360-degree feedback ဆိုတာ အလုပ်ရှင်နဲ့ ဝန်ထမ်းရဲ့ လစဉ်၊ နှစ်စဉ် ပုံမှန်ပေးနေကျ feedback ထက်ပိုတဲ့ ဘက်ပေါင်းစုံ၊ ရှုထောင် ပေါင်းစုံက ပေးတဲ့ feedback ကို ခေါ်ပါတယ်။ 360-degree feedbackက ကြီးကြပ်သူများ၊ လုပ်ဖော်ကိုင်ဖက်များ၊လက်အောက် ငယ် သားများနဲ့တစ်ခါတရံမှာ ဖောက်သည်များအပါအဝင် အရင်းအမြစ်များစွာဆီကနေရယူပါတယ်။
360-degree feedback ရဲ့ ကောင်းကျိုးများ
360-degree feedback ရဲ့ ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
– လုပ်ငန်းခွင်မှာ ဘက်လိုက်မှုကို အနိုင်ယူဖို့ သိမ်မွေ့တဲ့ အမြင်များကို ပံ့ပိုးပေးနိုင်ပါတယ်။
– ဌာနဆိုင်ရာများအတွင်း အဖွဲ့လိုက်လုပ်ဆောင်နိုင်စေနိုင်ပါတယ်။
– ဝန်ထမ်းများကို ပိုမိုတန်ဖိုးထားလေးမြတ်မှုနဲ့ အသိအမှတ်ပြုမှုကို ခံစားရစေဖို့ကူညီပေးပါတယ်။
– ဝန်ထမ်းများရဲ့ တာဝန်ခံမှုနဲ့ ကုန်ထုတ်စွမ်းအားကို တိုးတက်စေပါတယ်။
360-degree feedback ရဲ့ အားနည်းချက်များ
360-degree feedback အတွက် အကျိုးကျေးဇူးများစွာရှိပေမဲ့ လျစ်လျူမရှုသင့်တဲ့အရေးကြီးတဲ့ အားနည်းချက်အချို့ ရှိပါသေးတယ်။ 360-degree feedback ဖွဲ့စည်းပုံကိုဖန်တီးတာက စိန်ခေါ်မှုဖြစ်နိုင်ပါတယ်။ ညံ့ဖျင်းတဲ့ ပရိုဂရမ်က အသင်းအဖွဲ့နဲ့ ဝန်ထမ်းများရဲ့စိတ် ဓာတ်ကို ထိခိုက်စေပါတယ်။ 360-degree feedback မှာ အားနည်းချက်များ ရှိပါတယ်။
– ပြိုင်ဆိုင်မှုကို အားပေးပြီး မနာလိုစိတ် ဒါမှမဟုတ် ထိခိုက်နာကျင်စေတဲ့ ခံစားချက်များဖြစ်ပေါ်စေပါတယ်။
– အမည်မဲ့ပေးတဲ့ အဆင့်သတ်မှတ်ချက်များက အဖွဲ့များအပေါ် မလုံခြုံမှုနဲ့ ယုံကြည်မှုကိုထိခိုက်စေနိုင်ပါတယ်။
– အားနည်းချက် ဒါမှမဟုတ် အဆိုးမြင်စိတ်အပေါ် အာရုံစိုက်လွန်းနေတာ
– တစ်ဦးချင်းစီကို တိုးတက်စေဖို့ ဒေတာအသုံးပြုဖို့အတွက် နည်းပြ၊ မန်နေဂျာတွေကနေ follow up နဲ့ ပံ့ပိုးကူညီမှု အားနည်းတာ။
– Feedback စုဆောင်းဖို့ အမည်ဝှက်ထားဖို့နဲ့ အမျိုးအစားခွဲဖို့ အချိန်နဲ့အရင်းအမြစ်များစွာကို ရယူတာ။
ဒီအားသာချက်များနဲ့ အားနည်းချက်များကို ချိန်ညှိတာက 360-degree feedback ကသင့်အဖွဲ့အစည်းအတွက် သင့်လျော်မှုရှိ၊ မရှိ ဆုံးဖြတ်ဖို့ ကူညီပေးနိုင်ပါတယ်။
MYit
zawgyi
360-degree feedback ဆိုတာ အလုပ္ရွင္နဲ႔ ဝန္ထမ္းရဲ႕ လစဥ္၊ ႏွစ္စဥ္ ပုံမွန္ေပးေနက် feedback ထက္ပိုတဲ့ ဘက္ေပါင္းစုံ၊ ရႈေထာင္ ေပါင္းစုံက ေပးတဲ့ feedback ကို ေခၚပါတယ္။ 360-degree feedbackက ႀကီးၾကပ္သူမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ား၊လက္ေအာက္ ငယ္ သားမ်ားနဲ႔တစ္ခါတရံမွာ ေဖာက္သည္မ်ားအပါအဝင္ အရင္းအျမစ္မ်ားစြာဆီကေနရယူပါတယ္။
360-degree feedback ရဲ႕ ေကာင္းက်ိဳးမ်ား
360-degree feedback ရဲ႕ ေကာင္းက်ိဳးေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။
– လုပ္ငန္းခြင္မွာ ဘက္လိုက္မႈကို အႏိုင္ယူဖို႔ သိမ္ေမြ႕တဲ့ အျမင္မ်ားကို ပံ့ပိုးေပးႏိုင္ပါတယ္။
– ဌာနဆိုင္ရာမ်ားအတြင္း အဖြဲ႕လိုက္လုပ္ေဆာင္ႏိုင္ေစႏိုင္ပါတယ္။
– ဝန္ထမ္းမ်ားကို ပိုမိုတန္ဖိုးထားေလးျမတ္မႈနဲ႔ အသိအမွတ္ျပဳမႈကို ခံစားရေစဖို႔ကူညီေပးပါတယ္။
– ဝန္ထမ္းမ်ားရဲ႕ တာဝန္ခံမႈနဲ႔ ကုန္ထုတ္စြမ္းအားကို တိုးတက္ေစပါတယ္။
360-degree feedback ရဲ႕ အားနည္းခ်က္မ်ား
360-degree feedback အတြက္ အက်ိဳးေက်းဇူးမ်ားစြာရွိေပမဲ့ လ်စ္လ်ဴမရႈသင့္တဲ့အေရးႀကီးတဲ့ အားနည္းခ်က္အခ်ိဳ႕ ရွိပါေသးတယ္။ 360-degree feedback ဖြဲ႕စည္းပုံကိုဖန္တီးတာက စိန္ေခၚမႈျဖစ္ႏိုင္ပါတယ္။ ညံ့ဖ်င္းတဲ့ ပ႐ိုဂရမ္က အသင္းအဖြဲ႕နဲ႔ ဝန္ထမ္းမ်ားရဲ႕စိတ္ ဓာတ္ကို ထိခိုက္ေစပါတယ္။ 360-degree feedback မွာ အားနည္းခ်က္မ်ား ရွိပါတယ္။
– ၿပိဳင္ဆိုင္မႈကို အားေပးၿပီး မနာလိုစိတ္ ဒါမွမဟုတ္ ထိခိုက္နာက်င္ေစတဲ့ ခံစားခ်က္မ်ားျဖစ္ေပၚေစပါတယ္။
– အမည္မဲ့ေပးတဲ့ အဆင့္သတ္မွတ္ခ်က္မ်ားက အဖြဲ႕မ်ားအေပၚ မလုံၿခဳံမႈနဲ႔ ယုံၾကည္မႈကိုထိခိုက္ေစႏိုင္ပါတယ္။
– အားနည္းခ်က္ ဒါမွမဟုတ္ အဆိုးျမင္စိတ္အေပၚ အာ႐ုံစိုက္လြန္းေနတာ
– တစ္ဦးခ်င္းစီကို တိုးတက္ေစဖို႔ ေဒတာအသုံးျပဳဖို႔အတြက္ နည္းျပ၊ မန္ေနဂ်ာေတြကေန follow up နဲ႔ ပံ့ပိုးကူညီမႈ အားနည္းတာ။
– Feedback စုေဆာင္းဖို႔ အမည္ဝွက္ထားဖို႔နဲ႔ အမ်ိဳးအစားခြဲဖို႔ အခ်ိန္နဲ႔အရင္းအျမစ္မ်ားစြာကို ရယူတာ။
ဒီအားသာခ်က္မ်ားနဲ႔ အားနည္းခ်က္မ်ားကို ခ်ိန္ညႇိတာက 360-degree feedback ကသင့္အဖြဲ႕အစည္းအတြက္ သင့္ေလ်ာ္မႈရွိ၊ မရွိ ဆုံးျဖတ္ဖို႔ ကူညီေပးႏိုင္ပါတယ္။
MYit
Leave a Reply