Girls’ Generation က YoonA ရဲ့ Music Video အသစ်

Girls’ Generation က YoonA ဟာ Epitone Project အတွက် Knock ဆိုတဲ့သီချင်းကိုသီဆိုပေးထားပါတယ်။ ဒီသီချင်းလေးက လူတွေကိုစိတ်ငြိမ်းချမ်းရာ၊ လုံခြုံရာနေရာလေးတစ်ခုဆီခေါ်သွားပေးနိုင်လိမ့်မယ်လို့ ညွှန်းဆိုထားပါတယ်။Knock ရဲ့ MV ကို YoonA နဲ့ပဲရိုက်ကူးထားပြီး ဒီသီချင်းလေးက နွေဦးရဲ့အလှအပကိုအကောင်းဆုံးဖော်ကျူးထားပါတယ်။

သူမရဲ့အသံချိုချိုအေးအေးလေးနဲ့ လှပတဲ့ရိုက်ချက်တွေကနေချင်စရာနွေဦးလေးကိုဖန်တီးပေးနေသလိုပါပဲ။Knock သီချင်းကို Epitone Project ကပဲရေးသားသီကုံးပြီးထုတ်လုပ်တာဖြစ်ပါတယ်။ Epitone Project ဟာ indies pop အဆိုတော်၊ ဂီတပညာရှင်၊ ပရိုဂျူဆာ ချာဆီဂျောင်းရဲ့ Stage Name ဖြစ်ပါတယ်။လက်ရှိမှာတော့ YoonA ဟာ သူမပါဝင်ရိုက်ကူးမယ့်ရုပ်ရှင် 2 O’ Clock Date ဇာတ်ကားအတွက်ပြင်ဆင်လျက်ရှိနေပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*