၂၅ ဝန်းကျင်လူငယ်များ အလုပ်မပြောင်းခင်တွေးသင့်တဲ့အချက် ၅ ချက်
လုပ်နေကျအလုပ်ကနေ နောက်တစ်ခုပြောင်းတော့မယ်ဆိုရင် စိုးရိမ်စိတ်တွေများကြတာကလူတိုင်းလိုလိုပါပဲ။ ဒါပေမဲ့ အလုပ်လုပ်တာမကြာသေးတဲ့လူငယ်ဘဝမှာတော့ စိုးရိမ်မှုတွေနဲ့အတူအမှားတွေလည်းလုပ်မိတတ်ပါတယ်။ သူငယ်ချင်းကတော့ တစ်လကို ၁၀ သိန်း၊ ၁၅ သိန်းဝင်နေလို့ဆိုပြီးသူလုပ်တဲ့အလုပ်ကိုပြောင်းလုပ်ဖို့စဥ်းစားမိကြတာလည်းရှိပါတယ်။ ရွယ်တူတွေနဲ့နှိုင်းယှဥ်ပြီးစိတ်ဖိစီးမှုဖြစ်ရတာက လူငယ်တွေကြားမှာပိုများပါတယ်။ဒါကြောင့်လူငယ်တွေအနေနဲ့ Career အသစ်တစ်ခုပြောင်းမယ်ဆိုရင် ဒီအချက် ၅ ချက်ကိုထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ( ၁) တခြားသူကိုမဆုံးဖြတ်ခိုင်းပါနဲ့ ကိုယ်ပြောင်းမယ့်အလုပ်အတွက် အကောင်းအဆိုးတွေကိုအတွေ့အကြုံရှိသူတွေကိုမေးမြန်းတာမှန်ပါတယ်။ […]