Travis Kelec နဲ့ Taylor Swift တို့တကယ်ပဲချစ်သူတွေလား

စက်တင်ဘာလ ၂၄ ရက်နေ့က Kansas City Chiefs Game ကို Travis Kelec ရဲ့အမေဖြစ်သူနဲ့ Taylor Swift တို့အတူတူထိုင်အားပေးခဲ့တာမို့ Taylor နဲ့ Travis တို့ရဲ့ကောလာဟလကပိုပြီးပြင်းထန်လာခဲ့ပါတယ်။ကစားပွဲမှာတွေ့ရတဲ့မျက်မြင်သက်သေတွေကတော့ Travis Kelec ရဲ့စိတ်လှုပ်ရှားနေတဲ့ခုလိုမျက်နှာမျိုးတစ်ခါမှမမြင်ဖူးဘူး။ သူကစိတ်ဖိစီးနေတဲ့ပုံပေါ်ပေမယ့်နှစ်လိုဖွယ်ကောင်းနေပါတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ကောလာဟလအချစ်ရေးသတင်းဟာ ဇူလိုင်ကကျင်းပတဲ့ တေလာရဲ့ Show ကို Travis Kelec တက်ရောက်ခဲ့တာကနေအစပြုခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ တေလာ့ကို သူ့ရဲ့ဖုန်းနံပါတ်ပါတဲ့လက်ပတ်ကြိုးကိုပေးဖို့ကြိုးစားခဲ့ပြီး Show မဆိုခင်နဲ့ဆိုပြီးချိန်တွေမှာ တေလာကဘာစကားမှမပြောတာမို့သူစိတ်ပျက်ခဲ့ရကြောင်း podcast မှာပြောခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း တေလာဆွပ်ဖ်ရဲ့ပရိသတ်တွေနဲ့ NFL ရိုက်ကူးထုတ်လွှင့်သူတွေက သူတို့နှစ်ဦးချိန်းတွေ့နေပါတယ်လို့ထင်ကြေးပေးပြောဆိုခဲ့ကြတာဖြစ်ပါတယ်။လက်ရှိ တေလာဆွပ်ဖ်ရဲ့ Kansas City Chiefs Game ကိုတက်ရောက်အားပေးတဲ့သတင်းကဒီကောလာဟလတွေမှန်ကန်ကြောင်းအတည်ပြုလိုက်သလိုပါပဲ။ Travis Kelec ဟာ American Football ကစားသမားတစ်ယောက်ဖြစ်ပြီး အသက် ၃၃ နှစ်ရှိပြီဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*