တစ်နှစ်တာအတွက်အကောင်းဆုံးအမျိုးသမီးအဆိုရှင်ဆုကိုဆွတ်ခူးပြန်တဲ့ Jisoo

နယ်ပယ်အသီးသီးကထင်ပေါ်ကျော်ကြားသူတွေကိုရွေးချယ်ချီးမြှင့်တဲ့ Brand of the Year 2023 အခမ်းအနားမှာ Jisoo က Female Solo Single of The Year ဆုကိုဆွတ်ခူးခဲ့တယ်လို့သိရပါတယ်။ဒါဟာ သူမရဲ့ ME ဆိုတဲ့တေး သီချင်းအယ်လ်ဘမ်ထွက်ရှိပြီး ၅ လအကြာမှာဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။2023 Brand of the Year ဆုပေးပွဲကို Korea Consumer Branding Commission ၊ The Korea Economic Daily နဲ့ Korea Consumer Forum တို့ကကြီးမှူးကျင်းပတာဖြစ်ပါတယ်။Female Solo Single of The Year ဆုကို ၂၀၂၂ ခုနစ်က Jennie (Black Pink) ကရရှိခဲ့ဖူးပါတယ်။ဒီအခမ် းအနားမှာ Male Idol Group of the Year ဆုကို Seventeen ၊ Female Idol Group of the yearဆုကို IVE ၊ Male Entertainment Idol ဆုကို Key(Shinee) နဲ့ Female Entertainment Idol ဆုကို Yujin (IVE) တို့က ဆွတ်ခူးခဲ့တယ်လို့သိရပါတယ်။

Ju Ju

zawgyi


Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*