သင်ဟာ စတိုင်လ်နဲ့ပတ်သက်ရင် အတုယူစရာတွေကို အမြဲရှာဖွေနေသူတစ်ယောက်လား။မင်းရဲ့ရာသီခွင်နိမိတ်က မင်းရဲ့ဖက်ရှင်ရွေးချယ်မှုကို အနည်းနဲ့အများတော့သက်ရောက်နိုင်တယ်ဆိုတာ သိပါရဲ့လား။ အခုဖော်ပြပေးမယ့် ရာသီခွင်တွေကတော့ဖက်ရှင်နဲ့ပတ်သက်ရင် စတိုင်လ်ကျတဲ့ ရာသီခွင်လေးခုပဲဖြစ်ပါတယ်။
Leo
Leos တွေက သွားလေရာမျာ လူတိုင်းရဲ့ အာရုံစူးစိုက်မှုကို အားစိုက်မထုတ်ရဘဲရလာကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ဖက်ရှင်ရွေးချယ်မှုမှာလည်း ယုံကြည်မှုနဲ့ဆွဲဆောင်မှုတို့ကြောင့် တောက်ပနေတတ်ပါတယ်။ ထည်ဝါတဲ့ ဖက်ရှင်တွေနဲ့စွဲမက်ဖွယ်အသုံးအဆောင်များအထိ လီယိုတွေက အဆုံးအစမရှိတဲ့ ဆွဲဆောင်မှုတွေနဲ့အားလုံးထဲမှာ ထင်းနေတတ်ပါတယ်။
Libra
လှပမှုနဲ့ သဟဇာတဖြစ်မှုအတွက် စိတ်အားထက်သန်တဲ့ ဒီရာသီခွင်တွေက စတိုင်လ်ကျလှပကြပါတယ်။ သူတို့ရဲ့ အဝတ်အထည်ရွေးချယ်မှုကလည်း ဟန်ချက်ညီမှုနဲ့အချိုးအစားကျနတဲ့ အာရုံခံစားမှုကိုပိုင်ဆိုင်ထားပါတယ်။ သူတို့တွေက ခေတ်မီတဲ့ခေတ်ရေးစီးကြောင်းများနဲ့ ဂန္တဝင်ဆန်တဲ့စတိုင်လ်များကို အားစိုက်ထုတ်စရာမလိုဘြဖန်တီးနိုင်တဲ့ အရည်အချင်းရှိပါတယ်။
Scorpio
Scorpios များက သူတို့ရဲ့ သံလိုက်လိုဆွဲဆောင်မှုနဲ့ လူသိများတာကြောင့် ဖက်ရှင်မှာလည်းသူတို့က တခြားသူတွေထက် ထူးခြားပြီး ထင်းနေတယ်ဆိုတာ အထူးပြောဖို့မလိုတော့ပါဘူး။သူတို့က နယ်နိမိတ်တွေကို တွန်းလှန်ပြီး အမှောင်ဘက်ခြမ်းကို ပွေ့ဖက်ဖို့မကြောက်ကြတာကြောင့် ရဲရင့်တဲ့ အရောင်များ၊ ရဲရင့်တဲ့ရွေးချယ်မှုများကိုပြုလုပ်လေ့ရှိပါတယ်။ သူတို့တွေက အများဝတ်လေ့ဝတ်ထရှိတဲ့ ဖက်ရှင်မျိုးမဟုတ်ဘဲထူးခြားတဲ့ဖက်ရှင်တွေကြောင့် အများထဲမှာ ထင်းနေတတ်ပါတယ်။
Pisces
Pisceans တွေက တီထွင်ဖန်တီးမှုနဲ့ စိတ်ကူးစိတ်သန်းကောင်းကို ပိုင်ဆိုင်ထားတာကြောင့်သူတို့ရဲ့ သွင်ပြင်ကလည်း ဆန်းသစ်ပြီး ဆွဲဆောင်မှုရှိကြပါတယ်။ သူတို့ကစိတ်ကူးယဉ်ဆန်တဲ့အရောင်များနဲ့ နူးညံ့မှုကို ထင်ဟပ်စေတဲ့ ဖက်ရှင်များနဲ့ သူတို့ရဲ့ဗီရိုထဲမှာနေရာယူထားတတ်ကြပါတယ်။
MYit
zawgyi
Leo
Libra
Scorpio
Pisces
MYit
Leave a Reply