လိုအပ်တာပါ။ တယောက်နဲ့တယောက် လေယူလေသိမ်း၊စကားပြောပုံဆိုပုံတွေမတူညီနိုင်ပါဘူး။ သင်က သင်ကိုယ်တိုင်ပဲ သဘာဝကျကျပြောဖို့ဆိုလေ့ကျင့်ပါ။ တခြားသူတွေရဲ့ စကားပြောဟန်တွေကို တုပတာကသင့်အတွက်ပိုခက်ခဲစေနိုင်ပါတယ်။ ကိုယ့်ပုံစံအမှန်တိုင်းရှိရတာကကိုယ့်အတွက်ပိုပြီးသက် သောင့်သက်သာဖြစ်စေပါတယ်။

ရည်ရွယ်ချက်ကို သတိရပါ

တင်ဆက်တာ၊ ရောင်းချတာစတဲ့ အကြောင်းပြချက်တခုခုနဲ့ လူအများရှေ့မှာစကားပြောဆိုနေတာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အဓိကရည်ရွယ်ချက်ကိုသာ အာရုံစိုက်ပါ။ကိုယ့်ရဲ့အတွေ့အကြုံတွေ၊ ကိုယ်ရှာဖွေတွေ့ရှိထားတာတွေ၊ ကိုယ်သိထားတာတွေကိုမျှဝေဖို့အတွက် ဒီနေရာကိုရောက်နေတယ်ဆိုတာကို သတိရပါ။ ဒီလိုဆိုရင်သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို လျော့နည်းသွားနိုင်ပါတယ်။

ပြင်ဆင်ပြီး လေ့ကျင့်ပါ

လူအများရှေ့မှာ သက်သောင့်သက်သာရှိစေဖို့ အကောင်းဆုံးနည်းလမ်းကတော့လေ့ကျင့်တာပါပဲ။ ဒီလိုများများလေ့ကျင့်လေ ကိုယ့်အ တွက်လွယ်ကူစေပါပဲ။ကိုယ်မျှော်လင့်ထားတဲ့ မေးခွန်းတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ ကိုယ့်ရဲ့ကိုယ်နေဟန်ထားကိုလည်း လေ့ကျင့်လို့ရနိုင်ပါတယ်။ လေ့ကျင့်တာက သင့်ရဲ့စိုးရိမ်မှုကိုလျော့ပါးစေပါတယ်။

သင့်လုပ်ဖော်ကိုင်ဖက်များကို အသိပေးပါ

သင်က စင်ကြောက်တာ၊ လူအများရှေ့မှာ စကားပြောဆိုရတာကိုကြောက်စိတ်ရှိတယ်ဆိုတာကိုအသိပေးပါ။ သူတို့ဆီကနေ အကြံဉာဏ်တောင်းပါ။ သူတို့ဆီကစကားပြောစွမ်းရည်ဆိုင်ရာအကြံပြုချက်များကို သင့်အဖွဲ့ဆီကနေတောင်းခံနိုင်ပါတယ်။

မျက်လုံးချင်းဆုံပါ

အများရှေ့မှာစကားပြောတဲ့အခါ မျက်လုံးချင်းဆုံပြီးပြောပါ။ လူတွေက သင့်ရဲ့စကားတွေကိုအာရုံစိုက်ပြီးနားထောင်နေတာက သင့်အ တွက် ယုံကြည်မှုတိုးစေပါတယ်။

အတန်းတက်ပါ

စနစ်တကျသင်ယူခြင်းကလည်း ကောင်းမွန်တဲ့ ရလဒ်ကိုဖြစ်စေပါတယ်။လူအများရှေ့မှာစကားပြောနည်း၊ စင်မြင့်ပေါ်မှာ စကားပြောနည်းတွေကိုသင်တန်းတွေရှိပါတယ်။ ဒီလိုသင်တန်းတွေကိုစနစ်တကျတက်တာကလည်း သင့်အတွက်အထောက်အကူဖြစ်စေပါတယ်။
အထက်ပါအချက်တွေက သင့်အတွက်အကျိုးဖြစ်စေလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

MYit

zawgyi

သင္က လူအမ်ားေရွ႕မွာ၊ စင္ေပၚမွာ စကားေျပာဖို႔ေၾကာက္တဲ့သူပါလား။ဒါကသင္တေယာက္ထဲေတာ့ မဟုတ္ပါဘူး။ လူေတာ္ေတာ္မ်ားမ်ားက စင္ေၾကာက္ၿပီးေတာ့၊အမ်ားေရွ႕မွာစကားေျပာဖို႔ ေၾကာက္တတ္ၾကပါတယ္။ဒီေၾကာက္စိတ္က စိန္ေခၚမႈတရပ္ပဲျဖစ္ပါတယ္။ ဒါေပမဲ့ ဒီေၾကာက္စိတ္ကိုေက်ာ္လႊားဖို႔ဘာေတြလုပ္ဖို႔လိုမလဲဆိုတာကို အႀကံျပဳေပးခ်င္ပါတယ္။

ၿပီးျပည့္စုံမႈကို မေမွ်ာ္လင့္ပါနဲ႔

ကိုယ္က လူအမ်ားေရွ႕မွာ စကားေျပာၿပီဆိုရင္ ကိုယ့္ဘက္က အားလုံးအဆင္ေျပေခ်ာေမြ႕ၿပီးၿပီးျပည့္စုံလိုက္မယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးကို ထည့္မထားပါနဲ႔။ ဒီစိတ္ခံစားခ်က္ကကိုယ့္ကိုစိုးရိမ္ပူပန္မႈ တိုးျမႇင့္ေစပါတယ္။ ဒီအခ်က္က လက္ေတြ႕မက်တဲ့အခ်က္ျဖစ္တာေၾကာင့္ဒီလိုေမွ်ာ္မွန္းမယ့္အစား ကိုယ့္ရဲ႕တိုးတက္မႈေတြကို ဂုဏ္ျပဳၿပီးေတာ့စဥ္ဆက္မျပတ္ေလ့လာသင္ယူဖို႔ အခြင့္အလမ္းရွာပါ။ တျခာသူမ်ားေရွ႕မွာ စကားေျပာဖို႔အခြင့္အေရးရတိုင္းမွာ ေလ့က်င့္သင့္ပါတယ္။ တခါတေလ အဆင္မေျပတဲ့အခါမွာခဏရပ္လိုက္ပါ။ ၿပီးရင္ေရွ႕ဆက္ၿပီးေျပာပါ။

သင္ကိုယ္တိုင္ျဖစ္ပါေစ

ဒီအခ်က္ကေတာ့ သင္က ဘယ္သူစကားေျပာတာကိုမွ လိုက္တုစရာမလိုပါဘူး။ သင္ကသင္ပဲျဖစ္ေနဖို႔ လိုအပ္တာပါ။ တေယာက္နဲ႔တေယာက္ ေလယူေလသိမ္း၊စကားေျပာပုံဆိုပုံေတြမတူညီႏိုင္ပါဘူး။ သင္က သင္ကိုယ္တိုင္ပဲ သဘာဝက်က်ေျပာဖို႔ဆိုေလ့က်င့္ပါ။ တျခားသူေတြရဲ႕ စကားေျပာဟန္ေတြကို တုပတာကသင့္အတြက္ပိုခက္ခဲေစႏိုင္ပါတယ္။ ကိုယ့္ပုံစံအမွန္တိုင္းရွိရတာကကိုယ့္အတြက္ပိုၿပီးသက္ ေသာင့္သက္သာျဖစ္ေစပါတယ္။

ရည္႐ြယ္ခ်က္ကို သတိရပါ

တင္ဆက္တာ၊ ေရာင္းခ်တာစတဲ့ အေၾကာင္းျပခ်က္တခုခုနဲ႔ လူအမ်ားေရွ႕မွာစကားေျပာဆိုေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕အဓိကရည္႐ြယ္ခ်က္ကိုသာ အာ႐ုံစိုက္ပါ။ကိုယ့္ရဲ႕အေတြ႕အႀကဳံေတြ၊ ကိုယ္ရွာေဖြေတြ႕ရွိထားတာေတြ၊ ကိုယ္သိထားတာေတြကိုမွ်ေဝဖို႔အတြက္ ဒီေနရာကိုေရာက္ေနတယ္ဆိုတာကို သတိရပါ။ ဒီလိုဆိုရင္သင့္ရဲ႕စိုးရိမ္ပူပန္မႈေတြကို ေလ်ာ့နည္းသြားႏိုင္ပါတယ္။

ျပင္ဆင္ၿပီး ေလ့က်င့္ပါ

လူအမ်ားေရွ႕မွာ သက္ေသာင့္သက္သာရွိေစဖို႔ အေကာင္းဆုံးနည္းလမ္းကေတာ့ေလ့က်င့္တာပါပဲ။ ဒီလိုမ်ားမ်ားေလ့က်င့္ေလ ကိုယ့္အ တြက္လြယ္ကူေစပါပဲ။ကိုယ္ေမွ်ာ္လင့္ထားတဲ့ ေမးခြန္းေတြအတြက္လည္း ႀကိဳတင္ျပင္ဆင္ထားႏိုင္ပါတယ္။ ကိုယ့္ရဲ႕ကိုယ္ေနဟန္ထားကိုလည္း ေလ့က်င့္လို႔ရႏိုင္ပါတယ္။ ေလ့က်င့္တာက သင့္ရဲ႕စိုးရိမ္မႈကိုေလ်ာ့ပါးေစပါတယ္။

သင့္လုပ္ေဖာ္ကိုင္ဖက္မ်ားကို အသိေပးပါ

သင္က စင္ေၾကာက္တာ၊ လူအမ်ားေရွ႕မွာ စကားေျပာဆိုရတာကိုေၾကာက္စိတ္ရွိတယ္ဆိုတာကိုအသိေပးပါ။ သူတို႔ဆီကေန အႀကံဉာဏ္ေတာင္းပါ။ သူတို႔ဆီကစကားေျပာစြမ္းရည္ဆိုင္ရာအႀကံျပဳခ်က္မ်ားကို သင့္အဖြဲ႕ဆီကေနေတာင္းခံႏိုင္ပါတယ္။

မ်က္လုံးခ်င္းဆုံပါ

အမ်ားေရွ႕မွာစကားေျပာတဲ့အခါ မ်က္လုံးခ်င္းဆုံၿပီးေျပာပါ။ လူေတြက သင့္ရဲ႕စကားေတြကိုအာ႐ုံစိုက္ၿပီးနားေထာင္ေနတာက သင့္အ တြက္ ယုံၾကည္မႈတိုးေစပါတယ္။

အတန္းတက္ပါ

စနစ္တက်သင္ယူျခင္းကလည္း ေကာင္းမြန္တဲ့ ရလဒ္ကိုျဖစ္ေစပါတယ္။လူအမ်ားေရွ႕မွာစကားေျပာနည္း၊ စင္ျမင့္ေပၚမွာ စကားေျပာနည္းေတြကိုသင္တန္းေတြရွိပါတယ္။ ဒီလိုသင္တန္းေတြကိုစနစ္တက်တက္တာကလည္း သင့္အတြက္အေထာက္အကူျဖစ္ေစပါတယ္။
အထက္ပါအခ်က္ေတြက သင့္အတြက္အက်ိဳးျဖစ္ေစလိမ့္မယ္လို႔ ယုံၾကည္ေမွ်ာ္လင့္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*