ချိန်းတွေ့တယ်လို့ ကောလာဟလတွေ ထွက်နေတဲ့ Kim Soo Hyun နဲ့ Lim Nayoung

မင်းသား Kim Soo Hyun နဲ့ Lim Nayoung တို့က ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီအပေါ်မှာ သူတို့ရဲ့အေဂျင်စီတွေကဖြေရှင်းချက်ကိုယ်စီထုတ်ထားကြပါတယ်။ဇွန်လ ၈ရက်နေ့မှာ မင်းသားက Lim Nayoung နဲ့ပါတီမှာအတူယှဉ်တွဲတွေ့လိုက်ရတဲ့အပေါ်မှာအခုလိုမျိုး ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒီချိန်းတွေ့နေတယ်ဆိုတဲ့ ကောလာဟလတွေကိုအပေါ်မှာ နှစ်ဖက်အေဂျင်စီတွေကတုံ့ပြန်ခဲ့ပါတယ်။

မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ Gold Medalist ကနေပြီးတော့ ဒီသတင်းက လုံးဝအခြေအမြစ်မရှိတဲ့သတင်းဖြစ်တယ်ဆိုတာကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။နောက်ပိုင်းမှာ Lim Nayoung ရဲ့ အေဂျင်စီကလည်း အဆိုပါစွပ်စွဲချက်ကို တုံ့ပြန်ခဲ့ပါတယ်။ဒီဖြစ်ရပ်က သူမရဲ့အသိ မိတ်ဆွေတွေနဲ့ ဒီပါတီပွဲကိုသွားခဲ့ပြီးနောက်မှာ မင်းသားကိုသွားနှုတ်ဆက်ခဲ့တာသပ်သပ်ပဲဖြစ်တယ်လို့ တုံ့ပြန်ခဲ့တာပါ။အင်တာနက်သုံးစွဲသူတွေကြားမှာတော့ ဒီဖြစ်ရပ်က အခုထိငြင်းခုန်နေကြတုန်းပါပဲ။အင်တာနက်သုံးစွဲသူအများစုက ကောလဟာလဖြန့်သူတွကို ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*