နာမည်ကြီးအီတလီအမှတ်တံဆိပ် Tod’s ရဲ့ Brand Ambassador ဖြစ်လာတဲ့ Jungwoo

NCT အဖွဲ့ဝင် Jungwoo က နာမည်ကြီးအီတလီအမှတ်တံဆိပ်ဖြစ်တဲ့ Tod’s ရဲ့ပထမဆုံးသောကိုရီးယားအမျိုးသား Ambassador ဖြစ်လာခဲ့ပါတယ်။ဒီလို Ambassador ဖြစ်လာခြင်းအပေါ် “Tod’s ရဲ့ Ambassador ဖြစ်လာတဲ့အတွက်ကျွန်တော့်ကိုယ်ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်တို့ နောက်လာမယ့် Project တွေအတူတူလုပ်ရင်း တကယ့်အီတလီလူမျိုးတွေရဲ့ဘဝနေထိုင်မှုပုံစံကိုပါတွေ့မြင်ခံစားနိုင်ဖို့မျှော်လင့်ပါတယ်” လို့ Jungwoo က ပြောဆိုခဲ့ပါတယ်။ Tod’s ဘက်ကလည်း “ခေတ်မီပြီး ဘယ်တော့မှရိုးမသွားတဲ့စတိုင်လ်တွေကိုမျှဝေလိုတဲ့စိတ်ချင်းတူညီတာမို့ Jungwoo အနေနဲ့လည်း သူ့ရဲ့လှုပ်ရှားမှုတိုင်းကနေဒါကိုပြသနိုင်လိမ့်မယ်”လို့ တရားဝင်ထုတ်ပြန်ရေးသားခဲ့တာတွေ့ရပါတယ်။

Jungwoo အနေနဲ့ လက်ရှိမှာ NCT 127 ရဲ့ ၅ ခုမြောက်တေးအယ်လ်ဘမ်ဖြစ်တဲ့ Fact Checkထွက်ရှိနိုင်ဖို့အတွက် အလုပ်များနေပါတယ်။ Fact Check တေးအယ်လ်ဘမ်ကို အောက်တိုဘာလ ၆ ရက်နေ့ထွက်ရှိနိုင်ဖို့ပြင်ဆင်ထားတယ်လို့သိရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*