Guts ကြောင့် တေးရေးတစ်ယောက်အဖြစ်ယုံကြည်မှုတွေရှိလာတယ်ဆိုတဲ့ Olivia Rodrigo
Olivia Rodrigo အနေနဲ့ Guts ဆိုတဲ့တေးအယ်လ်ဘမ်ကိုဒီလ ၈ ရက်နေ့ကဖြန့်ချိခဲ့တာဖြစ်ပါတယ်။ဒီအယ်ဘမ်ထဲမှာ အရွယ်ရောက်လာပြီဖြစ်တဲ့ လူငယ်တစ်ယောက်ရဲ့အတွေးအမြင်နဲ့ရှုပ်ထွေးမှုလေးတွေအကြောင်းပါဝင်ထားပြီးသူမအနေနဲ့သီချင်းဖန်တီးမှုအပေါ်ဘယ် လောက်ထိအားစိုက်ထုတ်ခဲ့တယ်ဆိုတာပြောပြခဲ့ပါတယ်။ “ကျွန်မအနေနဲ့အသက် ၁၇ နှစ်လောက်ကစပြီး သီချင်းတွေရေးခဲ့ပါတယ်။ဒီအယ်လ်ဘမ်အတွက်သီချင်းတွေရေးချိန်မှာ ကျွန်မအသက် ၂၀ပါ၊ အရင်နဲ့မတူတဲ့ စိတ်ဖိစီးမှုတွေ၊မျှော်လင့်ချက်တွေအများကြီးကြုံနေရပါပြီ။ ဘေးကအသံတွေအားလုံးကိုလျစ်လျူရှုပြီးသီချင်းရေးတဲ့ဘက်ကိုသေသေချာချာအာရုံစိုက်ဖြစ်ခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ကကျွန်မကိုတေးရေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာစေခဲ့ပါတယ်” လို့ Gutsနဲ့ပတ်သက်ပြီးဖြေကြားခဲ့တာဖြစ်ပါတယ်။ Guts ရဲ့ […]