ချစ်သူကိုသူ့ရဲ့ကလေးတွေနဲ့မိတ်ဆက်ပေးလေ့မရှိတဲ့ ဘရက်ပစ်

ခန့်ညားတဲ့ရုပ်ရည်နဲ့သရုပ်ဆောင်ဘက်မှာလည်းထူးချွန်တဲ့မင်းသားကြီး ဘရက်ပစ်ကဇနီးဖြစ်သူအင်ဂျလီနာဂျိုလီနဲ့ ၂၀၁၆ ခုနစ်ကွာရှင်းခဲ့တာဖြစ်ပါတယ်။ဒီလိုကွာရှင်းပြီးချိန်မှာကတည်းက လူမြင်ကွင်းရှေ့မှာပွဲထုတ်လာဖူးတဲ့ပထမဆုံးချစ်သူကတော့ Ines de Ramon ပဲဖြစ်ပါတယ်။ Ines ဟာ အသက် ၃၀ နှစ်ရှိပြီဖြစ်ပြီး ဘရက်ပစ်ကတော့ အသက် ၅၉ နှစ်ရှိပြီဖြစ်ပါတယ်။သူမနဲ့ဘရက်ပစ်ရဲ့ချစ်သက်တမ်းတစ်နှစ်အတွင်း Ines ကဘရက်ပစ်ရဲ့မိတ်ဆွေတွေနဲ့ရင်းနှီးသထက်ပိုရင်းနှီးလာတာကိုတွေ့မြင်ရပါတယ်။ မိတ်ဆွေတွေနဲ့ဒီလိုရင်းနှီးမှုမျိုးရနေပေမယ့်ဘရက်ပစ်က သူ့ရဲ့ကလေး ၆ ယောက်နဲ့သူမကိုမိတ်ဆက်ပေးတာမျိုးမရှိသေးပါဘူး။

ဒါဟာဘာကြောင့်လဲ၊ Ines ကိုတကယ်မချစ်လို့လားဆိုတဲ့အမေးတွေကို သူနဲ့ရင်းနှီးသူတချို့က သူကအဲဒီကောင်မလေးကိုမချစ်လို့မဟုတ်ပါဘူး။ ဒီလိုကြီးမားတဲ့အနေအထားတစ်ခုဆီမကူးပြောင်းခင်မှာသူတို့နှစ်ယောက်ဝေးသွားတာမျိုးဖြစ်မလားလို့ စိုးရိမ်နေတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဘရက်ပစ်ဟာ ဂျိုလီနဲ့ပြတ်စဲပြီးချိန်မှာ ရည်းစားတချို့ထားခဲ့ဖူးပေမယ့်ဘယ်သူ့ကိုမှသူ့ကလေးတွေနဲ့တရားဝင်မိတ်ဆက်ပေးတာမျိုးမလုပ်ခဲ့ဘူးလို့ ပြောကြပါတယ်။ဘရက်ပစ်ကို မင်းသားကြီးဂျော့ကလူးနီနဲ့တွဲဖက်ရိုက်ကူးထားတဲ့ Wolves ရုပ်ရှင်ကားနဲ့
ပြိုင်ကားရုပ်ရှင်ဖြစ်တဲ့ F1 တို့မှာတွေ့မြင်ရဦးမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

ခန႔္ညားတဲ့႐ုပ္ရည္နဲ႔သ႐ုပ္ေဆာင္ဘက္မွာလည္းထူးခြၽန္တဲ့မင္းသားႀကီး ဘရက္ပစ္ကဇနီးျဖစ္သူအင္ဂ်လီနာဂ်ိဳလီနဲ႔ ၂၀၁၆ ခုနစ္ကြာရွင္းခဲ့တာျဖစ္ပါတယ္။ဒီလိုကြာရွင္းၿပီးခ်ိန္မွာကတည္းက လူျမင္ကြင္းေရွ႕မွာပြဲထုတ္လာဖူးတဲ့ပထမဆုံးခ်စ္သူကေတာ့ Ines de Ramon ပဲျဖစ္ပါတယ္။ Ines ဟာ အသက္ ၃၀ ႏွစ္ရွိၿပီျဖစ္ၿပီး ဘရက္ပစ္ကေတာ့ အသက္ ၅၉ ႏွစ္ရွိၿပီျဖစ္ပါတယ္။သူမနဲ႔ဘရက္ပစ္ရဲ႕ခ်စ္သက္တမ္းတစ္ႏွစ္အတြင္း Ines ကဘရက္ပစ္ရဲ႕မိတ္ေဆြေတြနဲ႔ရင္းႏွီးသထက္ပိုရင္းႏွီးလာတာကိုေတြ႕ျမင္ရပါတယ္။ မိတ္ေဆြေတြနဲ႔ဒီလိုရင္းႏွီးမႈမ်ိဳးရေနေပမယ့္ဘရက္ပစ္က သူ႔ရဲ႕ကေလး ၆ ေယာက္နဲ႔သူမကိုမိတ္ဆက္ေပးတာမ်ိဳးမရွိေသးပါဘူး။

ဒါဟာဘာေၾကာင့္လဲ၊ Ines ကိုတကယ္မခ်စ္လို႔လားဆိုတဲ့အေမးေတြကို သူနဲ႔ရင္းႏွီးသူတခ်ိဳ႕က သူကအဲဒီေကာင္မေလးကိုမခ်စ္လို႔မဟုတ္ပါဘူး။ ဒီလိုႀကီးမားတဲ့အေနအထားတစ္ခုဆီမကူးေျပာင္းခင္မွာသူတို႔ႏွစ္ေယာက္ေဝးသြားတာမ်ိဳးျဖစ္မလားလို႔ စိုးရိမ္ေနတာေၾကာင့္ျဖစ္တယ္လို႔ဆိုပါတယ္။ဘရက္ပစ္ဟာ ဂ်ိဳလီနဲ႔ျပတ္စဲၿပီးခ်ိန္မွာ ရည္းစားတခ်ိဳ႕ထားခဲ့ဖူးေပမယ့္ဘယ္သူ႔ကိုမွသူ႔ကေလးေတြနဲ႔တရားဝင္မိတ္ဆက္ေပးတာမ်ိဳးမလုပ္ခဲ့ဘူးလို႔ ေျပာၾကပါတယ္။ဘရက္ပစ္ကို မင္းသားႀကီးေဂ်ာ့ကလူးနီနဲ႔တြဲဖက္႐ိုက္ကူးထားတဲ့ Wolves ႐ုပ္ရွင္ကားနဲ႔
ၿပိဳင္ကား႐ုပ္ရွင္ျဖစ္တဲ့ F1 တို႔မွာေတြ႕ျမင္ရဦးမွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*