YG ကနေတရားဝင်ပွဲထုတ်တော့မယ့်အမျိုးသမီးအဖွဲ့အသစ် Babymonster

စတင်ပွဲထွက်နိုင်ဖို့ အချိန်အကြာကြီးစောင့်ဆိုင်းနေခဲ့ရတဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ Babymonster ကိုနောက်ဆုံးမှာတော့ YG Entertainment ကတရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ Babymonster အဖွဲ့ရဲ့သွားမယ့် Concept ၊ ဓာတ်ပုံနဲ့ဗီဒီယိုတွေကိုပရိ သတ်တွေဆီပြသတော့မှာဖြစ်တယ်လို့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ YG ကကြေညာခဲ့ပါတယ်။ Babymonster ထဲက အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Chiquita ရဲ့ ဗီဒီယိုနဲ့ဓာတ်ပုံတွေကိုတော့လက်ရှိမှာတွေ့မြင်နေရပြီဖြစ်ပါတယ်။ Chiquita ရဲ့ညှို့အားပြင်းတဲ့မျက်လုံးအကြည့်နဲ့ ခပ်မိုက်မိုက်ပုံရိပ်တွေကတခြားသောအဖွဲ့ဝင်တွေကိုပါပိုပြီး တွေ့မြင်ချင်စိတ်ဖြစ်လာစေပါတယ်။

Babymonster အဖွဲ့မှာ အဖွဲ့ဝင် 7 ယောက်ပါရှိမှာဖြစ်ပြီး Ruka ၊ Pharita ၊Asa ၊ Ahyeon ၊ Haram ၊ Rora နဲ့ Chiquita တို့ဖြစ်ကြပါတယ်။အဖွဲ့ဝင်အားလုံးဟာ Vocals ၊ Rap နဲ့ Dance တွေမှာအထူးကျွမ်းကျင်သူတွေဖြစ်ကြပြီးဘာသာစကားအနေနဲ့ခြုံကြည့်ရင် English ၊ ကိုရီးယား၊ ဂျပန် ၊ ထိုင်း နဲ့ တရုတ်ဘာသာစကားတွေကိုပြောဆိုနိုင်ကြမှာဖြစ်ပါတယ်။သူမတို့အဖွဲ့ရဲ့ ပွဲဦးထွက်အကြိုသီချင်း Dream ကိုတော့ပြီးခဲ့တဲ့မေလက ဖြန့်ချိခဲ့ပြီးဖြစ်ပါတယ်။YG Entertainment ဟာ Babymonster တစ်ဖွဲ့လုံးကို နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တရားဝင်စတင်မိတ်ဆက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

Ju Ju

zawgyi

စတင္ပြဲထြက္ႏိုင္ဖို႔ အခ်ိန္အၾကာႀကီးေစာင့္ဆိုင္းေနခဲ့ရတဲ့ အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ Babymonster ကိုေနာက္ဆုံးမွာေတာ့ YG Entertainment ကတရားဝင္မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။ Babymonster အဖြဲ႕ရဲ႕သြားမယ့္ Concept ၊ ဓာတ္ပုံနဲ႔ဗီဒီယိုေတြကိုပရိ သတ္ေတြဆီျပသေတာ့မွာျဖစ္တယ္လို႔ ႏိုဝင္ဘာလ ၁၀ ရက္ေန႔မွာ YG ကေၾကညာခဲ့ပါတယ္။ Babymonster ထဲက အငယ္ဆုံးအဖြဲ႕ဝင္ျဖစ္တဲ့ Chiquita ရဲ႕ ဗီဒီယိုနဲ႔ဓာတ္ပုံေတြကိုေတာ့လက္ရွိမွာေတြ႕ျမင္ေနရၿပီျဖစ္ပါတယ္။ Chiquita ရဲ႕ညႇိဳ႕အားျပင္းတဲ့မ်က္လုံးအၾကည့္နဲ႔ ခပ္မိုက္မိုက္ပုံရိပ္ေတြကတျခားေသာအဖြဲ႕ဝင္ေတြကိုပါပိုၿပီး ေတြ႕ျမင္ခ်င္စိတ္ျဖစ္လာေစပါတယ္။

Babymonster အဖြဲ႕မွာ အဖြဲ႕ဝင္ 7 ေယာက္ပါရွိမွာျဖစ္ၿပီး Ruka ၊ Pharita ၊Asa ၊ Ahyeon ၊ Haram ၊ Rora နဲ႔ Chiquita တို႔ျဖစ္ၾကပါတယ္။အဖြဲ႕ဝင္အားလုံးဟာ Vocals ၊ Rap နဲ႔ Dance ေတြမွာအထူးကြၽမ္းက်င္သူေတြျဖစ္ၾကၿပီးဘာသာစကားအေနနဲ႔ၿခဳံၾကည့္ရင္ English ၊ ကိုရီးယား၊ ဂ်ပန္ ၊ ထိုင္း နဲ႔ တ႐ုတ္ဘာသာစကားေတြကိုေျပာဆိုႏိုင္ၾကမွာျဖစ္ပါတယ္။သူမတို႔အဖြဲ႕ရဲ႕ ပြဲဦးထြက္အႀကိဳသီခ်င္း Dream ကိုေတာ့ၿပီးခဲ့တဲ့ေမလက ျဖန႔္ခ်ိခဲ့ၿပီးျဖစ္ပါတယ္။YG Entertainment ဟာ Babymonster တစ္ဖြဲ႕လုံးကို ႏိုဝင္ဘာလ ၂၇ ရက္ေန႔မွာ တရားဝင္စတင္မိတ္ဆက္သြားမွာျဖစ္တယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*