Guts ကြောင့် တေးရေးတစ်ယောက်အဖြစ်ယုံကြည်မှုတွေရှိလာတယ်ဆိုတဲ့ Olivia Rodrigo

LOS ANGELES, CALIFORNIA - NOVEMBER 05: Olivia Rodrigo attends the 37th Annual Rock & Roll Hall Of Fame Induction Ceremony at Microsoft Theater on November 05, 2022 in Los Angeles, California. (Photo by Jeff Kravitz/FilmMagic)

Olivia Rodrigo အနေနဲ့ Guts ဆိုတဲ့တေးအယ်လ်ဘမ်ကိုဒီလ ၈ ရက်နေ့ကဖြန့်ချိခဲ့တာဖြစ်ပါတယ်။ဒီအယ်ဘမ်ထဲမှာ အရွယ်ရောက်လာပြီဖြစ်တဲ့ လူငယ်တစ်ယောက်ရဲ့အတွေးအမြင်နဲ့ရှုပ်ထွေးမှုလေးတွေအကြောင်းပါဝင်ထားပြီးသူမအနေနဲ့သီချင်းဖန်တီးမှုအပေါ်ဘယ် လောက်ထိအားစိုက်ထုတ်ခဲ့တယ်ဆိုတာပြောပြခဲ့ပါတယ်။

“ကျွန်မအနေနဲ့အသက် ၁၇ နှစ်လောက်ကစပြီး သီချင်းတွေရေးခဲ့ပါတယ်။ဒီအယ်လ်ဘမ်အတွက်သီချင်းတွေရေးချိန်မှာ ကျွန်မအသက် ၂၀ပါ၊ အရင်နဲ့မတူတဲ့ စိတ်ဖိစီးမှုတွေ၊မျှော်လင့်ချက်တွေအများကြီးကြုံနေရပါပြီ။ ဘေးကအသံတွေအားလုံးကိုလျစ်လျူရှုပြီးသီချင်းရေးတဲ့ဘက်ကိုသေသေချာချာအာရုံစိုက်ဖြစ်ခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ကကျွန်မကိုတေးရေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာစေခဲ့ပါတယ်” လို့ Gutsနဲ့ပတ်သက်ပြီးဖြေကြားခဲ့တာဖြစ်ပါတယ်။

Guts ရဲ့ ပွဲဦးထွက်သီချင်းဖြစ်တဲ့ Vampire နဲ့ Bad Idea Right? ကိုတော့ ဇွန်လနဲ့ဩဂုတ်လတွေကဖြန့်ချိခဲ့ပြီးဖြစ်ပါတယ်။ Olivia Rodrigo ဟာ သူမရဲ့ပထမဆုံးသီချင်း Drivers License နဲ့ Billboard Hot 100 မှာနံပါတ် ၁ ၊ Déjà vu နဲ့ Billboard Hot 100 မှာ နံပါတ် ၈ ချိတ်ခဲ့ပါတယ်။ သူမဟာ ယခုနှစ်နိုဝင်ဘာလမှာထုတ်လွှင့်မယ် High school Musicalဇာတ်လမ်းတွဲမှာလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Ju Ju

zawgyi

Olivia Rodrigo အေနနဲ႔ Guts ဆိုတဲ့ေတးအယ္လ္ဘမ္ကိုဒီလ ၈ ရက္ေန႔ကျဖန႔္ခ်ိခဲ့တာျဖစ္ပါတယ္။ဒီအယ္ဘမ္ထဲမွာ အ႐ြယ္ေရာက္လာၿပီျဖစ္တဲ့ လူငယ္တစ္ေယာက္ရဲ႕အေတြးအျမင္နဲ႔ရႈပ္ေထြးမႈေလးေတြအေၾကာင္းပါဝင္ထားၿပီးသူမအေနနဲ႔သီခ်င္းဖန္တီးမႈအေပၚဘယ္ ေလာက္ထိအားစိုက္ထုတ္ခဲ့တယ္ဆိုတာေျပာျပခဲ့ပါတယ္။

“ကြၽန္မအေနနဲ႔အသက္ ၁၇ ႏွစ္ေလာက္ကစၿပီး သီခ်င္းေတြေရးခဲ့ပါတယ္။ဒီအယ္လ္ဘမ္အတြက္သီခ်င္းေတြေရးခ်ိန္မွာ ကြၽန္မအသက္ ၂၀ပါ၊ အရင္နဲ႔မတူတဲ့ စိတ္ဖိစီးမႈေတြ၊ေမွ်ာ္လင့္ခ်က္ေတြအမ်ားႀကီးႀကဳံေနရပါၿပီ။ ေဘးကအသံေတြအားလုံးကိုလ်စ္လ်ဴရႈၿပီးသီခ်င္းေရးတဲ့ဘက္ကိုေသေသခ်ာခ်ာအာ႐ုံစိုက္ျဖစ္ခဲ့ပါတယ္။ ဒီအယ္လ္ဘမ္ကကြၽန္မကိုေတးေရးတစ္ေယာက္အျဖစ္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈတိုးလာေစခဲ့ပါတယ္” လို႔ Gutsနဲ႔ပတ္သက္ၿပီးေျဖၾကားခဲ့တာျဖစ္ပါတယ္။

Guts ရဲ႕ ပြဲဦးထြက္သီခ်င္းျဖစ္တဲ့ Vampire နဲ႔ Bad Idea Right? ကိုေတာ့ ဇြန္လနဲ႔ဩဂုတ္လေတြကျဖန႔္ခ်ိခဲ့ၿပီးျဖစ္ပါတယ္။ Olivia Rodrigo ဟာ သူမရဲ႕ပထမဆုံးသီခ်င္း Drivers License နဲ႔ Billboard Hot 100 မွာနံပါတ္ ၁ ၊ Déjà vu နဲ႔ Billboard Hot 100 မွာ နံပါတ္ ၈ ခ်ိတ္ခဲ့ပါတယ္။ သူမဟာ ယခုႏွစ္ႏိုဝင္ဘာလမွာထုတ္လႊင့္မယ္ High school Musicalဇာတ္လမ္းတြဲမွာလည္းပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*