လူတွေကြားပေါ်ပြူလာဖြစ်နေတဲ့ ရွေးနီမလေးဂျန်နာရာရဲ့နုပျိုမှု

ရွေးနီမလေးချစ်ပုံပြင်ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေချစ်ခင်အားပေးခဲ့ကြတဲ့ ဂျန်နာရာက လက်ရှိမှာအသက် ၄၂ နှစ်ရှိပြီဖြစ်ပါတယ်။စက်တင်ဘာလ (၉) ရက်နေ့မှာ အသက် ၄၂ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့သူမက သူမရဲ့ Instagram Story မှာပုံလေးတွေမျှဝေခဲ့ပါတယ်။ ဦးထုပ်အဖြူလေးဆောင်းပြီးချစ်စရာကောင်းနေတဲ့သူမရဲ့နုပျိုမှုကပရိသတ်တွေကို အံ့အားသင့်စေခဲ့တာြဖစ်ပါတယ်။ပရိသတ်တွေက သူမကို “နုပျိုလွန်းတယ်၊ အသက် ၄၀ကျော်သွားပြီဆိုတာဘယ်လိုမှယုံနိုင်စရာမရှိဘူး”ဆိုတဲ့ မှတ်ချက်တွေပေးခဲ့ကြတာပါ။

ဂျန်နာရာဟာ ၂၀၀၁ ခုနစ်ကတည်းက SM Entertainment နဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးအဆိုတော်အဖြစ်နဲ့အနုပညာလှုပ်ရှားမှုတွေကို စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၂ ခုနစ်မှာတော့သရုပ်ဆောင်အလုပ်ကိုစတင်လုပ်ဆောင်ခဲ့ပြီး You are my Destiny ၊ Confession Couple ၊ The last empress နဲ့ VIP စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ကားတော်တော်များများမှာလည်းပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။အပျိုကြီးအဖြစ်နေထိုင်ခဲ့တဲ့သူမဟာ ၂၀၂၂ ခုနစ်၊ ဇွန်လကမှ သူမထက် ၆ နှစ်ငယ်တဲ့အမျိုးသားတစ်ယောက်နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဂျန်နာရာဟာ TV Chosun ကထုတ်လွှင့်မယ့် My Happy End ဆိုတဲ့ဇာတ်လမ်းတွဲကိုရိုက်ကူးနေတယ်လို့သိရပါတယ်။

Ju Ju

zawgyi

ေ႐ြးနီမေလးခ်စ္ပုံျပင္ဇာတ္လမ္းတြဲနဲ႔ ျမန္မာပရိသတ္ေတြခ်စ္ခင္အားေပးခဲ့ၾကတဲ့ ဂ်န္နာရာက လက္ရွိမွာအသက္ ၄၂ ႏွစ္ရွိၿပီျဖစ္ပါတယ္။စက္တင္ဘာလ (၉) ရက္ေန႔မွာ အသက္ ၄၂ ႏွစ္ျပည့္ခဲ့ၿပီျဖစ္တဲ့သူမက သူမရဲ႕ Instagram Story မွာပုံေလးေတြမွ်ေဝခဲ့ပါတယ္။ ဦးထုပ္အျဖဴေလးေဆာင္းၿပီးခ်စ္စရာေကာင္းေနတဲ့သူမရဲ႕ႏုပ်ိဳမႈကပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။ပရိသတ္ေတြက သူမကို “ႏုပ်ိဳလြန္းတယ္၊ အသက္ ၄၀ေက်ာ္သြားၿပီဆိုတာဘယ္လိုမွယုံႏိုင္စရာမရွိဘူး”ဆိုတဲ့ မွတ္ခ်က္ေတြေပးခဲ့ၾကတာပါ။

ဂ်န္နာရာဟာ ၂၀၀၁ ခုနစ္ကတည္းက SM Entertainment နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးအဆိုေတာ္အျဖစ္နဲ႔အႏုပညာလႈပ္ရွားမႈေတြကို စတင္ခဲ့တာျဖစ္ပါတယ္။ ၂၀၀၂ ခုနစ္မွာေတာ့သ႐ုပ္ေဆာင္အလုပ္ကိုစတင္လုပ္ေဆာင္ခဲ့ၿပီး You are my Destiny ၊ Confession Couple ၊ The last empress နဲ႔ VIP စတဲ့ဇာတ္လမ္းတြဲေတြနဲ႔ ႐ုပ္ရွင္ကားေတာ္ေတာ္မ်ားမ်ားမွာလည္းပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။အပ်ိဳႀကီးအျဖစ္ေနထိုင္ခဲ့တဲ့သူမဟာ ၂၀၂၂ ခုနစ္၊ ဇြန္လကမွ သူမထက္ ၆ ႏွစ္ငယ္တဲ့အမ်ိဳးသားတစ္ေယာက္နဲ႔လက္ထပ္ခဲ့တာျဖစ္ပါတယ္။လက္ရွိမွာဂ်န္နာရာဟာ TV Chosun ကထုတ္လႊင့္မယ့္ My Happy End ဆိုတဲ့ဇာတ္လမ္းတြဲကို႐ိုက္ကူးေနတယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*