မိခင်ရင်းကိုပြန်သတ်တဲ့ဇာတ်လမ်း The Act ရဲ့တကယ့်ဘဝဇာတ်ကောင် Gypsy Rose Blanchard ထောင်ကလွတ်လာပြီ

Hulu Series ဖြစ်တဲ့ The Act ဟာ အပိုင်း ၈ ပိုင်းပါဝင်ပြီး ပရိသတ်စိတ်ဝင်စားမှုမြင့်မားခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ Gypsy Rose Blanchard ရဲ့အမေအဖြစ်သရုပ်ဆောင်တဲ့ Patricia Arquette ဟာ Primetime Emmy Award နဲ့ Golden Globe ကပေးတဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ ဆုတွေကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။The Act ဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး တကယ့်လက်တွေ့ဘဝမှာ Gypsy Rose Blanchard ဟာမိခင်ဖြစ်သူကို ကိုယ်တိုင်သတ်ပစ်လိုက်တာဖြစ်ပါတယ်။ သူမရဲ့မိခင် Dee Dee Blanchard ဟာသူမကိုနှစ်ပေါင်းများစွာ လူမမာလိုထားခဲ့ပြီးစိတ်ရောကိုယ်ကိုပါအကြမ်းဖက်မှုဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။ အမေဖြစ်သူက သမီးမှာ သွေးကင်ဆာ၊အမြင်အကြားချို့တဲ့တာ၊ ကြွက်သားကြုံလှီတဲ့နာတာရှည်ရောဂါ စတဲ့ရောဂါတွေရှိတယ်လို့ပြောဆိုခဲ့ပြီး
လူမမာတစ်ဦးလိုနေထိုင်သွားလာခဲ့ရသလို မလိုအပ်ဘဲခွဲစိပ်မှုတွေလည်း လုပ်ခဲ့ရပါတယ်။

မိခင်ဖြစ်သူက Gypsy Rose Blanchard ရဲ့အသက်ကိုလိမ်ထားပြီး သူမကြိုက်တာတစ်ခုခုလုပ်မိတဲ့အခါရက်ရက်စက်စက်အပြစ်ပေးခဲ့သူဖြစ်ပါတယ်။၂၀၁၅ ခုနစ်မှာတော့ Gypsy Rose Blanchard ဟာ ရည်းစားဖြစ်သူရဲ့အကူအညီနဲ့အတူမိခင်ကိုသတ်ပစ်ခဲ့ပြီး ထောင် ၁၀ နှစ်ကျခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၇ ခုနစ်မှာ သူမကထောင်ထဲမှာနေရတာကအမေနဲ့နေရတာထက်ပိုလွတ်လပ်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ဒီဇင်ဘာလ၂၈ ရက်နေ့မှာတော့ သူမဟာထောင်ကလွတ်မြောက်လာခဲ့ပြီးလွတ်လပ်မှုအတွက်အဆင်သင့်ဖြစ်နေပါပြီလို့ အင်တာ ဗျူးမှာဖွင့်ဟခဲ့ပါတယ်။

Ju Ju

zawgyi

Hulu Series ျဖစ္တဲ့ The Act ဟာ အပိုင္း ၈ ပိုင္းပါဝင္ၿပီး ပရိသတ္စိတ္ဝင္စားမႈျမင့္မားခဲ့တဲ့ဇာတ္လမ္းတြဲျဖစ္ခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲမွာ Gypsy Rose Blanchard ရဲ႕အေမအျဖစ္သ႐ုပ္ေဆာင္တဲ့ Patricia Arquette ဟာ Primetime Emmy Award နဲ႔ Golden Globe ကေပးတဲ့အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ပို႔ ဆုေတြကိုပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။The Act ဟာ ျဖစ္ရပ္မွန္ဇာတ္လမ္းျဖစ္ၿပီး တကယ့္လက္ေတြ႕ဘဝမွာ Gypsy Rose Blanchard ဟာမိခင္ျဖစ္သူကို ကိုယ္တိုင္သတ္ပစ္လိုက္တာျဖစ္ပါတယ္။ သူမရဲ႕မိခင္ Dee Dee Blanchard ဟာသူမကိုႏွစ္ေပါင္းမ်ားစြာ လူမမာလိုထားခဲ့ၿပီးစိတ္ေရာကိုယ္ကိုပါအၾကမ္းဖက္မႈဆက္တိုက္လုပ္ေဆာင္ခဲ့တာပါ။ အေမျဖစ္သူက သမီးမွာ ေသြးကင္ဆာ၊အျမင္အၾကားခ်ိဳ႕တဲ့တာ၊ ႂကြက္သားႀကဳံလွီတဲ့နာတာရွည္ေရာဂါ စတဲ့ေရာဂါေတြရွိတယ္လို႔ေျပာဆိုခဲ့ၿပီး
လူမမာတစ္ဦးလိုေနထိုင္သြားလာခဲ့ရသလို မလိုအပ္ဘဲခြဲစိပ္မႈေတြလည္း လုပ္ခဲ့ရပါတယ္။

မိခင္ျဖစ္သူက Gypsy Rose Blanchard ရဲ႕အသက္ကိုလိမ္ထားၿပီး သူမႀကိဳက္တာတစ္ခုခုလုပ္မိတဲ့အခါရက္ရက္စက္စက္အျပစ္ေပးခဲ့သူျဖစ္ပါတယ္။၂၀၁၅ ခုနစ္မွာေတာ့ Gypsy Rose Blanchard ဟာ ရည္းစားျဖစ္သူရဲ႕အကူအညီနဲ႔အတူမိခင္ကိုသတ္ပစ္ခဲ့ၿပီး ေထာင္ ၁၀ ႏွစ္က်ခံခဲ့ရတာျဖစ္ပါတယ္။ ၂၀၁၇ ခုနစ္မွာ သူမကေထာင္ထဲမွာေနရတာကအေမနဲ႔ေနရတာထက္ပိုလြတ္လပ္တယ္လို႔ ေျပာဆိုခဲ့ပါေသးတယ္။ဒီဇင္ဘာလ၂၈ ရက္ေန႔မွာေတာ့ သူမဟာေထာင္ကလြတ္ေျမာက္လာခဲ့ၿပီးလြတ္လပ္မႈအတြက္အဆင္သင့္ျဖစ္ေနပါၿပီလို႔ အင္တာ ဗ်ဴးမွာဖြင့္ဟခဲ့ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*