နောက်တစ်ပတ်မှာ သီချင်းသစ်ထွက်ရှိမယ့် 2AM

ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့2AM အနေနဲ့ ၂၀၂၄ ခုနစ် ၊ ဇန်နဝါရီလမှာ သီချင်းအသစ်နဲ့အတူပရိသတ်ဆီပြန်လာမယ့်အကြောင်း SPOTV News ကနေတင်ပြခဲ့ပါတယ်။ဖော်ပြချက်တွေအရ 2AM နဲ့အတူ JYP Entertainment အောက်မှာအတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ Bang Si Hyuk တို့ပြန်လည်ပေါင်းစည်းပြီး သီချင်းကိုဖန်တီးထုတ်လုပ်မှာဖြစ်တယ်လို့သိရပါတယ်။ Bang Si Hyuk ဟာ 2AM နဲ့အ လိုက်ဖက်ဆုံးသီချင်းတွေကိုဖန်တီးနိုင်ပြီး Music Chart တွေရဲ့ထိပ်ဆုံးမှာ 2AM ကိုနေရာယူစေခဲ့သူ လည်းဖြစ်ပါတယ်။

သူဟာ Can’t let you go even if I die ၊ You wouldn’t answer my calls ၊ Should’ve known စတဲ့သီချင်းကောင်းတွေကိုဖန်တီးခဲ့သူဖြစ်တာမို့လက်ရှိထွက်ရှိလာမယ့်သီချင်းဟာလည်း 2AM အတွက်အကောင်းဆုံးရလဒ်ဖြစ်စေလိမ့်မယ်ဆိုပြီးခန့်မှန်းထားကြပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ သူတို့ရဲ့သီချင်းသစ်ဖြစ်တဲ့ If you change your mind အတွက်ကြော်ငြာထွက်ရှိလာခဲ့ပြီး ဇန်နဝါရီလ(၂) ရက်နေ့မှာတော့ digital single အနေနဲ့စတင်ဖြန့်ချိမယ်လို့သိရပါတယ်။

Ju Ju

zawgyi

ကိုရီးယားအမ်ိဳးသားအဆိုေတာ္အဖြဲ႕2AM အေနနဲ႔ ၂၀၂၄ ခုနစ္ ၊ ဇန္နဝါရီလမွာ သီခ်င္းအသစ္နဲ႔အတူပရိသတ္ဆီျပန္လာမယ့္အေၾကာင္း SPOTV News ကေနတင္ျပခဲ့ပါတယ္။ေဖာ္ျပခ်က္ေတြအရ 2AM နဲ႔အတူ JYP Entertainment ေအာက္မွာအတူတူအလုပ္လုပ္ခဲ့ဖူးတဲ့ Bang Si Hyuk တို႔ျပန္လည္ေပါင္းစည္းၿပီး သီခ်င္းကိုဖန္တီးထုတ္လုပ္မွာျဖစ္တယ္လို႔သိရပါတယ္။ Bang Si Hyuk ဟာ 2AM နဲ႔အ လိုက္ဖက္ဆုံးသီခ်င္းေတြကိုဖန္တီးႏိုင္ၿပီး Music Chart ေတြရဲ႕ထိပ္ဆုံးမွာ 2AM ကိုေနရာယူေစခဲ့သူ လည္းျဖစ္ပါတယ္။

သူဟာ Can’t let you go even if I die ၊ You wouldn’t answer my calls ၊ Should’ve known စတဲ့သီခ်င္းေကာင္းေတြကိုဖန္တီးခဲ့သူျဖစ္တာမို႔လက္ရွိထြက္ရွိလာမယ့္သီခ်င္းဟာလည္း 2AM အတြက္အေကာင္းဆုံးရလဒ္ျဖစ္ေစလိမ့္မယ္ဆိုၿပီးခန႔္မွန္းထားၾကပါတယ္။
ဒီဇင္ဘာ ၂၈ ရက္ေန႔မွာေတာ့ သူတို႔ရဲ႕သီခ်င္းသစ္ျဖစ္တဲ့ If you change your mind အတြက္ေၾကာ္ျငာထြက္ရွိလာခဲ့ၿပီး ဇန္နဝါရီလ(၂) ရက္ေန႔မွာေတာ့ digital single အေနနဲ႔စတင္ျဖန႔္ခ်ိမယ္လို႔သိရပါတယ္။

Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*