ကံကောင်းခြင်း သင်္ကေတများနဲ့ လက္ခဏာများ (အပိုင်း ၅)

ကံကောင်းခြင်းဆိုတာ တကယ်ရှိပါတယ်။ ဒါကိုသင်လက်ခံယုံကြည်ထားရပါမယ်။အဲဒီလိုလက်ခံယုံကြည်ထားမှလည်း သင့်ဆီကို ကံ ကောင်းမှုတွေကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီးခံစားရတဲ့အချိန်တွေရှိလာပါလိမ့်မယ်။ လူတွေကတချိန်လုံး ကံဆိုးမနေနိုင်တာပါဘူး။ ကံကောင်းခြင်းမှာ သင်္ကေတတွေ၊လက္ခဏာတွေရှိတတ်ပါတယ်။ အဲဒါက ပုံစံမျိုးစုံနဲ့ ကိုယ်အနားမှာ နိမိတ်ပြတတ်ပါတယ်။ကံ ကောင်းစေဖို့အတွက် ပထမဆုံးလုပ်ရမယ့်အချက်ကတော့ အဆိုးမြင်စိတ်တွေ၊အတွေးတွေကို ကိုယ့်စိတ်ထဲကနေ မောင်းထုတ်တာပါပဲ။ ကောင်းမွန်တဲ့အရာ၊ကံကောင်းခြင်းတွေ ကိုယ့်ဆီကိုလာနေပြီလို့ တွေးကြည့်ပါ။ သဘာဝတရားတွေ၊ အပင်တွေ၊အင်ဆက်ပိုးမွှားတွေ၊ တိရစ္ဆာန်တွေစတဲ့အရာတွေကနေ ကံကောင်းခြင်းသင်္ကေတတွေတွေ့ရနိုင်ပါတယ်။ တချို့ကလည်း အရာဝတ္တုတွေ၊ နံပါတ်တွေ၊ အိပ်မက်တွေ၊သဘာဝဖြစ်ရပ်တွေ၊ အရောင်တွေနဲ့ တွေ့မြင်ရတတ်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာတဝန်းကကံကောင်းစေတဲ့ နမိတ်လက္ခဏာတွေကို အပိုင်း (၅)အနေနဲ့ ပြောပြချင်ပါတယ်။နောက်အပိုင်းတွေမှာ ဘယ်အရာတွေက ကံကောင်းခြင်းနိမိတ်တွေဖြစ်မလဲဆိုတာဆက်ဖတ်ကြည့်ဖို့ မမေ့နဲ့နော်။

North Star

North Star ကို Nautical Star ဟုလည်းလူသိများပြီး ပင်လယ်ပြင်ရှိ နဲ့သင်္ဘောသားများခရီးသွားများအတွက် လမ်းညွှန်မှုပေးပါတယ်။

Evil Eyes

Evil Eyes က ယဉ်ကျေးမှုများစွာတွင် ကျော်ကြားပါတယ်။ သူ့ကို မကောင်းမှုတွေကကင်းဝေးစေတဲ့ အဆောင်လက်ဖွဲ့၊ လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်ကြပြီး အိမ်တဝိုက်မှာရေးဆွဲထားလေ့ရှိပါတယ်။ ဒါကို အစွမ်းထက်တဲ့ အဆောင်လက်ဖွဲ့အဖြစ် ယုံကြည်ရပြီးမြေထဲပင် လယ်နိုင်ငံများတွင် တွေ့ရများပါတယ်။

Lucky 7

ဂဏန်းနံပါတ် ၇ကို ဘာသာတရားများစွာက ကံကောင်းစေတဲ့ဂဏန်းအဖြစ်သတ်မှတ်ထားကြပါတယ်။ ဒီနံပါတ်က လက်ဆောင်များ၊ ကံကောင်းခြင်းများ၊ဂုဏ်အသရေနဲ့ ခွန်အားများရရှိစေတယ်လို့ ယုံကြည်ထားကြပါတယ်။

ကြယ်ကြွေတာ

ကြယ်ကြွေတာကို မြင်ရတဲ့သူက ကံကောင်းတယ်၊ ဆုတောင်းပြည့်တယ်ဆိုပြီးယုံကြည်မှုရှိကြပါတယ်။ ကြယ်များက ဆန္ဒပြည့်ဖို့ ဖန်တီးထားတယ်လို့ ယုံကြည်ကြပါတယ်။တကယ်လို့သင်က ကောင်းကင်ကိုမော့ကြည့်တဲ့အခါ ကြယ်တွေတာကို တွေ့တယ်ဆိုရင်သင့်ရဲ့အဖြစ်ချင်ဆုံးဆန္ဒကို စကြာဝဠာဆီကို ပို့လွှတ်ပေးလိုက်ပါ။

နီလာ

နီလာကို ရှေးခေတ်ကတည်းက ကံကောင်းစေတယ်လို့ အယုံအကြည်ရှိကြပါတယ်။ နီလာကိုဝတ်ဆင်တာက ဘုရားတွေကိုဂုဏ်ပြုတယ်ဆိုပြီး ဂရိတွေက ယုံကြည်ထားကြပါတယ်။ရှေးခေတ်အလယ်ပိုင်းက ယဉ်ကျေးမှုတချို့မှာ နီလာက သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ကြပါတယ်။ နီလာက စက်တင်ဘာလတွေအတွက်အဆောင်ကျောက်ဖြစ်ပြီး ကံကောင်းစေပါတယ်။

MYit

zawgyi

ကံေကာင္းျခင္းဆိုတာ တကယ္ရွိပါတယ္။ ဒါကိုသင္လက္ခံယုံၾကည္ထားရပါမယ္။အဲဒီလိုလက္ခံယုံၾကည္ထားမွလည္း သင့္ဆီကို ကံ ေကာင္းမႈေတြကဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာၿပီးခံစားရတဲ့အခ်ိန္ေတြရွိလာပါလိမ့္မယ္။ လူေတြကတခ်ိန္လုံး ကံဆိုးမေနႏိုင္တာပါဘူး။ ကံေကာင္းျခင္းမွာ သေကၤတေတြ၊လကၡဏာေတြရွိတတ္ပါတယ္။ အဲဒါက ပုံစံမ်ိဳးစုံနဲ႔ ကိုယ္အနားမွာ နိမိတ္ျပတတ္ပါတယ္။ကံ ေကာင္းေစဖို႔အတြက္ ပထမဆုံးလုပ္ရမယ့္အခ်က္ကေတာ့ အဆိုးျမင္စိတ္ေတြ၊အေတြးေတြကို ကိုယ့္စိတ္ထဲကေန ေမာင္းထုတ္တာပါပဲ။ ေကာင္းမြန္တဲ့အရာ၊ကံေကာင္းျခင္းေတြ ကိုယ့္ဆီကိုလာေနၿပီလို႔ ေတြးၾကည့္ပါ။ သဘာဝတရားေတြ၊ အပင္ေတြ၊အင္ဆက္ပိုးမႊားေတြ၊ တိရစာၦန္ေတြစတဲ့အရာေတြကေန ကံေကာင္းျခင္းသေကၤတေတြေတြ႕ရႏိုင္ပါတယ္။ တခ်ိဳ႕ကလည္း အရာဝတၱဳေတြ၊ နံပါတ္ေတြ၊ အိပ္မက္ေတြ၊သဘာဝျဖစ္ရပ္ေတြ၊ အေရာင္ေတြနဲ႔ ေတြ႕ျမင္ရတတ္ပါတယ္။ ဒီေန႔မွာေတာ့ ကမာၻတဝန္းကကံေကာင္းေစတဲ့ နမိတ္လကၡဏာေတြကို အပိုင္း (၅)အေနနဲ႔ ေျပာျပခ်င္ပါတယ္။ေနာက္အပိုင္းေတြမွာ ဘယ္အရာေတြက ကံေကာင္းျခင္းနိမိတ္ေတြျဖစ္မလဲဆိုတာဆက္ဖတ္ၾကည့္ဖို႔ မေမ့နဲ႔ေနာ္။

North Star

North Star ကို Nautical Star ဟုလည္းလူသိမ်ားၿပီး ပင္လယ္ျပင္ရွိ နဲ႔သေဘၤာသားမ်ားခရီးသြားမ်ားအတြက္ လမ္းၫႊန္မႈေပးပါတယ္။

Evil Eyes

Evil Eyes က ယဥ္ေက်းမႈမ်ားစြာတြင္ ေက်ာ္ၾကားပါတယ္။ သူ႔ကို မေကာင္းမႈေတြကကင္းေဝးေစတဲ့ အေဆာင္လက္ဖြဲ႕၊ လက္ဝတ္ရတနာအျဖစ္ ဝတ္ဆင္ၾကၿပီး အိမ္တဝိုက္မွာေရးဆြဲထားေလ့ရွိပါတယ္။ ဒါကို အစြမ္းထက္တဲ့ အေဆာင္လက္ဖြဲ႕အျဖစ္ ယုံၾကည္ရၿပီးေျမထဲပင္ လယ္ႏိုင္ငံမ်ားတြင္ ေတြ႕ရမ်ားပါတယ္။

Lucky 7

ဂဏန္းနံပါတ္ ၇ကို ဘာသာတရားမ်ားစြာက ကံေကာင္းေစတဲ့ဂဏန္းအျဖစ္သတ္မွတ္ထားၾကပါတယ္။ ဒီနံပါတ္က လက္ေဆာင္မ်ား၊ ကံေကာင္းျခင္းမ်ား၊ဂုဏ္အသေရနဲ႔ ခြန္အားမ်ားရရွိေစတယ္လို႔ ယုံၾကည္ထားၾကပါတယ္။

ၾကယ္ေႂကြတာ

ၾကယ္ေႂကြတာကို ျမင္ရတဲ့သူက ကံေကာင္းတယ္၊ ဆုေတာင္းျပည့္တယ္ဆိုၿပီးယုံၾကည္မႈရွိၾကပါတယ္။ ၾကယ္မ်ားက ဆႏၵျပည့္ဖို႔ ဖန္တီးထားတယ္လို႔ ယုံၾကည္ၾကပါတယ္။တကယ္လို႔သင္က ေကာင္းကင္ကိုေမာ့ၾကည့္တဲ့အခါ ၾကယ္ေတြတာကို ေတြ႕တယ္ဆိုရင္သင့္ရဲ႕အျဖစ္ခ်င္ဆုံးဆႏၵကို စၾကာဝဠာဆီကို ပို႔လႊတ္ေပးလိုက္ပါ။

နီလာ

နီလာကို ေရွးေခတ္ကတည္းက ကံေကာင္းေစတယ္လို႔ အယုံအၾကည္ရွိၾကပါတယ္။ နီလာကိုဝတ္ဆင္တာက ဘုရားေတြကိုဂုဏ္ျပဳတယ္ဆိုၿပီး ဂရိေတြက ယုံၾကည္ထားၾကပါတယ္။ေရွးေခတ္အလယ္ပိုင္းက ယဥ္ေက်းမႈတခ်ိဳ႕မွာ နီလာက သဘာဝလြန္စြမ္းအားေတြပိုင္ဆိုင္ထားတယ္လို႔ ယုံၾကည္ၾကပါတယ္။ နီလာက စက္တင္ဘာလေတြအတြက္အေဆာင္ေက်ာက္ျဖစ္ၿပီး ကံေကာင္းေစပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*