Friends ဇာတ်လမ်းတွဲထဲကမင်းသားကြီး Matthew Perry ကွယ်လွန်ပြီ
English Language တိုးတက်ချင်သူတိုင်းကြည့်သင့်တယ်လို့ ညွှန်းခံရလေ့ရှိတဲ့အပြင်မင်းသမီးဂျနီဖာအန်နစ္စတန်ရယ်လို့နာမည်ရလာစေခဲ့တဲ့ အမေရိကန်ရုပ်သံဇာတ်လမ်းတွဲတစ်ခုကတော့ Friends ပါ။လက်ရှိမှာ Friends ဇာတ်လမ်းတွဲထဲကမင်းသားကြီး Matthew Perry ဟာ အောက်တိုဘာလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်။ သူဟာ လော့အိန်ဂျလိစ်မှာရှိတဲ့သူ့နေအိမ်ရဲ့ရေချိုးကန်အတွင်းမှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူသေဆုံးတဲ့နေရာတစ်ဝိုက်မှာတော့မူးယစ်ဆေးတွေ့တာမျိုး၊ လုပ်ကြံသတ်ဖြတ်ခံရတဲ့အနေအထားမျိုးမတွေ့ရဘူးလို့အာဏာပိုင်တွေကထုတ်ပြန်ပါတယ်။ Friends ကိုထုတ်လုပ်တဲ့ Warner Bros. Television […]