Introvert တို့ရွေးချယ်သင့်သောအလုပ်အကိုင်များ

ကိုယ်က Introvert လား၊ Extrovert လားခွဲခြားပြီးတော့သိထားတယ်ဆိုရင်အလုပ်အကိုင်ရွေးချယ်ရာမှာလည်း ပိုပြီးတော့အဆင်ပြေပါတယ်နော်။ ကိုယ်ကလူအများနဲ့ရောနှောနေရတာကိုသိပ်မကြိုက်ဘူး၊ ကိုယ့်အာရုံလေးနဲ့ကိုယ်ပဲအလုပ်လုပ်ချင်တယ်ဆိုရင် Career တစ်ခုကိုမစတင်ခင်မှာကတည်းက သေသေချာချာပြင်ဆင်ရွေးချယ်ဖို့လိုပါတယ်။Introvert တစ်ယောက်အနေနဲ့ အားနည်းချက်လို့မဆိုသာပေမယ့်သူတို့အတွက်ခက်ခဲစေတဲ့အရာတွေထဲမှာ လူတွေအများကြီးနဲ့ပေါင်းသင်းဆက်ဆံရတာ၊စင်ပေါ်တက်ပြီးစကားပြောဆိုရတာ၊လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆက်ဆံရေးမြန်မြန်တည်ဆောက်ရတာစတဲ့အရာလေးတွေလည်းပါဝင်ပါတယ်။ ဒါကြောင့်သူတို့အတွက် Sales အလုပ်တွေနဲ့ PR အလုပ်တွေကအရမ်းကြီးသင့်တော်တဲ့အထဲမပါဝင်ပါဘူး။လူတွေက ကိုယ့်ကိုယ်ကိုယ် Introvert၊ Extrovert ဆိုပြီးအကြမ်းဖျင်းခွဲခြားတတ်ကြပေမယ့်အမြဲတမ်းတော့ Introvert စစ်စစ်၊ Extrovert စစ်စစ်ဖြစ်နေတာမျိုးမဟုတ်ပါဘူး။Introvert တွေကလည်း သူငယ်ချင်းတွေနဲ့သွားလာနေတဲ့အချိန်၊ ကိုယ့် Team နဲ့ကိုယ်ရောရောနှောနှောနေတတ်တဲ့အချိန်တွေရှိသလို Extrovert တွေကလည်းတစ်ယောက်တည်းနေချင်မိတဲ့အချိန်တွေရှိမှာပါပဲ။ ဒါကြောင့်ရလာတဲ့အလုပ်မှာကြိုးစားကျင့်ယူမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ကိုယ့်ရဲ့တကယ့်ပုံစံက Introvert ဘက်ကိုတော်တော်လေးယိမ်းပြီး တွေးကြည့်လိုက်တာနဲ့လူအများကြီးနဲ့ပြောဆိုဆက်ဆံရမှာ၊သိသိမသိသိကိုယ်ကစကားစပြောမိတ်ဆက်ရမှာမျိုးတွေကိုသိပ်မလုပ်ချင်မိဘူးဆိုရင်အခုဖော်ပြမယ့်အလုပ်တွေနဲ့ပိုပြီးသင့်တော်ပါတယ်။အလုပ်တွေကိုမရွေးချယ်ခင် ကိုယ့်ရဲ့အားသာချက်ကိုလည်းသိဖို့လိုပါတယ်။ Introvert တွေရဲ့အားသာချက်တွေထဲမှာ ကိုယ်ချင်းစာစိတ်ရှိတာ၊ ခွဲခြမ်းစိတ်ဖြာတတ်မှုအားကောင်းတာ၊ဖန်တီးတီထွင်နိုင်စွမ်းနဲ့ အသေးစိတ်ပြင်ဆင်တတ်တာစတဲ့အချက်တွေလည်းပါဝင်ပါတယ်။ကောင်းမွန်ခိုင်မာတဲ့ Relationship ကိုတည်ဆောက်နိုင်ပြီးတော့ သင်ယူနိုင်စွမ်း၊ နားထောင်နိုင်စွမ်းနဲ့လွတ်လွတ်လပ်လပ်လုပ်ဆောင်နိုင်စွမ်း တွေမှာအားသာကြပါတယ်။လူတွေအများကြီးနဲ့အနေတတ်ဘူးဆိုပေမယ့် သူတစ်ပါးအပေါ်တွေးပေးတတ်တဲ့စာနာစိတ်များသူတွေမို့လူအများကိုကူညီရတဲ့အလုပ်၊ မိသားစုတွေ၊အဖွဲ့အစည်းတွေနဲ့ဆက်သွယ်လုပ်ဆောင်ရတာမျိုးဆိုအဆင်ပြေကြပါတယ်။ သူတစ်ပါးကိုကူညီရှင်းပြပေးရတဲ့နေရာတွေမှာလုပ်ဆောင်နိုင်ကြပါတယ်။ ဥပမာ-ကျောင်းလျှောက်ဖို့ပြင်ဆင်ပေးတာ၊ ပြဿနာတစ်ခုအပေါ်အဖြေရှာပေးရတာမျိုးတွေနဲ့သင့်တော်ပါတယ်။


UX Designer ၊ Data Scientist ၊ အင်ဂျင်နီယာ ၊ IT Manager ၊ Technician ၊ Researcher စတဲ့ Career တွေကိုရွေးချယ်နိုင်ပါတယ်။Creativity ပိုင်းမှာဆိုရင် Graphic Designer ၊ Content Writer ၊ စာရေးတဲ့အလုပ်၊ဘာသာပြန်တဲ့အလုပ်တွေအပြင်မိမိဘာသာ Handmade လုပ်တာမျိုးတွေနဲ့အရမ်းကိုသင့်တော်ပါတယ်။Software Developer ၊ Accountant ၊ Market Research၊ Analyst စတဲ့နယ်ပယ်တွေကိုလည်းရွေးချယ်နိုင်ပါတယ်။တိရစ္ဆာန်ဆရာဝန်အလုပ်မျိုးကလည်း Introvert တို့အတွက်အဆင်ပြေတဲ့အလုပ်ပါ။ဒါတွေအပြင် Work from home အလုပ်တွေနဲ့လည်းသင့်တော်တာမို့ကျွမ်းကျင်မှုတစ်ခုကိုမြန်မြန်တည်ဆောက်ပြီး အိမ်ကနေပဲအလုပ်တွေလုပ်နိုင်ပါသေးတယ်။ကိုယ်ကသူများလို လူအများကြားရောနှောချိုမြပြီးမနေတတ်လို့စိတ်မညစ်ပါနဲ့နော်။ Introvert တွေအတွက် ဝင်ငွေကောင်းတဲ့အလုပ်အကိုင်တွေအများကြီးရှိတာမို့ ထပ်ပြီးစဥ်းစားမိတာရှိရင်လည်း Comment ကနေမျှဝေခဲ့ပါဦး။

Ju Ju

zawgyi

ကိုယ္က Introvert လား၊ Extrovert လားခြဲျခားၿပီးေတာ့သိထားတယ္ဆိုရင္အလုပ္အကိုင္ေ႐ြးခ်ယ္ရာမွာလည္း ပိုၿပီးေတာ့အဆင္ေျပပါတယ္ေနာ္။ ကိုယ္ကလူအမ်ားနဲ႔ေရာေႏွာေနရတာကိုသိပ္မႀကိဳက္ဘူး၊ ကိုယ့္အာ႐ုံေလးနဲ႔ကိုယ္ပဲအလုပ္လုပ္ခ်င္တယ္ဆိုရင္ Career တစ္ခုကိုမစတင္ခင္မွာကတည္းက ေသေသခ်ာခ်ာျပင္ဆင္ေ႐ြးခ်ယ္ဖို႔လိုပါတယ္။Introvert တစ္ေယာက္အေနနဲ႔ အားနည္းခ်က္လို႔မဆိုသာေပမယ့္သူတို႔အတြက္ခက္ခဲေစတဲ့အရာေတြထဲမွာ လူေတြအမ်ားႀကီးနဲ႔ေပါင္းသင္းဆက္ဆံရတာ၊စင္ေပၚတက္ၿပီးစကားေျပာဆိုရတာ၊လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ဆက္ဆံေရးျမန္ျမန္တည္ေဆာက္ရတာစတဲ့အရာေလးေတြလည္းပါဝင္ပါတယ္။ ဒါေၾကာင့္သူတို႔အတြက္ Sales အလုပ္ေတြနဲ႔ PR အလုပ္ေတြကအရမ္းႀကီးသင့္ေတာ္တဲ့အထဲမပါဝင္ပါဘူး။လူေတြက ကိုယ့္ကိုယ္ကိုယ္ Introvert၊ Extrovert ဆိုၿပီးအၾကမ္းဖ်င္းခြဲျခားတတ္ၾကေပမယ့္အၿမဲတမ္းေတာ့ Introvert စစ္စစ္၊ Extrovert စစ္စစ္ျဖစ္ေနတာမ်ိဳးမဟုတ္ပါဘူး။Introvert ေတြကလည္း သူငယ္ခ်င္းေတြနဲ႔သြားလာေနတဲ့အခ်ိန္၊ ကိုယ့္ Team နဲ႔ကိုယ္ေရာေရာေႏွာေႏွာေနတတ္တဲ့အခ်ိန္ေတြရွိသလို Extrovert ေတြကလည္းတစ္ေယာက္တည္းေနခ်င္မိတဲ့အခ်ိန္ေတြရွိမွာပါပဲ။ ဒါေၾကာင့္ရလာတဲ့အလုပ္မွာႀကိဳးစားက်င့္ယူမယ္ဆိုရင္ေတာ့ အဆင္ေျပသြားမွာပဲျဖစ္ပါတယ္။

ဒါေပမဲ့ ကိုယ့္ရဲ႕တကယ့္ပုံစံက Introvert ဘက္ကိုေတာ္ေတာ္ေလးယိမ္းၿပီး ေတြးၾကည့္လိုက္တာနဲ႔လူအမ်ားႀကီးနဲ႔ေျပာဆိုဆက္ဆံရမွာ၊သိသိမသိသိကိုယ္ကစကားစေျပာမိတ္ဆက္ရမွာမ်ိဳးေတြကိုသိပ္မလုပ္ခ်င္မိဘူးဆိုရင္အခုေဖာ္ျပမယ့္အလုပ္ေတြနဲ႔ပိုၿပီးသင့္ေတာ္ပါတယ္။အလုပ္ေတြကိုမေ႐ြးခ်ယ္ခင္ ကိုယ့္ရဲ႕အားသာခ်က္ကိုလည္းသိဖို႔လိုပါတယ္။ Introvert ေတြရဲ႕အားသာခ်က္ေတြထဲမွာ ကိုယ္ခ်င္းစာစိတ္ရွိတာ၊ ခြဲျခမ္းစိတ္ျဖာတတ္မႈအားေကာင္းတာ၊ဖန္တီးတီထြင္ႏိုင္စြမ္းနဲ႔ အေသးစိတ္ျပင္ဆင္တတ္တာစတဲ့အခ်က္ေတြလည္းပါဝင္ပါတယ္။ေကာင္းမြန္ခိုင္မာတဲ့ Relationship ကိုတည္ေဆာက္ႏိုင္ၿပီးေတာ့ သင္ယူႏိုင္စြမ္း၊ နားေထာင္ႏိုင္စြမ္းနဲ႔လြတ္လြတ္လပ္လပ္လုပ္ေဆာင္ႏိုင္စြမ္း ေတြမွာအားသာၾကပါတယ္။လူေတြအမ်ားႀကီးနဲ႔အေနတတ္ဘူးဆိုေပမယ့္ သူတစ္ပါးအေပၚေတြးေပးတတ္တဲ့စာနာစိတ္မ်ားသူေတြမို႔လူအမ်ားကိုကူညီရတဲ့အလုပ္၊ မိသားစုေတြ၊အဖြဲ႕အစည္းေတြနဲ႔ဆက္သြယ္လုပ္ေဆာင္ရတာမ်ိဳးဆိုအဆင္ေျပၾကပါတယ္။ သူတစ္ပါးကိုကူညီရွင္းျပေပးရတဲ့ေနရာေတြမွာလုပ္ေဆာင္ႏိုင္ၾကပါတယ္။ ဥပမာ-ေက်ာင္းေလွ်ာက္ဖို႔ျပင္ဆင္ေပးတာ၊ ျပႆနာတစ္ခုအေပၚအေျဖရွာေပးရတာမ်ိဳးေတြနဲ႔သင့္ေတာ္ပါတယ္။

UX Designer ၊ Data Scientist ၊ အင္ဂ်င္နီယာ ၊ IT Manager ၊ Technician ၊ Researcher စတဲ့ Career ေတြကိုေ႐ြးခ်ယ္ႏိုင္ပါတယ္။Creativity ပိုင္းမွာဆိုရင္ Graphic Designer ၊ Content Writer ၊ စာေရးတဲ့အလုပ္၊ဘာသာျပန္တဲ့အလုပ္ေတြအျပင္မိမိဘာသာ Handmade လုပ္တာမ်ိဳးေတြနဲ႔အရမ္းကိုသင့္ေတာ္ပါတယ္။Software Developer ၊ Accountant ၊ Market Research၊ Analyst စတဲ့နယ္ပယ္ေတြကိုလည္းေ႐ြးခ်ယ္ႏိုင္ပါတယ္။တိရစာၦန္ဆရာဝန္အလုပ္မ်ိဳးကလည္း Introvert တို႔အတြက္အဆင္ေျပတဲ့အလုပ္ပါ။ဒါေတြအျပင္ Work from home အလုပ္ေတြနဲ႔လည္းသင့္ေတာ္တာမို႔ကြၽမ္းက်င္မႈတစ္ခုကိုျမန္ျမန္တည္ေဆာက္ၿပီး အိမ္ကေနပဲအလုပ္ေတြလုပ္ႏိုင္ပါေသးတယ္။ကိုယ္ကသူမ်ားလို လူအမ်ားၾကားေရာေႏွာခ်ိဳျမၿပီးမေနတတ္လို႔စိတ္မညစ္ပါနဲ႔ေနာ္။ Introvert ေတြအတြက္ ဝင္ေငြေကာင္းတဲ့အလုပ္အကိုင္ေတြအမ်ားႀကီးရွိတာမို႔ ထပ္ၿပီးစဥ္းစားမိတာရွိရင္လည္း Comment ကေနမွ်ေဝခဲ့ပါဦး။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*