ဇနီးဖြစ်သူနဲ့အကွဲအပြဲသတင်းထွက်လာပေမယ့်လက်ထပ်လက်စွပ်ကိုဝတ်ပြနေဆဲဖြစ်တဲ့ Joe Jonas

Joe Jonas နဲ့ Game of Thrones မင်းသမီး Sophie Turner တို့ကွာရှင်းပြတ်စဲတော့မယ်ဆိုတဲ့သတင်းတွေထွက်လာပေမယ့် Joe Jonas ကတော့ သူ့ရဲ့လက်မှာလက်ထပ်လက်စွပ်ကိုဝတ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။Joe ဟာ သူ့ရဲ့ညီအစ်ကိုတွေဖြစ်တဲ့ Nick Jonas ၊ Kevin Jonas တို့နဲ့အတူ Austin ၊ Texas မှာဖျော်ဖြေနေချိန် သူ့ရဲ့ဘယ်ဘက်လက်သူကြွယ်က လက်ထပ်လက်စွပ်ကိုတွေ့မြင်ရတာပဲဖြစ်ပါတယ်။

အဲဒီ Show မတိုင်ခင် ညီအစ်ကိုတွေနဲ့အပြင်ထွက်စဉ်မှာလည်းလက်စွပ်ကိုဝတ်ဆင်ထားတာတွေ့ရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့လပေါင်းများစွာကတည်းက အိမ်ထောင်ကွာရှင်းပြတ်စဲဖို့အတွက် Joe ကရှေ့နေနဲ့တိုင်ပင်ခဲ့တာဖြစ်တယ်လို့ သတင်းတွေကဖော်ပြကြပေမယ့် သူကတော့ဒီသတင်းအပေါ်ဘာမှတုံံ့ပြန်ဖြေရှင်းတာမျိုးမပြုလုပ်ခဲ့ပါဘူး။သူနဲ့ဇနီးဖြစ်တဲ့ Sophie Turner တို့ဟာ မိုင်ယာမီမှာရှိတဲ့ သူတို့နှစ်ဦးပိုင်အိမ်ကြီးကိုရောင်းချပြီဖြစ်ပေမယ့်နှစ်ယောက်လုံးကလက်စွပ်တွေဝတ်ဆင်ထားဆဲဖြစ်ပါတယ်။ ဒါပေမဲ့ Sophie Turner ဟာ Jonas Brothers Tour ရဲ့ Show တော်တော်များများကိုတက်ရောက်အားပေးဖို့ပျက်ကွက်ခဲ့တာတွေ့ရပါတယ်။Joe နဲ့ Sophie Turner တို့မှာ ၃ နှစ်အရွယ်နဲ့ ၁၃ လအရွယ်သမီးလေးနှစ်ယောက်ရှိပြီး Sophie Turner ကတော့ သူမရဲ့စိတ်ပျော်ရွှင်မှုအတွက် သူငယ်ချင်းနဲ့ဆွေမျိုးတွေရှိတဲ့ England ကိုပြန်ချင်တယ်လို့အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ဖူးတာတွေ့ရပါတယ်။

Ju Ju

zawgyi

Joe Jonas နဲ႔ Game of Thrones မင္းသမီး Sophie Turner တို႔ကြာရွင္းျပတ္စဲေတာ့မယ္ဆိုတဲ့သတင္းေတြထြက္လာေပမယ့္ Joe Jonas ကေတာ့ သူ႔ရဲ႕လက္မွာလက္ထပ္လက္စြပ္ကိုဝတ္ထားဆဲျဖစ္တယ္လို႔သိရပါတယ္။Joe ဟာ သူ႔ရဲ႕ညီအစ္ကိုေတြျဖစ္တဲ့ Nick Jonas ၊ Kevin Jonas တို႔နဲ႔အတူ Austin ၊ Texas မွာေဖ်ာ္ေျဖေနခ်ိန္ သူ႔ရဲ႕ဘယ္ဘက္လက္သူႂကြယ္က လက္ထပ္လက္စြပ္ကိုေတြ႕ျမင္ရတာပဲျဖစ္ပါတယ္။

အဲဒီ Show မတိုင္ခင္ ညီအစ္ကိုေတြနဲ႔အျပင္ထြက္စဥ္မွာလည္းလက္စြပ္ကိုဝတ္ဆင္ထားတာေတြ႕ရတယ္လို႔ဆိုပါတယ္။ၿပီးခဲ့တဲ့လေပါင္းမ်ားစြာကတည္းက အိမ္ေထာင္ကြာရွင္းျပတ္စဲဖို႔အတြက္ Joe ကေရွ႕ေနနဲ႔တိုင္ပင္ခဲ့တာျဖစ္တယ္လို႔ သတင္းေတြကေဖာ္ျပၾကေပမယ့္ သူကေတာ့ဒီသတင္းအေပၚဘာမွတုံံ့ျပန္ေျဖရွင္းတာမ်ိဳးမျပဳလုပ္ခဲ့ပါဘူး။သူနဲ႔ဇနီးျဖစ္တဲ့ Sophie Turner တို႔ဟာ မိုင္ယာမီမွာရွိတဲ့ သူတို႔ႏွစ္ဦးပိုင္အိမ္ႀကီးကိုေရာင္းခ်ၿပီျဖစ္ေပမယ့္ႏွစ္ေယာက္လုံးကလက္စြပ္ေတြဝတ္ဆင္ထားဆဲျဖစ္ပါတယ္။ ဒါေပမဲ့ Sophie Turner ဟာ Jonas Brothers Tour ရဲ႕ Show ေတာ္ေတာ္မ်ားမ်ားကိုတက္ေရာက္အားေပးဖို႔ပ်က္ကြက္ခဲ့တာေတြ႕ရပါတယ္။Joe နဲ႔ Sophie Turner တို႔မွာ ၃ ႏွစ္အ႐ြယ္နဲ႔ ၁၃ လအ႐ြယ္သမီးေလးႏွစ္ေယာက္ရွိၿပီး Sophie Turner ကေတာ့ သူမရဲ႕စိတ္ေပ်ာ္႐ႊင္မႈအတြက္ သူငယ္ခ်င္းနဲ႔ေဆြမ်ိဳးေတြရွိတဲ့ England ကိုျပန္ခ်င္တယ္လို႔အင္တာဗ်ဴးတစ္ခုမွာေျဖၾကားခဲ့ဖူးတာေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*