IU နဲ့မိတ်ဆွေမဖြစ်ချင်ဘူးလို့ပြောလိုက်တဲ့ Kim Se Jeong

Crash Landing on You ဇာတ်လမ်းတွဲရဲ့ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ All of My Days သီချင်းကိုခံစားချက်အပြည့်နဲ့သီဆိုနိုင်ခဲ့သူ၊ Business Proposal ဇာတ်လမ်းတွဲထဲမှာရှင်းဟာရီအဖြစ်သရုပ် ဆောင်ပီပြင်ခဲ့တဲ့ Kim Se Jeong က လက်ရှိမှာ MBC ရဲ့ Radio Show တစ်ခုမှာပါဝင်နေတာဖြစ်ပါတယ်။စက်တင်ဘာလ ၆ ရက်နေ့က Radio Show ဖြစ်တဲ့ Kim Shin Young’s Hope Song at Noon
ရဲ့အပိုင်းသစ်ကိုပြသရာမှာ အဆိုတော်၊ သရုပ်ဆောင် Kim Se Jeong က “ကျွန်မတကယ့်ကို IU ကိုနှစ်သက်ပါတယ်။ သူမနဲ့ထမင်းတူတူစားဖို့အတွက်လည်းအဆင်ပြေပါတယ်။ ဒါပေမဲ့သူမနဲ့မရင်းနှီးချင်ဘူး” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ IU နဲ့ပိုနီးကပ်လာလေလေ သူမအတွက်စိတ်ပင်ပန်းမှုပိုများလေဖြစ်ပြီးအမှားတွေပိုလုပ်မိလို့ပါလို့ ပြောထားတာဖြစ်ပါတယ်။“IU ကကျွန်မအတွက် စံပြမိန်းကလေးတစ်ယောက်ပါ၊ ကျွန်မက သူ့ရဲ့ Big Fan ပါ။ ဒါကြောင့်လည်းကျွန်မအဆိုတော်မဖြစ်ခင်တုန်းက တက္ကသိုလ်မှာတင်ရမယ့် Assignment အတွက်သူမရဲ့ဘဝဇာတ်ကြောင်းကိုရွေးချယ်တင်ပြခဲ့ဖူးပါတယ်” လို့ပြောခဲ့ပါသေးတယ်။သူမဟာ IU ရဲ့ You Tube Show ဖြစ်တဲ့ Palette အတွက်သီချင်းသီဆိုအသံသွင်းခဲ့ပြီးဖြစ်ပါတယ်။ Kim Se Jeong အနေနဲ့ တေးအယ်လ်ဘမ်အသစ်ထွက်ရှိဖို့ပြင်ဆင်နေပြီး ထိုအယ်လ်ဘမ်ထဲမှာပါဝင်မယ့် Top or Cliff ဆိုတဲ့သီချင်းတစ်ပုဒ်ကို မကြာသေးခင်ကထုတ်ဝေထားပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*