ဂါဇာက ကလေးတွေအတွက်အမေရိကန်ဒေါ်လာ ၄၅၀၀၀ လှူဒါန်းခဲ့တဲ့ချန်ဂင်
နန်းတွင်းရတနာဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေအချစ်ပိုခဲ့တဲ့ ချန်ဂင်(လီယောင်အေး) က ဂါဇာကကလေးတွေအတွက် ဒေါ်လာ ၄၅၀၀၀ လှူဒါန်းလိုက်တယ်လို့သိရပါတယ်။ ဒေါ်လာ ၄၅၀၀၀ ဟာကိုရီးယားဝမ် သန်း ၅၀ နဲ့ညီမျှပါတယ်။သူမဟာ Korea Red Cross မှာတဆင့်ဒီအလှူငွေတွေကိုလှူဒါန်းခဲ့တာဖြစ်ပြီး ဂါဇာပဋိပက္ခအတွင်းအရေးပေါ်ကုသဖို့လိုအပ်နေတဲ့ကလေးများအတွက် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လီယောင်အေးက “ဒီပဋိပက္ခစစ်ပွဲကနေ နေ့တိုင်းမြင်တွေ့နေရတဲ့သတင်းတွေကကျွန်မကိုအရမ်းကိုစိတ်ထိခိုက်စေပါတယ်။ ကျွန်မရဲ့လှူ ဒါန်းမှုလေးကမိသားစုဝင်ဆုံးရှုံးသွားရတဲ့ကလေးတွေ၊ […]