လူတွေကိုအားကျစေခဲ့တဲ့ Kylie Jenner နဲ့ Timothee Chalamet

ဘီယွန်းဆေးရဲ့ဖျော်ဖြေပွဲကိုတက်ရောက်လာတဲ့ Kylie Jenner နဲ့ Timothee Chalamet တို့စုံတွဲရဲ့အနမ်းပုံရိပ်တွေကြောင့် လူတော် တော်များများကရင်ခုန်အားကျနေကြပါတယ်။သူတို့နှစ်ဦးတွဲနေတယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပေမယ့်အခုလိုလူမြင်ကွင်းရှေ့ထွက်လာပြီးအတည်ပြုလိုက်တာက တော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။လော့စ်အိန်ဂျလိစ်၊ SoFi ခန်းမမှာပြုလုပ်ခဲ့တဲ့ ဘီယွန်းဆေးရဲ့ ၄၂ နှစ်ပြည့်အမှတ်တရသီဆိုဖျော်ဖြေပွဲကို VIP Section ကနေ သူတို့နှစ်ဦးအပြင် Kendall ၊ Lori Harvey ၊ Justin Bieber ၊ Hailey Bieber ၊ Adele ၊ Zendaya နဲ့ Kim Kardashian တို့ပါကြည့်ရှုအားပေးခဲ့ကြတယ်လို့သိရပါတယ်။

တစ်ညလုံးနီးနီးကပ်ကပ်အတူရှိနေကြတဲ့သူတို့နှစ်ဦးက လူတွေအများကြီးရှိနေပေမယ့်မကြာခဏအနမ်းပန်းတွေခြွေပြီး Kylie Jenner က Timothee Chalamet ရဲ့ဦးထုပ်ကိုချွတ်ကာသူ့ရဲ့ဆံပင်တွေကိုပုံစံကျအောင်ပြုပြင်ပေးနေခဲ့တာကို ဗီဒီယိုဖိုင်တွေမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးတွဲနေတယ်ဆိုတာကို ပြီးခဲ့တဲ့ဧပြီလမှာသတင်းသမားတွေက ခြေရာခံအတည်ပြုနိုင်ခဲ့တာပါ။Timothee Chalamet ဟာ အမေရိကန်-ပြင်သစ်လူမျိုး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး Call me by your name ၊ Little Women ၊ Bones and All ၊ Dune ၊ Beautiful Boy ၊ Wonka စတဲ့နာမည်ကြီးဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

Ju Ju

zawgyi

ဘီယြန္းေဆးရဲ႕ေဖ်ာ္ေျဖပြဲကိုတက္ေရာက္လာတဲ့ Kylie Jenner နဲ႔ Timothee Chalamet တို႔စုံတြဲရဲ႕အနမ္းပုံရိပ္ေတြေၾကာင့္ လူေတာ္ ေတာ္မ်ားမ်ားကရင္ခုန္အားက်ေနၾကပါတယ္။သူတို႔ႏွစ္ဦးတြဲေနတယ္ဆိုတဲ့ သတင္းေတြထြက္လာခဲ့ေပမယ့္အခုလိုလူျမင္ကြင္းေရွ႕ထြက္လာၿပီးအတည္ျပဳလိုက္တာက ေတာ့ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ေလာ့စ္အိန္ဂ်လိစ္၊ SoFi ခန္းမမွာျပဳလုပ္ခဲ့တဲ့ ဘီယြန္းေဆးရဲ႕ ၄၂ ႏွစ္ျပည့္အမွတ္တရသီဆိုေဖ်ာ္ေျဖပြဲကို VIP Section ကေန သူတို႔ႏွစ္ဦးအျပင္ Kendall ၊ Lori Harvey ၊ Justin Bieber ၊ Hailey Bieber ၊ Adele ၊ Zendaya နဲ႔ Kim Kardashian တို႔ပါၾကည့္ရႈအားေပးခဲ့ၾကတယ္လို႔သိရပါတယ္။

တစ္ညလုံးနီးနီးကပ္ကပ္အတူရွိေနၾကတဲ့သူတို႔ႏွစ္ဦးက လူေတြအမ်ားႀကီးရွိေနေပမယ့္မၾကာခဏအနမ္းပန္းေတြေႁခြၿပီး Kylie Jenner က Timothee Chalamet ရဲ႕ဦးထုပ္ကိုခြၽတ္ကာသူ႔ရဲ႕ဆံပင္ေတြကိုပုံစံက်ေအာင္ျပဳျပင္ေပးေနခဲ့တာကို ဗီဒီယိုဖိုင္ေတြမွာေတြ႕ျမင္ရမွာပဲျဖစ္ပါတယ္။သူတို႔ႏွစ္ဦးတြဲေနတယ္ဆိုတာကို ၿပီးခဲ့တဲ့ဧၿပီလမွာသတင္းသမားေတြက ေျခရာခံအတည္ျပဳႏိုင္ခဲ့တာပါ။Timothee Chalamet ဟာ အေမရိကန္-ျပင္သစ္လူမ်ိဳး သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး Call me by your name ၊ Little Women ၊ Bones and All ၊ Dune ၊ Beautiful Boy ၊ Wonka စတဲ့နာမည္ႀကီးဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*