ကျောင်းတွင်းအနိုင်ကျင့်ခံရမှုလျှော့ချရေးအတွက်ကြိုးပမ်းနေသူ YouTuber Pyo Ye Rim မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွား
သူမဟာ အွန်စောသရုပ်ဆောင်ထားတဲ့ The Glory ဇာတ်ကားထဲကလိုမျိုးကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ၁၂ နှစ်ကြာကြုံခဲ့ရတယ်လို့ဖွင့်ဟခဲ့တဲ့ YouTuber Pyo Ye Rim ဟာအောက်တိုဘာလ ၁၀ ရက်နေ့ကမိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။ဘူဆန်ရဲဌာနနဲ့မီးသတ်ဌာနရဲ့ပြောကြားချက်အရ Seongjigokရေလှောင်ကန်ထဲကိုတစ်ယောက်ယောက်ပြုတ်ကျသွားတယ်လို့ အမျိုးသမီးတစ်ယောက်ကသတင်းပို့ခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဝိုင်းဝန်းရှာဖွေကြတဲ့အခါ Pyo Ye Rim ရဲ့ခန္ဓာကိုယ်ကိုတွေ့ရှိခဲ့ရပြီးသူမကိုဆေးရုံပို့ခဲ့ကြပါတယ်။ ဒါပေမဲ့သူမဟာ နှလုံးရပ်သေဆုံးခဲ့ပြီးဖြစ်တယ်လို့ရဲဌာနကထုတ်ဖော်ပြောကြားပါတယ်။ YouTuber […]