Perfect ဖြစ်ချင်လွန်းတဲ့ Boss နဲ့ဘယ်လိုအလုပ်လုပ်မလဲ

အရာရာမှာ Perfect ဖြစ်ချင်လွန်းတဲ့ Boss အတွက်အလုပ်လုပ်ပေးရတာကနည်းနည်းတော့စိန်ခေါ်မှုဖြစ်နေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Perfectionist တွေဟာအရာရာကိုစိတ်တိုင်းကျဖို့ခက်တာ၊ အသေးစိတ်လေးတွေကအစဂရုစိုက်လွန်းအားကြီးတာ၊နေ့စဉ်လုပ်နေရတဲ့သမားရိုးကျအလုပ်တွေမှာ ဝင်ပါတာမျိုးတွေရှိတတ်ကြလို့ပါ။ဒီလိုလူမျိုးနဲ့ဆုံရတဲ့အခါ ကိုယ့်ဘက်ကသူနဲ့အဆင်ပြေအောင် ပြောဆိုလုပ်ကိုင်တတ်ဖို့ကိုဖန်တီးယူရမှာဖြစ်ပါတယ်။

ပထမဆုံးအချက်ကတော့ အကောင်းဘက်ကနေပဲစဉ်းစားဖို့ဖြစ်ပါတယ်။ Perfect ဖြစ်ချင်လွန်းသူနဲ့တွေ့တဲ့အခါ ကိုယ်ကသူ့ရဲ့စံချိန်စံညွှန်းတွေကိုမီအောင်ကြိုးစားရင်းကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်လည်းတက်လာပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အလုပ်ရဲ့ရလဒ်တိုင်းဟာသပ်ရပ်ကောင်းမွန်နေတာမို့ CV ကိုလှစေတယ်လို့လည်းဆိုရမှာပါ။ Boss ကကိုယ့်ကိုဝေဖန်လွန်းတဲ့အခါမျိုးမှာ ဒါဟာ Perfectionist တစ်ယောက်ရဲ့သနားစရာအဖြစ်လို့သာတွေးလိုက်ပါ။ကိုယ့်တာဝန်ကိုအကောင်းဆုံးလုပ်ရင်း သူကငါ့တစ်ယောက်တည်းကိုပဲပြောဆိုဝေဖန်နေတာမဟုတ်ဘူး၊တခြားသူအားလုံးအပေါ်မှာလည်း ဒီလိုပဲဆိုတာကိုစိတ်ထဲမှာထည့်ထားလိုက်ပါ။ ဒါဆိုရင်ခံနိုင်ရည်တိုးလာပါလိမ့်မယ်နော်။

Perfectionist တွေဟာ အလုပ်တစ်ခုကိုစိတ်မပါ့တပါနဲ့စလုပ်တယ်ဆိုတာရှားပါတယ်။ ဒါကြောင့်ကိုယ်ကတက်ကြွသူ၊ စိတ်အားထက် သန်မှုရှိသူဆိုတာကိုပြသဖို့လိုပါတယ်။ အလုပ်ကိုအချိန်နည်းနည်းစောလာပြီး နည်းနည်းနောက်ကျမှပြန်တာမျိုးတွေကို သူတို့ကသ ဘောကျတတ်ကြပါတယ်။ ထမင်းစားချိန်၊နားချိန်အကြာကြီးယူတာမျိုးကို သိပ်မကြိုက်ကြပါဘူး။ ဒါလေးတွေကိုသတိထားလိုက်မယ်ဆိုရင် Boss ရဲ့မျက်စိထဲကန့်လန့်ဖြစ်မနေတော့မှာသေချာပါတယ်။

ပြီးရင်တော့ အလုပ်သေးသေးလေးတွေကအစ အသေးစိတ်ဂရုစိုက်လုပ်ဆောင်ပေးဖို့ပါပဲ။ NBC News ကဆွေးနွေးချက်တစ်ခုမှာတော့ အလုပ်မှာအသေးစိတ်ကအစလိုက်စီမံတတ်တဲ့အထက် လူ ကြီးတွေဟာသူတို့စိတ်မှာ စိတ်ဖိစီးမှုနဲ့ကြောက်ရွံ့မှုကိုခံစားနေရတာကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်ကိုယ့်ဘက်က နားလည်မှု၊ လေးစားမှုတွေနဲ့ဆက်ဆံပြီး သူ့အတွက် အားကိုးရတဲ့သူ၊သစ္စာရှိသူဖြစ်တယ်ဆိုရင် Boss စိတ်တိုင်းအကျဆုံး၊သဘောအကျဆုံးဝန်ထမ်းတစ်ယောက်ဖြစ်လာမှာသေချာပါတယ်။သူတို့တွေဟာ အသေးအဖွဲ့တွေကအစဂရုစိုက်လွန်းသူတွေမို့ အလုပ်နဲ့ပတ်သက်ပြီးပိုအရေးကြီးတဲ့ကိစ္စတွေကိုလုပ်ဆောင်ဖို့ နှောင့်နှေးတတ်ကြပါတယ်။ ဒါကိုကိုယ်က သတိထားပြီး Boss ကိုပြောဆိုအကြံပေးမယ်ဆိုရင် သူနဲ့ကိုယ်ကြားဆက်ဆံရေးလည်းပိုအဆင်ပြေလာပြီးအလုပ်မှာအရေးပါသူတစ်ယောက်လည်းဖြစ်လာမှာပါ။

နောက်ထပ်လုပ်ဆောင်နိုင်တဲ့အချက်ကတော့ Boss ကိုချီးကျူးပေးဖို့ဖြစ်ပါတယ်။ သူများကိုအရာရာသဘောမကျ၊ ဝေဖန်ထောက်ပြလေ့ရှိသူတွေဟာ သူတို့ကိုယ်တိုင်ကလည်းပြည့်စုံတယ်၊ကောင်းမွန်တယ်လို့မခံစားရပါဘူး။ ဒါကြောင့် သူတို့ရဲ့လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်တွေဟာဘယ်လောက်ထိကောင်းမွန်တယ်၊ အဆင်ပြေတယ်ဆိုတာကို ပြောပေးသင့်ပါတယ်။အကောင်းဆုံးကတော့ Boss ကို Perfectionist သမားတွေဖတ်သင့်တဲ့ self-help book လေးတွေညွှန်းပေးနိုင်ရင်အကောင်းဆုံးပါပဲနော်။

Ju Ju

zawgyi

အရာရာမွာ Perfect ျဖစ္ခ်င္လြန္းတဲ့ Boss အတြက္အလုပ္လုပ္ေပးရတာကနည္းနည္းေတာ့စိန္ေခၚမႈျဖစ္ေနတတ္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ Perfectionist ေတြဟာအရာရာကိုစိတ္တိုင္းက်ဖို႔ခက္တာ၊ အေသးစိတ္ေလးေတြကအစဂ႐ုစိုက္လြန္းအားႀကီးတာ၊ေန႔စဥ္လုပ္ေနရတဲ့သမား႐ိုးက်အလုပ္ေတြမွာ ဝင္ပါတာမ်ိဳးေတြရွိတတ္ၾကလို႔ပါ။ဒီလိုလူမ်ိဳးနဲ႔ဆုံရတဲ့အခါ ကိုယ့္ဘက္ကသူနဲ႔အဆင္ေျပေအာင္ ေျပာဆိုလုပ္ကိုင္တတ္ဖို႔ကိုဖန္တီးယူရမွာျဖစ္ပါတယ္။

ပထမဆုံးအခ်က္ကေတာ့ အေကာင္းဘက္ကေနပဲစဥ္းစားဖို႔ျဖစ္ပါတယ္။ Perfect ျဖစ္ခ်င္လြန္းသူနဲ႔ေတြ႕တဲ့အခါ ကိုယ္ကသူ႔ရဲ႕စံခ်ိန္စံၫႊန္းေတြကိုမီေအာင္ႀကိဳးစားရင္းကိုယ့္ရဲ႕လုပ္ရည္ကိုင္ရည္လည္းတက္လာပါတယ္။ ကိုယ္လုပ္ခဲ့တဲ့အလုပ္ရဲ႕ရလဒ္တိုင္းဟာသပ္ရပ္ေကာင္းမြန္ေနတာမို႔ CV ကိုလွေစတယ္လို႔လည္းဆိုရမွာပါ။ Boss ကကိုယ့္ကိုေဝဖန္လြန္းတဲ့အခါမ်ိဳးမွာ ဒါဟာ Perfectionist တစ္ေယာက္ရဲ႕သနားစရာအျဖစ္လို႔သာေတြးလိုက္ပါ။ကိုယ့္တာဝန္ကိုအေကာင္းဆုံးလုပ္ရင္း သူကငါ့တစ္ေယာက္တည္းကိုပဲေျပာဆိုေဝဖန္ေနတာမဟုတ္ဘူး၊တျခားသူအားလုံးအေပၚမွာလည္း ဒီလိုပဲဆိုတာကိုစိတ္ထဲမွာထည့္ထားလိုက္ပါ။ ဒါဆိုရင္ခံႏိုင္ရည္တိုးလာပါလိမ့္မယ္ေနာ္။

Perfectionist ေတြဟာ အလုပ္တစ္ခုကိုစိတ္မပါ့တပါနဲ႔စလုပ္တယ္ဆိုတာရွားပါတယ္။ ဒါေၾကာင့္ကိုယ္ကတက္ႂကြသူ၊ စိတ္အားထက္ သန္မႈရွိသူဆိုတာကိုျပသဖို႔လိုပါတယ္။ အလုပ္ကိုအခ်ိန္နည္းနည္းေစာလာၿပီး နည္းနည္းေနာက္က်မွျပန္တာမ်ိဳးေတြကို သူတို႔ကသ ေဘာက်တတ္ၾကပါတယ္။ ထမင္းစားခ်ိန္၊နားခ်ိန္အၾကာႀကီးယူတာမ်ိဳးကို သိပ္မႀကိဳက္ၾကပါဘူး။ ဒါေလးေတြကိုသတိထားလိုက္မယ္ဆိုရင္ Boss ရဲ႕မ်က္စိထဲကန႔္လန႔္ျဖစ္မေနေတာ့မွာေသခ်ာပါတယ္။

ၿပီးရင္ေတာ့ အလုပ္ေသးေသးေလးေတြကအစ အေသးစိတ္ဂ႐ုစိုက္လုပ္ေဆာင္ေပးဖို႔ပါပဲ။ NBC News ကေဆြးေႏြးခ်က္တစ္ခုမွာေတာ့ အလုပ္မွာအေသးစိတ္ကအစလိုက္စီမံတတ္တဲ့အထက္ လူ ႀကီးေတြဟာသူတို႔စိတ္မွာ စိတ္ဖိစီးမႈနဲ႔ေၾကာက္႐ြံ႕မႈကိုခံစားေနရတာေၾကာင့္ျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဒါေၾကာင့္ကိုယ့္ဘက္က နားလည္မႈ၊ ေလးစားမႈေတြနဲ႔ဆက္ဆံၿပီး သူ႔အတြက္ အားကိုးရတဲ့သူ၊သစၥာရွိသူျဖစ္တယ္ဆိုရင္ Boss စိတ္တိုင္းအက်ဆုံး၊သေဘာအက်ဆုံးဝန္ထမ္းတစ္ေယာက္ျဖစ္လာမွာေသခ်ာပါတယ္။သူတို႔ေတြဟာ အေသးအဖြဲ႕ေတြကအစဂ႐ုစိုက္လြန္းသူေတြမို႔ အလုပ္နဲ႔ပတ္သက္ၿပီးပိုအေရးႀကီးတဲ့ကိစၥေတြကိုလုပ္ေဆာင္ဖို႔ ေႏွာင့္ေႏွးတတ္ၾကပါတယ္။ ဒါကိုကိုယ္က သတိထားၿပီး Boss ကိုေျပာဆိုအႀကံေပးမယ္ဆိုရင္ သူနဲ႔ကိုယ္ၾကားဆက္ဆံေရးလည္းပိုအဆင္ေျပလာၿပီးအလုပ္မွာအေရးပါသူတစ္ေယာက္လည္းျဖစ္လာမွာပါ။

ေနာက္ထပ္လုပ္ေဆာင္ႏိုင္တဲ့အခ်က္ကေတာ့ Boss ကိုခ်ီးက်ဴးေပးဖို႔ျဖစ္ပါတယ္။ သူမ်ားကိုအရာရာသေဘာမက်၊ ေဝဖန္ေထာက္ျပေလ့ရွိသူေတြဟာ သူတို႔ကိုယ္တိုင္ကလည္းျပည့္စုံတယ္၊ေကာင္းမြန္တယ္လို႔မခံစားရပါဘူး။ ဒါေၾကာင့္ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္၊ ဆုံးျဖတ္ခ်က္ေတြဟာဘယ္ေလာက္ထိေကာင္းမြန္တယ္၊ အဆင္ေျပတယ္ဆိုတာကို ေျပာေပးသင့္ပါတယ္။အေကာင္းဆုံးကေတာ့ Boss ကို Perfectionist သမားေတြဖတ္သင့္တဲ့ self-help book ေလးေတြၫႊန္းေပးႏိုင္ရင္အေကာင္းဆုံးပါပဲေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*