၂၀၂၆ ခုနှစ်၊ မေလကုန်ခါနီးမှာ ဗုဒ္ဓဟူးနဲ့ ကြာသပတေး ဂြိုဟ်တွေရဲ့ အပြောင်းအလဲကြောင့် ရာသီဖွား ၃ ခုမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာတော့မှာပါ။တကယ်လို့ ဒီစာရင်းထဲမှာ ကိုယ့်ရာသီခွင် မပါသေးရင်လည်း စိတ်မပူပါနဲ့။ တစ်နှစ်ပတ်လုံးမှာ ရာသီခွင်တိုင်းအတွက် သူ့အချိန်နဲ့သူ ကံကောင်းမယ့်အချိန်တွေ ရှိပါတယ်။ မေလကုန်မှာ ကံကောင်းမယ့် ရာသီခွင် ၃ ခုကို ဖော်ပြပေးချင်ပါတယ်။
Cancer
ဒီရာသီဖွားတွေအတွက် ကြာသပတေးဂြိုဟ်က ဇွန်လ ၃၀ အထိ ရှိနေမှာပါ။ ဒါက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကုသခြင်း၊ ကံကောင်းခြင်းနဲ့ မိသားစုကဏ္ဍတွေကို ချဲ့ထွင်ပေးပြီး ပိုပြီးပျော်ရွှင်လုံခြုံတဲ့ ဘဝကို တည်ဆောက်နိုင်ဖို့ ကူညီပေးမှာပါ။အရင်က အင်္ဂါဂြိုဟ်က မိဿရာသီထဲမှာ ရှိနေတုန်းက Cancer နဲ့ ခိုက်နေလို့ အခြေအ နေတွေက နည်းနည်း ခက်ခဲခဲ့နိုင်ပါတယ်။ ဒါပေမဲ့ မေလ ၁၈ ရက်မှာ အင်္ဂါဂြိုဟ်က ပြိဿထဲ ကူးသွားပြီမို့ အရာရာ ပြန်အဆင်ပြေလာပါတော့မယ်။ လူမှုရေးကဏ္ဍမှာ သူငယ်ချင်းတွေ၊ အသင်းအပင်းတွေနဲ့ ပိုအဆင်ပြေလာမယ်။ လူမှုကွန်ရက်ကနေတစ်ဆင့် ကံကောင်းတာမျိုးတွေ ကြုံရနိုင်ပါတယ်။မေ ၁၉ ကနေ ဇွန် ၁၃ အထိ ဗီးနပ်စ်က သင့်ရာသီထဲ ရောက်လာမှာဆိုတော့ ကံကောင်းခြင်းတွေ နှစ်ဆဖြစ်မယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှုရှိလာမယ်၊ ရုပ်ရည်ပိုကြည်လင်လာပြီး လူတွေက ကိုယ့်ကို ပိုသဘောကျလာပါလိမ့်မယ်။ လကုန်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ပညာရေးအပိုင်းတွေမှာ တက်ကြွနေပြီး ခရီးထွက်ဖို့ ဒါမှမဟုတ် အားလပ်ရက် အစီအစဉ်တွေ ဆွဲဖြစ်နေပါလိမ့်မယ်။
Taurus
ဒီလထဲမှာ သင့်အတွက် ဂျူပီတာက ဆက်သွယ်ရေးနဲ့ ခရီးတိုကဏ္ဍမှာ ရှိနေလို့ လူမှုရေးတွေ အရမ်းတက်ကြွနေမှာပါ။ မိသားစုဝင်တွေ၊ မောင်နှမတွေနဲ့လည်း ပိုရင်းနှီးလာမယ်။အရင်က အင်္ဂါနဲ့ မာကျူရီက သင့်ရဲ့ ၁၂ ကွက်အိမ်မှာ ရှိနေလို့ စိတ်တိုတာ၊ အတိတ်ကကိစ္စတွေကြောင့် စိတ်ပင်ပန်းတာမျိုး ကြုံခဲ့ရနိုင်တယ်။ မေလ ၁၈ ရက်မှာ အင်္ဂါဂြိုဟ်က သင့်ရာသီထဲ ရောက်လာတာဟာ ၂ နှစ်တစ်ကြိမ်လာတဲ့ သံသရာသစ်ရဲ့ အစပါပဲ။ အကြံသစ်တွေကို အကောင်အထည်ဖော်ဖို့ စွမ်းအင်တွေ အပြည့်ရလာမယ်။မေ ၃ ရက်ကနေ ၁၇ ရက်အထိ မာကျူရီက သင့်ဆီမှာ ရှိနေပြီး၊ ၁၇ ရက်နောက်ပိုင်းမှာတော့ ငွေကြေးကဏ္ဍထဲ ရောက်သွားမယ်။ ပိုက်ဆံရှာဖို့ အကြံသစ်တွေ ရှိရင် အကောင်အထည်ဖော်ကြည့်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ မေ ၁၆ မှာ သင့်ရာသီမှာ ကျရောက်တဲ့ New Moon ဟာ ဘဝကို အသစ်ကနေ ပြန်စဖို့ အခွင့်အ ရေးပါပဲ။ လကုန်မှာတော့ သင်ဟာ ဘာကိုမဆို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
Libra
ဂျူပီတာက သင့်ရဲ့ အလုပ်အကိုင်ကဏ္ဍမှာ ရှိနေလို့ ဇွန်လကုန်အထိ အလုပ်မှာ ထိပ်ဆုံးရောက်နိုင်တဲ့ အချိန်ပါ။ ရာထူးတိုးတာ၊ လစာတိုးတာ ဒါမှမဟုတ် အလုပ်မှာ အသိအမှတ်ပြုခံရတာမျိုးတွေ မျှော်လင့်လို့ရပါတယ်။ မေ ၁၉ မှာ ဗီးနပ်စ်ကပါ အလုပ်အကိုင်ကဏ္ဍထဲ ရောက်လာမှာဆိုတော့ အလုပ်မှာ ကိုယ့်ရဲ့ အရည်အချင်းကို ပြသဖို့နဲ့ လစာတိုးတောင်းဖို့ အကောင်းဆုံး အချိန်ပါပဲ။မေ ၁၇ မှာ မာကျူရီက သင့်နဲ့ အဆင်ပြေတဲ့ မေထုန်ရာသီထဲ ဝင်လာလို့ ခရီးထွက်ရတာမျိုး ဒါမှမဟုတ် ကိုယ့်ရဲ့ အမြင်ကို ပြောင်းလဲစေမယ့် လူသစ်တွေနဲ့ ဆုံရတတ်ပါတယ်။ အရင်က အင်္ဂါဂြိုဟ်ကြောင့် လက်တွဲဖော်နဲ့ စကားများတာ၊ အဆင်မပြေတာမျိုး ရှိနိုင်ပေမဲ့ အခုတော့ အင်္ဂါက ပြိဿထဲ ကူးသွားပြီမို့ ပိုပြီး စိတ်အေးလက်အေး ရှိလာမယ်။ ငွေကြေးကိစ္စတွေ ဒါမှမဟုတ် ဆက်ဆံရေးပိုင်းက အဆင်မပြေမှုတွေကို ဖြေရှင်းဖို့ အကောင်းဆုံးအချိန်ပါပဲ။ မေ ၃၁ မှာ သင့်အတွက် လူမှုရေးပိုင်းမှာ အရမ်းပျော်ဖို့ကောင်းပြီး အပေါင်းအသင်းတွေနဲ့ ဆုံရတတ်တဲ့ အချိန်ဖြစ်မှာပါ။
ကျော့ကေခိုင်
zawgyi
၂၀၂၆ ခုႏွစ္၊ ေမလကုန္ခါနီးမွာ ဗုဒၶဟူးနဲ႔ ၾကာသပေတး ၿဂိဳဟ္ေတြရဲ႕ အေျပာင္းအလဲေၾကာင့္ ရာသီဖြား ၃ ခုမွာ ေကာင္းမြန္တဲ့ အေျပာင္းအလဲေတြ ျဖစ္လာေတာ့မွာပါ။တကယ္လို႔ ဒီစာရင္းထဲမွာ ကိုယ့္ရာသီခြင္ မပါေသးရင္လည္း စိတ္မပူပါနဲ႔။ တစ္ႏွစ္ပတ္လုံးမွာ ရာသီခြင္တိုင္းအတြက္ သူ႔အခ်ိန္နဲ႔သူ ကံေကာင္းမယ့္အခ်ိန္ေတြ ရွိပါတယ္။ ေမလကုန္မွာ ကံေကာင္းမယ့္ ရာသီခြင္ ၃ ခုကို ေဖာ္ျပေပးခ်င္ပါတယ္။
Cancer
ဒီရာသီဖြားေတြအတြက္ ၾကာသပေတးၿဂိဳဟ္က ဇြန္လ ၃၀ အထိ ရွိေနမွာပါ။ ဒါက သင့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြး၊ ကုသျခင္း၊ ကံေကာင္းျခင္းနဲ႔ မိသားစုက႑ေတြကို ခ်ဲ႕ထြင္ေပးၿပီး ပိုၿပီးေပ်ာ္႐ႊင္လုံၿခဳံတဲ့ ဘဝကို တည္ေဆာက္ႏိုင္ဖို႔ ကူညီေပးမွာပါ။အရင္က အဂၤါၿဂိဳဟ္က မိႆရာသီထဲမွာ ရွိေနတုန္းက Cancer နဲ႔ ခိုက္ေနလို႔ အေျခအ ေနေတြက နည္းနည္း ခက္ခဲခဲ့ႏိုင္ပါတယ္။ ဒါေပမဲ့ ေမလ ၁၈ ရက္မွာ အဂၤါၿဂိဳဟ္က ၿပိႆထဲ ကူးသြားၿပီမို႔ အရာရာ ျပန္အဆင္ေျပလာပါေတာ့မယ္။ လူမႈေရးက႑မွာ သူငယ္ခ်င္းေတြ၊ အသင္းအပင္းေတြနဲ႔ ပိုအဆင္ေျပလာမယ္။ လူမႈကြန္ရက္ကေနတစ္ဆင့္ ကံေကာင္းတာမ်ိဳးေတြ ႀကဳံရႏိုင္ပါတယ္။ေမ ၁၉ ကေန ဇြန္ ၁၃ အထိ ဗီးနပ္စ္က သင့္ရာသီထဲ ေရာက္လာမွာဆိုေတာ့ ကံေကာင္းျခင္းေတြ ႏွစ္ဆျဖစ္မယ္။ ကိုယ့္ကိုယ္ကိုယ္ စိတ္ေက်နပ္မႈရွိလာမယ္၊ ႐ုပ္ရည္ပိုၾကည္လင္လာၿပီး လူေတြက ကိုယ့္ကို ပိုသေဘာက်လာပါလိမ့္မယ္။ လကုန္ပိုင္းမွာ စိတ္ပိုင္းဆိုင္ရာနဲ႔ ပညာေရးအပိုင္းေတြမွာ တက္ႂကြေနၿပီး ခရီးထြက္ဖို႔ ဒါမွမဟုတ္ အားလပ္ရက္ အစီအစဥ္ေတြ ဆြဲျဖစ္ေနပါလိမ့္မယ္။
Taurus
ဒီလထဲမွာ သင့္အတြက္ ဂ်ဴပီတာက ဆက္သြယ္ေရးနဲ႔ ခရီးတိုက႑မွာ ရွိေနလို႔ လူမႈေရးေတြ အရမ္းတက္ႂကြေနမွာပါ။ မိသားစုဝင္ေတြ၊ ေမာင္ႏွမေတြနဲ႔လည္း ပိုရင္းႏွီးလာမယ္။အရင္က အဂၤါနဲ႔ မာက်ဴရီက သင့္ရဲ႕ ၁၂ ကြက္အိမ္မွာ ရွိေနလို႔ စိတ္တိုတာ၊ အတိတ္ကကိစၥေတြေၾကာင့္ စိတ္ပင္ပန္းတာမ်ိဳး ႀကဳံခဲ့ရႏိုင္တယ္။ ေမလ ၁၈ ရက္မွာ အဂၤါၿဂိဳဟ္က သင့္ရာသီထဲ ေရာက္လာတာဟာ ၂ ႏွစ္တစ္ႀကိမ္လာတဲ့ သံသရာသစ္ရဲ႕ အစပါပဲ။ အႀကံသစ္ေတြကို အေကာင္အထည္ေဖာ္ဖို႔ စြမ္းအင္ေတြ အျပည့္ရလာမယ္။ေမ ၃ ရက္ကေန ၁၇ ရက္အထိ မာက်ဴရီက သင့္ဆီမွာ ရွိေနၿပီး၊ ၁၇ ရက္ေနာက္ပိုင္းမွာေတာ့ ေငြေၾကးက႑ထဲ ေရာက္သြားမယ္။ ပိုက္ဆံရွာဖို႔ အႀကံသစ္ေတြ ရွိရင္ အေကာင္အထည္ေဖာ္ၾကည့္ဖို႔ အေကာင္းဆုံးအခ်ိန္ပါပဲ။ ေမ ၁၆ မွာ သင့္ရာသီမွာ က်ေရာက္တဲ့ New Moon ဟာ ဘဝကို အသစ္ကေန ျပန္စဖို႔ အခြင့္အ ေရးပါပဲ။ လကုန္မွာေတာ့ သင္ဟာ ဘာကိုမဆို ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနပါလိမ့္မယ္။
Libra
ဂ်ဴပီတာက သင့္ရဲ႕ အလုပ္အကိုင္က႑မွာ ရွိေနလို႔ ဇြန္လကုန္အထိ အလုပ္မွာ ထိပ္ဆုံးေရာက္ႏိုင္တဲ့ အခ်ိန္ပါ။ ရာထူးတိုးတာ၊ လစာတိုးတာ ဒါမွမဟုတ္ အလုပ္မွာ အသိအမွတ္ျပဳခံရတာမ်ိဳးေတြ ေမွ်ာ္လင့္လို႔ရပါတယ္။ ေမ ၁၉ မွာ ဗီးနပ္စ္ကပါ အလုပ္အကိုင္က႑ထဲ ေရာက္လာမွာဆိုေတာ့ အလုပ္မွာ ကိုယ့္ရဲ႕ အရည္အခ်င္းကို ျပသဖို႔နဲ႔ လစာတိုးေတာင္းဖို႔ အေကာင္းဆုံး အခ်ိန္ပါပဲ။ေမ ၁၇ မွာ မာက်ဴရီက သင့္နဲ႔ အဆင္ေျပတဲ့ ေမထုန္ရာသီထဲ ဝင္လာလို႔ ခရီးထြက္ရတာမ်ိဳး ဒါမွမဟုတ္ ကိုယ့္ရဲ႕ အျမင္ကို ေျပာင္းလဲေစမယ့္ လူသစ္ေတြနဲ႔ ဆုံရတတ္ပါတယ္။ အရင္က အဂၤါၿဂိဳဟ္ေၾကာင့္ လက္တြဲေဖာ္နဲ႔ စကားမ်ားတာ၊ အဆင္မေျပတာမ်ိဳး ရွိႏိုင္ေပမဲ့ အခုေတာ့ အဂၤါက ၿပိႆထဲ ကူးသြားၿပီမို႔ ပိုၿပီး စိတ္ေအးလက္ေအး ရွိလာမယ္။ ေငြေၾကးကိစၥေတြ ဒါမွမဟုတ္ ဆက္ဆံေရးပိုင္းက အဆင္မေျပမႈေတြကို ေျဖရွင္းဖို႔ အေကာင္းဆုံးအခ်ိန္ပါပဲ။ ေမ ၃၁ မွာ သင့္အတြက္ လူမႈေရးပိုင္းမွာ အရမ္းေပ်ာ္ဖို႔ေကာင္းၿပီး အေပါင္းအသင္းေတြနဲ႔ ဆုံရတတ္တဲ့ အခ်ိန္ျဖစ္မွာပါ။
ေက်ာ့ေကခိုင္
Leave a Reply