America’s Got Talent ရဲ့ Winner ဖြစ်သွားတဲ့ Adrian Stoica နဲ့ခွေးလေးဟာရီကိန်း
၂၀၂၃ ခုနစ်၊ ၁၈ ကြိမ်မြောက် America’s Got Talent အစီအစဉ်ရဲ့ နောက်ဆုံးဆုရရှိသူ Winner ကိုမကြာခင်ရက်ကရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။ America’s Got Talent ရဲ့ Winner ဖြစ်သွားတဲ့ Adrian Stoica နဲ့ သူ့ရဲ့ခွေးမလေးဟာရီကိန်းဟာ Final Show မှာ Crazy Little Things Called Love by Queen Performance နဲ့ယှဉ်ပြိုင်ခဲ့ပြီးအဆုံးသတ်အနိုင်ယူနိုင်ခဲ့တာြဖစ်ပါတယ်။ သူတို့ဟာ ပြိုင်ဖက်ဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ်အင်ဒိုနီးရှားအဆိုတော်မလေး Putri Ariani ကိုယှဉ်ပြိုင်အနိုင်ယူသွားခဲ့တာပါ။
Adrian Stoica က ရရှိတဲ့ဆုကြေးငွေ အမေရိကန်ဒေါ်လာတစ်သန်းကိုသူ့ရဲ့ ခွေးမလေးအတွက်အကောင်းဆုံးအစားအစာတွေဝယ်ဖို့နဲ့သူမအရမ်းကြိုက်တဲ့သိုးလေးတွေဝယ်ပေးဖို့ရှိနေတယ်လို့ဆိုထားပါတယ်။“ပွဲစဉ်အတွင်းမှာ သူရောကျွန်တော်ရောဝိတ်ထိန်းထားရပါတယ်။ အဲဒါကြောင့်သူလည်း Diet ပဲစားနေရတာပါ။ အခုတော့သူ့ကိုအစားအသောက်ကောင်းကောင်းလေးတွေကျွေးမယ်”လို့သူကပြောခဲ့တာဖြစ်ပါတယ်။ Adrian Stoica ဟာအီတလီနိုင်ငံသား Dog Trainer တစ်ယောက်ဖြစ်ပြီး“ခွေးလေးတွေဟာလူတွေရဲ့ဘဝကိုပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။အဲဒါကအဓိကပေးချင်မိတဲ့သတင်းစကားပါပဲ” လို့ သူကအင်တာဗျုးမှာဖြေကြားခဲ့ပါတယ်။
Ju Ju
zawgyi
Ju Ju
Be the first to comment
Leave a Reply
Your email address will not be published.
*