ကောင်းမွန်တဲ့ အပြောင်းအလဲအတွက် နေ့စဉ်လုပ်သင့်တဲ့ Positive Affirmation များ – အပိုင်း (၂)
အပြုသဘောဆောင်တဲ့ ကတိသစ္စာပြုခြင်းကို Positive Affirmation လို့ခေါ်ပါတယ်။ ဘယ်သူ့ကိုကတိသစ္စာပြုသလဲဆိုရင် ကိုယ့်ကိုယ်ကိုယ်ပါ။ ဒီအပြုသဘောဆောင်တဲ့ကတိသစ္စာပြုခြင်းကနေ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ကိုယ်ရေး ကိုယ်တာအခြေအနေတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ကိုယ်ကအဆိုးမြင်တတ်တဲ့သူတယောက်ဆိုရင် ဒီအချက်လေးတွေ ပြောင်းလဲပြီးလုပ်ကြည့်ပါ။အကျိုးရှိလာပါလိမ့်မယ်။ ဒီလိုကတိသစ္စာပြုတာက နှုတ်ကနေ ရွတ်ဆိုရတာပါ။ ကိုယ်ဖြစ်ချင်တဲ့ကောင်းမွန်တဲ့ဆန္ဒလေးတွေကို နှုတ်ကနေရွတ်ဆိုတာက Positive Affirmation ပါပဲ။
ကောင်းမွန်တဲ့ ဘဝအပြောင်းအလဲအတွက် ဒီအချက်လေးတွေကို ရွတ်ဆိုကြည့်ပါ။ကောင်းမွန်တဲ့ စကားလုံးတွေ၊ ကောင်းမွန်တဲ့အတွေးတွေက ကိုယ့်ကိုရောင်ပြန်ဟပ်ပါတယ်။အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ ကတိပြုချက်တွေက ပိုမိုကောင်းမွန်တဲ့အစပြုခြင်းတွေကို
ပုံဖော်ပေးနိုင်ပါတယ်။တကယ်လို့သင်က အပြုသဘောဆောင်တဲ့ ကတိပြုမှုတွေကို စတင်လုပ်ဆောင်ဖို့အဆင်သင့်ပဲဆိုရင် သင့်ရဲ့အဆိုးမြင်မှုတွေးခေါ်မှုပုံစံတွေကို ပြောင်းလဲပြီးဒီမက်ဆေ့ချ်လေးတွေကို အသုံးပြုပြီး ကောင်းမွန်တဲ့ အပြောင်းအလဲတရပ်ကိုဖော်ဆောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ငါ့ကိုယ်ငါယုံကြည်တယ်
ဒီစကားကို ခပ်တိုးတိုးရွတ်ဆိုပါ။ တခါတလေမှာ ယုံကြည်ချက်တွေပျောက်ဆုံးတာပဲဖြစ်စေ၊တခြားသူတွေက သင့်ကိုမယုံမကြည်ဖြစ်တာဖြစ်စေ၊ စိန်ခေါ်မှုတွေကိုရင်ဆိုင်ရတာဖြစ်စေဒီလိုမျိုးကြုံလာရတဲ့အခါမှာ ဒီကတိပြုမှုက ကိုယ့်ရဲ့သတ္တိတွေ၊ ယုံကြည်မှုတွေကိုတိုး ပွားလာစေနိုင်ပါတယ်။
တနေ့တာအတွက် ကျေးဇူးတင်ပါ
ကိုယ်ရရှိလိုက်တဲ့ တနေ့တာအတွက် ကျေးဇူးတင်စကားဆိုပါ။ နေ့တနေ့ရဲ့အဆုံးမှာဒီကနေ့ကြုံလာသမျှ အရာရာအတွက် ကျေးဇူးတင်စကားဆိုပါ။ဘဝအတွက်ကျေးဇူးတင်စကားဆိုတာက ဘဝမှာ ပိုပြီးပြည့်ပြည့်စုံစုံနေထိုင်ဖို့အတွက်ကူညီပေးနိုင်ပါတယ်။
ငါလိုချင်တဲ့အရာက ငါနဲ့ထိုက်တန်တယ်
ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် သင့်ဝါသနာကိုရှာဖွေဖို့အတွက်ဒီစကားက ကူညီပေးဖို့အတွက် ရည်ရွယ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာကကိုယ်နဲ့ထိုက်တန်တယ်ဆိုတဲ့ စကားကို နှလုံးသွင်းပါ။ မကြာခဏလည်း နှုတ်ကနေရွတ်ဆိုပါ။ဒီလိုရွတ်ဆိုတာနဲ့အမျှ ယုံကြည်ချက်ခိုင်မာလာစေပါတယ်။
ငါကိုယ်ငါ ရွေးချယ်တယ်
တခါတလေမှာ လူတွေက ကိုယ်လုပ်ချင်တဲ့အရာတွေကိုလုပ်ဆောင်ဖို့အတွက် တခြားသူတွေရဲ့ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေတတ်ပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာအတွက်ကိုယ်ဆန္ဒဆိုတာထက် သူများရဲ့ခွင့်ပြုချက်ကိုစောင့်ဆိုင်းတာမျိုးပါ။ ဒါကြောင့် သင်ကိုယ်တိုင်ပဲကိုယ့်ကိုယ်ကိုယ်ရွေးချယ်ပါ။ သင့်ဆန္ဒအတိုင်းလုပ်ဆောင်ဖို့ သင့်ကိုယ်တိုင်ခွင့်ပြုချက်ပေးပါ။
MYit
zawgyi
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*