ကိုယ့် Team တိုးတက်ဖို့လုပ်ဆောင်နေရဲ့လားသိချင်ရင်ဒီ Test လေးဖြေကြည့်ပါ

Team တစ်ခုကိုခွန်အားပေးနိုင်ဖို့က ခေါင်းဆောင်တစ်ယောက်ရဲ့အရေးအကြီးဆုံးတာဝန်ပါ။ ဒါဟာခေါင်းဆောင်တစ်ယောက်အတွက် အလိုအပ်ဆုံးသောကျွမ်းကျင်မှုလည်းဖြစ်ပါတယ်။အလုပ်ကိုစိတ်ပါလက်ပါလုပ်နိုင်စေဖို့ ခွန်အားပေးနိုင်ခြင်းက Team ရဲ့စိတ်ဓာတ်၊ အလုပ်တွင်မှုနဲ့နေပျော်တဲ့အလုပ်ခွင်လေးကိုဖန်တီးပေးနိုင်ပါတယ်။ ဝန်ထမ်းတစ်ယောက်ချင်းစီကိုလည်းကိုယ့်အစွမ်းနဲ့ကိုယ်၊ ကိုယ့်တာဝန်ယူမှုနဲ့ကိုယ်ဖြစ်လာတတ်ပါတယ်။ ပိုပြီး Productive ဖြစ်တဲ့၊ပိုပြီးကောင်းတဲ့အဖွဲ့အစည်းကို ဖန်တီးပေးနိုင်ပါတယ်။ဒါကြောင့် ဒီမေးခွန်းလေးတွေဖြေကြည့်ပြီး ကိုယ်ဟာကိုယ့် Team အတွက်တိုးတက်အောင်လုပ်ဆောင်နေသူ ဟုတ်၊မဟုတ်ဆန်းစစ်နိုင်ပါပြီ။

၁. ကိုယ့်ရဲ့အဖွဲ့သားတွေကိုစိန်ခေါ်မှုအသစ်တွေနဲ့တာဝန်အသစ်တွေယူခိုင်းလေ့ရှိတယ်
လုပ်ဆောင်ပါတယ်
မလုပ်ဆောင်ပါ

၂. ကိုယ့်ရဲ့အဖွဲ့သားတွေကို ဆုံးဖြတ်ပိုင်ခွင့်တွေပေးတယ်
လုပ်ဆောင်ပါတယ်
မလုပ်ဆောင်ပါ

၃. အဖွဲ့သားတွေကိုလေ့လာမှုအသစ်တွေလုပ်ဖို့၊ တိုးတက်စေဖို့အခွင့်အရေးတွေပေးတယ်။
လုပ်ဆောင်ပါတယ်
မလုပ်ဆောင်ပါ

၄. ကိုယ့်အဖွဲ့သားတွေရဲ့ အောင်မြင်မှုနဲ့အကြံပြုဆွေးနွေးမှုတွေကို အသိအမှတ်ပြုပေးတယ်
လုပ်ဆောင်ပါတယ်
မလုပ်ဆောင်ပါ

၅. ကိုယ့်အဖွဲ့သားတစ်ယောက်ယောက်ရဲ့ပြောစကားတွေကို ဂရုတစိုက်နားထောင်ပေးတယ်။
လုပ်ဆောင်ပါတယ်
မလုပ်ဆောင်ပါ

၆. အဖွဲ့သားတွေကို အလုပ်နဲ့တာဝန်ယူမှုတွေကိုခွဲဝေပေးတယ်
လုပ်ဆောင်ပါတယ်
မလုပ်ဆောင်ပါ

၇. ဝန်ထမ်းတစ်ယောက်ချင်းစီဟာသူတို့ရဲ့တာဝန်ကိုအမှီခိုကင်းကင်းလုပ်နိုင်မယ်ဆိုတာယုံကြည်တယ်
ဟုတ်မှန်ပါတယ်
မဟုတ်မှန်ပါ

၈. အဖွဲ့ဝင်အချင်းချင်း ပူးပေါင်းဖို့နဲ့ အကြံဉာဏ်တွေမျှဝေဖို့ အားပေးတယ်
လုပ်ဆောင်ပါတယ်
မလုပ်ဆောင်ပါ

၉. ကိုယ့်အဖွဲ့ဝင်တွေကို အသုံးဝင်တဲ့ညွှန်ကြားချက်နဲ့ မှတ်ချက်တွေပြန်ပေးနိုင်တယ်
ဟုတ်မှန်ပါတယ်
မဟုတ်မှန်ပါ

၁၀. အဖွဲ့ဝင်တွေရဲ့ Professional Development အတွက် အချိန်နဲ့လူအင်အားမြှုပ်နှံပေးတယ်
လုပ်ဆောင်ပါတယ်
မလုပ်ဆောင်ပါ

၁၁. ကိုယ့်အဖွဲ့သားတွေရဲ့ လုပ်နိုင်စွမ်းကိုယုံကြည်မှုရှိကြောင်းပြတယ်
လုပ်ဆောင်ပါတယ်
မလုပ်ဆောင်ပါ

၁၂. အဖွဲ့သားတွေရဲ့ဝေဖန်အကြံပြုချက်တွေကို သေချာနားထောင်ပြီးတုံ့ပြန်မှုပေးတယ်
လုပ်ဆောင်ပါတယ်
မလုပ်ဆောင်ပါ

– ဒီ Test လေးမှာ မလုပ်ဆောင်ပါဆိုတဲ့အဖြေတွေ ၈ ခုလောက်ဖြစ်နေမယ်ဆိုရင်တော့ ကိုယ့် Team အတွက်အများကြီးလုပ်ဆောင်ပေးဖို့လိုနေပါသေးတယ်။
– လုပ်ဆောင်ပါတယ်ဆိုတဲ့အဖြေတွေ ၆ ခုလောက်ရရင်တော့ ကိုယ့် Team အတွက်ပံ့ပိုးပေးနိုင်ဖို့စတင်နေပြီ၊ အကျင့်ကောင်းတွေစတင်နေနိုင်ပြီလို့ဆိုနိုင်ပါတယ်။
– လုပ်ဆောင်ပါတယ်ဆိုတဲ့အဖြေတွေ ၈ ခုလောက်ရရင်တော့ ကိုယ့် Team အတွက်ကိုယ်ဟာအကောင်းဆုံးလုပ်ဆောင်ပေးနေပြီးကောင်းမွန်တဲ့ခေါင်းဆောင်မှုပုံစံကိုရရှိနေပြီလို့ဆိုနိုင်ပါတယ်။ကိုယ့် Team တစ်ခုလုံးစွမ်းရည်အပြည့်နဲ့တိုးတက်လာဖို့အတွက် သူတို့ကိုလေ့လာမှုအသစ်တွေ၊တာဝန်အသစ်တွေယူခိုင်းပါ။သူတို့ကိုဖောက်ထွက်တွေးတောခွင့်၊ ဆန်းသစ်တီထွင်ခွင့်တွေပေးပါ။ Meeting နဲ့ Brainstorming လုပ်ချိန်တွေမှာ သူတို့ကိုများများမျှဝေခွင့်ပေးပါ။ကိုယ်ကစံပြအနေနဲ့နေထိုင်ပြပါ။မှန်ကန်တဲ့ညွှန်ကြားချက်နဲ့အသုံးဝင်တဲ့မှတ်ချက်တွေပေးပါ။ ကြိုးစားမှုတိုင်းအတွက် ချီးကျူးပေးပါ။ဒါဆိုရင်တော့ ကိုယ်ဟာခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ်နဲ့ ကိုယ့် Team တစ်ခုလုံးကိုလည်းတိုးတက်လာအောင်စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

Team တစ္ခုကိုခြန္အားေပးႏိုင္ဖို႔က ေခါင္းေဆာင္တစ္ေယာက္ရဲ႕အေရးအႀကီးဆုံးတာဝန္ပါ။ ဒါဟာေခါင္းေဆာင္တစ္ေယာက္အတြက္ အလိုအပ္ဆုံးေသာကြၽမ္းက်င္မႈလည္းျဖစ္ပါတယ္။အလုပ္ကိုစိတ္ပါလက္ပါလုပ္ႏိုင္ေစဖို႔ ခြန္အားေပးႏိုင္ျခင္းက Team ရဲ႕စိတ္ဓာတ္၊ အလုပ္တြင္မႈနဲ႔ေနေပ်ာ္တဲ့အလုပ္ခြင္ေလးကိုဖန္တီးေပးႏိုင္ပါတယ္။ ဝန္ထမ္းတစ္ေယာက္ခ်င္းစီကိုလည္းကိုယ့္အစြမ္းနဲ႔ကိုယ္၊ ကိုယ့္တာဝန္ယူမႈနဲ႔ကိုယ္ျဖစ္လာတတ္ပါတယ္။ ပိုၿပီး Productive ျဖစ္တဲ့၊ပိုၿပီးေကာင္းတဲ့အဖြဲ႕အစည္းကို ဖန္တီးေပးႏိုင္ပါတယ္။ဒါေၾကာင့္ ဒီေမးခြန္းေလးေတြေျဖၾကည့္ၿပီး ကိုယ္ဟာကိုယ့္ Team အတြက္တိုးတက္ေအာင္လုပ္ေဆာင္ေနသူ ဟုတ္၊မဟုတ္ဆန္းစစ္ႏိုင္ပါၿပီ။

၁. ကိုယ့္ရဲ႕အဖြဲ႕သားေတြကိုစိန္ေခၚမႈအသစ္ေတြနဲ႔တာဝန္အသစ္ေတြယူခိုင္းေလ့ရွိတယ္
လုပ္ေဆာင္ပါတယ္
မလုပ္ေဆာင္ပါ

၂. ကိုယ့္ရဲ႕အဖြဲ႕သားေတြကို ဆုံးျဖတ္ပိုင္ခြင့္ေတြေပးတယ္
လုပ္ေဆာင္ပါတယ္
မလုပ္ေဆာင္ပါ

၃. အဖြဲ႕သားေတြကိုေလ့လာမႈအသစ္ေတြလုပ္ဖို႔၊ တိုးတက္ေစဖို႔အခြင့္အေရးေတြေပးတယ္။
လုပ္ေဆာင္ပါတယ္
မလုပ္ေဆာင္ပါ

၄. ကိုယ့္အဖြဲ႕သားေတြရဲ႕ ေအာင္ျမင္မႈနဲ႔အႀကံျပဳေဆြးေႏြးမႈေတြကို အသိအမွတ္ျပဳေပးတယ္
လုပ္ေဆာင္ပါတယ္
မလုပ္ေဆာင္ပါ

၅. ကိုယ့္အဖြဲ႕သားတစ္ေယာက္ေယာက္ရဲ႕ေျပာစကားေတြကို ဂ႐ုတစိုက္နားေထာင္ေပးတယ္။
လုပ္ေဆာင္ပါတယ္
မလုပ္ေဆာင္ပါ

၆. အဖြဲ႕သားေတြကို အလုပ္နဲ႔တာဝန္ယူမႈေတြကိုခြဲေဝေပးတယ္
လုပ္ေဆာင္ပါတယ္
မလုပ္ေဆာင္ပါ

၇. ဝန္ထမ္းတစ္ေယာက္ခ်င္းစီဟာသူတို႔ရဲ႕တာဝန္ကိုအမွီခိုကင္းကင္းလုပ္ႏိုင္မယ္ဆိုတာယုံၾကည္တယ္
ဟုတ္မွန္ပါတယ္
မဟုတ္မွန္ပါ

၈. အဖြဲ႕ဝင္အခ်င္းခ်င္း ပူးေပါင္းဖို႔နဲ႔ အႀကံဉာဏ္ေတြမွ်ေဝဖို႔ အားေပးတယ္
လုပ္ေဆာင္ပါတယ္
မလုပ္ေဆာင္ပါ

၉. ကိုယ့္အဖြဲ႕ဝင္ေတြကို အသုံးဝင္တဲ့ၫႊန္ၾကားခ်က္နဲ႔ မွတ္ခ်က္ေတြျပန္ေပးႏိုင္တယ္
ဟုတ္မွန္ပါတယ္
မဟုတ္မွန္ပါ

၁၀. အဖြဲ႕ဝင္ေတြရဲ႕ Professional Development အတြက္ အခ်ိန္နဲ႔လူအင္အားျမႇဳပ္ႏွံေပးတယ္
လုပ္ေဆာင္ပါတယ္
မလုပ္ေဆာင္ပါ

၁၁. ကိုယ့္အဖြဲ႕သားေတြရဲ႕ လုပ္ႏိုင္စြမ္းကိုယုံၾကည္မႈရွိေၾကာင္းျပတယ္
လုပ္ေဆာင္ပါတယ္
မလုပ္ေဆာင္ပါ

၁၂. အဖြဲ႕သားေတြရဲ႕ေဝဖန္အႀကံျပဳခ်က္ေတြကို ေသခ်ာနားေထာင္ၿပီးတုံ႔ျပန္မႈေပးတယ္
လုပ္ေဆာင္ပါတယ္
မလုပ္ေဆာင္ပါ

– ဒီ Test ေလးမွာ မလုပ္ေဆာင္ပါဆိုတဲ့အေျဖေတြ ၈ ခုေလာက္ျဖစ္ေနမယ္ဆိုရင္ေတာ့ ကိုယ့္ Team အတြက္အမ်ားႀကီးလုပ္ေဆာင္ေပးဖို႔လိုေနပါေသးတယ္။
– လုပ္ေဆာင္ပါတယ္ဆိုတဲ့အေျဖေတြ ၆ ခုေလာက္ရရင္ေတာ့ ကိုယ့္ Team အတြက္ပံ့ပိုးေပးႏိုင္ဖို႔စတင္ေနၿပီ၊ အက်င့္ေကာင္းေတြစတင္ေနႏိုင္ၿပီလို႔ဆိုႏိုင္ပါတယ္။
– လုပ္ေဆာင္ပါတယ္ဆိုတဲ့အေျဖေတြ ၈ ခုေလာက္ရရင္ေတာ့ ကိုယ့္ Team အတြက္ကိုယ္ဟာအေကာင္းဆုံးလုပ္ေဆာင္ေပးေနၿပီးေကာင္းမြန္တဲ့ေခါင္းေဆာင္မႈပုံစံကိုရရွိေနၿပီလို႔ဆိုႏိုင္ပါတယ္။ကိုယ့္ Team တစ္ခုလုံးစြမ္းရည္အျပည့္နဲ႔တိုးတက္လာဖို႔အတြက္ သူတို႔ကိုေလ့လာမႈအသစ္ေတြ၊တာဝန္အသစ္ေတြယူခိုင္းပါ။သူတို႔ကိုေဖာက္ထြက္ေတြးေတာခြင့္၊ ဆန္းသစ္တီထြင္ခြင့္ေတြေပးပါ။ Meeting နဲ႔ Brainstorming လုပ္ခ်ိန္ေတြမွာ သူတို႔ကိုမ်ားမ်ားမွ်ေဝခြင့္ေပးပါ။ကိုယ္ကစံျပအေနနဲ႔ေနထိုင္ျပပါ။မွန္ကန္တဲ့ၫႊန္ၾကားခ်က္နဲ႔အသုံးဝင္တဲ့မွတ္ခ်က္ေတြေပးပါ။ ႀကိဳးစားမႈတိုင္းအတြက္ ခ်ီးက်ဴးေပးပါ။ဒါဆိုရင္ေတာ့ ကိုယ္ဟာေခါင္းေဆာင္ေကာင္းတစ္ေယာက္အျဖစ္နဲ႔ ကိုယ့္ Team တစ္ခုလုံးကိုလည္းတိုးတက္လာေအာင္စြမ္းေဆာင္ႏိုင္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*