Park Seo Joon နဲ့ Kim Dami တွဲနေကြတဲ့သတင်းထွက်ပေါ်

ဒီလအပိုင်းအခြားတွေမှာ ခဏခဏကောင်မလေးရနေသူကတော့ မင်းသားချော Park Seo Joon ပါပဲ။အပြင်မှာတကယ်ချစ်သူတွေဖြစ်၊မဖြစ်မသေချာပေမယ့် ပြီးခဲ့တဲ့လတွေက You Tuber Xooos နဲ့ချစ်သူတွေလို့ကောလာဟလထွက်ခဲ့ပြီး ဒီရက်ပိုင်းမှာတော့ မင်းသမီး Kim Dami နဲ့ Park Seo Joon တို့တွဲခုတ်နေကြပြီဆိုတဲ့သတင်းက ထွက်ပေါ်လာပြန်ပါတယ်။

Park Seo Joon နဲ့ Kim Dami က Itaewon Class ဇာတ်လမ်းတွဲရိုက်ကူးစဥ်ကတွေ့ဆုံခဲ့ကြတာဖြစ်ပြီးလက်ရှိမှာတော့ သူတို့နှစ်ဦးချစ်သူတွေဖြစ်နေကြတာ ၂ လကျော်ခန့်ရှိပြီလို့ဆိုထားကြပါတယ်။ဒီသတင်းတွေကို နှစ်ဖက်လုံးရဲ့အေဂျင်စီတွေကတော့ ဟုတ်၊မဟုတ်အတည်မပြုထားပါဘူး။Itaewon Class ထုတ်လွှင့်ပြသချိန်မှာကတည်းက သူတို့နှစ်ဦးကိုတကယ့် ချစ်သူတွေအဖြစ်မြင်ချင်ကြတဲ့ပရိသတ်တွေက အများကြီးရှိနေတာမို့ ဒီလိုသတင်းတွေအလွယ်တကူဖြစ်ပေါ်လာတာလို့တချို့ကသုံးသပ်ကြပါတယ်။

နာမည်ကြီး You Tuber Xooos နဲ့ Park Seo Joon တို့ကြားမှာလည်း တွဲနေပါတယ်ဆိုတဲ့သက်သေပြစရာအချက်တွေအများကြီးရှိနေပေမယ့် Park Seo Joon ကတော့လုံးဝတုံ့ပြန်မှုမလုပ်ခဲ့ပါဘူး။Concrete Utopia ရုပ်ရှင်မိတ်ဆက်ပွဲအတွက်မီဒီယာတွေနဲ့တွေ့ဆုံစဥ်ကလည်း Park Seo Joon ကသူဟာ သူ့ရဲ့ကိုယ်ပိုင်ဘဝကိုချပြဖို့ အရမ်းဝန်လေးတဲ့သူဖြစ်ပြီး အနုပညာဘက်မှာသာအာရုံစိုက်ထားချင်ပါတယ်လို့ဖြေကြားခဲ့ဖူးပါတယ်။

Ju Ju

zawgyi

ဒီလအပိုင္းအျခားေတြမွာ ခဏခဏေကာင္မေလးရေနသူကေတာ့ မင္းသားေခ်ာ Park Seo Joon ပါပဲ။အျပင္မွာတကယ္ခ်စ္သူေတြျဖစ္၊မျဖစ္မေသခ်ာေပမယ့္ ၿပီးခဲ့တဲ့လေတြက You Tuber Xooos နဲ႔ခ်စ္သူေတြလို႔ေကာလာဟလထြက္ခဲ့ၿပီး ဒီရက္ပိုင္းမွာေတာ့ မင္းသမီး Kim Dami နဲ႔ Park Seo Joon တို႔တြဲခုတ္ေနၾကၿပီဆိုတဲ့သတင္းက ထြက္ေပၚလာျပန္ပါတယ္။

Park Seo Joon နဲ႔ Kim Dami က Itaewon Class ဇာတ္လမ္းတြဲ႐ိုက္ကူးစဥ္ကေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီးလက္ရွိမွာေတာ့ သူတို႔ႏွစ္ဦးခ်စ္သူေတြျဖစ္ေနၾကတာ ၂ လေက်ာ္ခန႔္ရွိၿပီလို႔ဆိုထားၾကပါတယ္။ဒီသတင္းေတြကို ႏွစ္ဖက္လုံးရဲ႕ေအဂ်င္စီေတြကေတာ့ ဟုတ္၊မဟုတ္အတည္မျပဳထားပါဘူး။Itaewon Class ထုတ္လႊင့္ျပသခ်ိန္မွာကတည္းက သူတို႔ႏွစ္ဦးကိုတကယ့္ ခ်စ္သူေတြအျဖစ္ျမင္ခ်င္ၾကတဲ့ပရိသတ္ေတြက အမ်ားႀကီးရွိေနတာမို႔ ဒီလိုသတင္းေတြအလြယ္တကူျဖစ္ေပၚလာတာလို႔တခ်ိဳ႕ကသုံးသပ္ၾကပါတယ္။

နာမည္ႀကီး You Tuber Xooos နဲ႔ Park Seo Joon တို႔ၾကားမွာလည္း တြဲေနပါတယ္ဆိုတဲ့သက္ေသျပစရာအခ်က္ေတြအမ်ားႀကီးရွိေနေပမယ့္ Park Seo Joon ကေတာ့လုံးဝတုံ႔ျပန္မႈမလုပ္ခဲ့ပါဘူး။Concrete Utopia ႐ုပ္ရွင္မိတ္ဆက္ပြဲအတြက္မီဒီယာေတြနဲ႔ေတြ႕ဆုံစဥ္ကလည္း Park Seo Joon ကသူဟာ သူ႔ရဲ႕ကိုယ္ပိုင္ဘဝကိုခ်ျပဖို႔ အရမ္းဝန္ေလးတဲ့သူျဖစ္ၿပီး အႏုပညာဘက္မွာသာအာ႐ုံစိုက္ထားခ်င္ပါတယ္လို႔ေျဖၾကားခဲ့ဖူးပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*