၂၀၂၆ ခုနှစ်ဇူလိုင်လဟာ ငွေကြေးနဲ့ ပတ်သက်ပြီး သင့်ရဲ့ အမြင်တွေကို ပြန်လည်ဆန်းစစ်ဖို့နဲ့ အောင်မြင်မှုဆိုတာ ဘာလဲဆိုတာကို အဓိပ္ပာယ်သစ်ဖွင့်ဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ။ အောင်မြင်မှုဆိုတာ ဘဏ်အကောင့်ထဲက ဂဏန်းတွေ၊ အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ မဟုတ်ပါဘူး။ ကိုယ့်ဘဝကို ကိုယ့်သဘောအတိုင်း လွတ် လွတ်လပ်လပ် စိတ်တိုင်းကျ နေထိုင်နိုင်ခြင်းကလည်း အောင်မြင်မှုတစ်ခုပါပဲ။ ဒီလမှာတော့ ငွေကြေးနဲ့ ပတ်သက်ပြီး နည်းလမ်းဟောင်းတွေကိုပဲ မကိုင်စွဲထားဘဲ ပိုပြီး လွတ်လပ်တဲ့ ချဉ်းကပ်မှုမျိုး လုပ်ကြည့်ဖို့ လိုပါလိမ့်မယ်။
Cancer – အောင်မြင်မှုတွေရဲ့ အစပျိုးချိန်
ဇူလိုင် ၂၉ ရက်မှာ နေနဲ့ Jupiter ဂြိုဟ်တို့ဟာ သင့်ရဲ့ ငွေကြေးအိမ်မှာ ဆုံစည်းကြပါမယ်။ ဒါဟာ တစ်နှစ်တာလုံးမှာ အကံကောင်းဆုံး အချိန်အခါလို့ ဆိုနိုင်ပါတယ်။ ဒီအချိန်မှာ ငွေကြေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းသစ်တွေ အများကြီး ပေါ်လာလိမ့်မယ်။ Jupiter ဂြိုဟ်က သင့်ရဲ့ ငွေကြေးကဏ္ဍမှာ ၂၀၂၇ ခုနှစ်အထိ ရှိနေဦးမှာဖြစ်လို့ ဒါဟာ သင့်အတွက် ဆယ်စုနှစ်အတွင်း အအောင်မြင်ဆုံးနှစ် ဖြစ်လာဖို့ အစပျိုးခြင်းပါပဲ။ ဝင်ငွေတိုးလာတာ၊ ဘောနပ်စ်တွေ ရတာမျိုးတွေကြောင့် ငွေကြေးတည်ငြိမ်မှုတွေ ရလာနိုင်ပါတယ်။ ဒါပေမဲ့ မှတ်ထားရမှာက ငွေဆိုတာ ဘဝကို အပြည့်အဝ ပျော်ရွှင်စွာ ဖြတ်သန်းဖို့အတွက် ဖြစ်တာကြောင့် စားပွဲခုံမှာပဲ အချိန်ကုန်မခံဘဲ ကိုယ့်ဘဝကိုလည်း အချိန်ပေးပြီး ပျော်ရွှင်အောင် နေဖို့ မမေ့ပါနဲ့။
Capricorn – ရိုးရာလမ်းကြောင်းကနေ ခွဲထွက်ခြင်း
ဇူလိုင် ၂၆ ရက်မှာ North Node က Aquarius ရာသီခွင်ထဲကို ဝင်ရောက်လာပါမယ်။ ဒါဟာ ၂၀၂၈ ခုနှစ်အထိ သင့်အတွက် စီးပွားရေး တိုးတက်မှုကို တွန်းအားပေးမယ့် ကာလတစ်ခုပါ။ အောင်မြင်မှုဆိုတာကို အရင်ကအတိုင်းပဲ လိုက်လုပ်နေလို့ မရတော့ပါဘူး။ အရာရာကို အသစ်တဖန် ပြန်လည်ပုံဖော်ပြီး လက်တွဲဖော်တွေနဲ့အတူ ငွေကြေးရှာဖွေနည်းသစ်တွေကို ရှာဖွေဖို့ လိုပါလိမ့်မယ်။အထူးသဖြင့် ဇူလိုင် ၂၉ ရက်မှာ ဖြစ်ပေါ်မယ့် Full Moon နဲ့ North Node တို့ရဲ့ ပေါင်းစုံမှုက သင့်ကို ရှေ့ဆက်ဖို့ တွန်းအားပေးနေပါတယ်။ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ ငွေကြေးရှာဖွေတဲ့နေရာမှာပဲ ဖြစ်ဖြစ် နည်းလမ်းဟောင်းတွေကို စွန့်လွှတ်ပြီး passive income (ကိုယ်တိုင် အချိန်ပေးစရာမလိုတဲ့ ဝင်ငွေ) တွေ ဖန်တီးဖို့ စဉ်းစားပါ။ ချမ်းသာဖို့တစ်ခုတည်း မဟုတ်ဘဲ ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ ဘဝကို နေထိုင်ဖို့က ပိုအရေးကြီးပါတယ်။
Pisces – ကိုယ့်တန်ဖိုးကို ပြန်လည်ရှာဖွေခြင်း
ဇူလိုင် ၇ ရက်ကနေ စပြီး Neptune ဂြိုဟ်က ပြန်လည်ဆုတ်ခွာခြင်း (Retrograde) စတင်ပါမယ်။ ဇူလိုင် ၂၆ ရက်မှာတော့ Saturn ဂြိုဟ်ကလည်း ပါဝင်လာပါမယ်။ ဒီကာလက သင့်အတွက် “ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု” နဲ့ “ငွေကြေးတန်ဖိုး” တို့ကို အဆင့်မြှင့်တင်ပေးမယ့် ကာလပါပဲ။ငွေကြေး အောင်မြင်မှု မရခင်မှာ ကိုယ်တကယ် ဘာလိုအပ်သလဲ၊ ကိုယ့်တန်ဖိုးက ဘယ်လောက်လဲဆိုတာ သိဖို့ အရမ်းအရေးကြီးပါတယ်။ အရင်က ကြောက်စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် နှိမ်ချမိတာမျိုးတွေ ရှိခဲ့ရင် ဒီအချိန်မှာ ပြင်ဆင်နိုင်ပါတယ်။ “ငွေက ငါ့ကို အဓိပ္ပာယ်ဖွင့်ဆိုတာ မဟုတ်ဘဲ၊ ငါက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့အတွက် ငွေကြေးတွေက ငါ့ဆီကို ရောက်လာတာ” ဆိုတဲ့ အတွေးမျိုးနဲ့ ပြောင်းလဲကြည့်ပါ။ သင့်ကိုယ်သင် တန်ဖိုးထားတတ်လာတာနဲ့အမျှ သင့်ဆီကို ငွေကြေးတွေလည်း ပိုမိုစီးဆင်းလာပါလိမ့်မယ်။
ဒီရာသီခွင် (၃) ခုအနေနဲ့ ဒီဇူလိုင်လမှာ ငွေကြေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းသစ်တွေကို မျက်စိဖွင့် နားစွင့်ပြီး အမိအရ ဆုပ်ကိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
ကျော့ကေခိုင်
zawgyi
၂၀၂၆ ခုႏွစ္ဇူလိုင္လဟာ ေငြေၾကးနဲ႔ ပတ္သက္ၿပီး သင့္ရဲ႕ အျမင္ေတြကို ျပန္လည္ဆန္းစစ္ဖို႔နဲ႔ ေအာင္ျမင္မႈဆိုတာ ဘာလဲဆိုတာကို အဓိပၸာယ္သစ္ဖြင့္ဖို႔ အခြင့္အေရးေကာင္းတစ္ခုပါပဲ။ ေအာင္ျမင္မႈဆိုတာ ဘဏ္အေကာင့္ထဲက ဂဏန္းေတြ၊ အိမ္ႀကီးအိမ္ေကာင္းေတြခ်ည္းပဲ မဟုတ္ပါဘူး။ ကိုယ့္ဘဝကို ကိုယ့္သေဘာအတိုင္း လြတ္ လြတ္လပ္လပ္ စိတ္တိုင္းက် ေနထိုင္ႏိုင္ျခင္းကလည္း ေအာင္ျမင္မႈတစ္ခုပါပဲ။ ဒီလမွာေတာ့ ေငြေၾကးနဲ႔ ပတ္သက္ၿပီး နည္းလမ္းေဟာင္းေတြကိုပဲ မကိုင္စြဲထားဘဲ ပိုၿပီး လြတ္လပ္တဲ့ ခ်ဥ္းကပ္မႈမ်ိဳး လုပ္ၾကည့္ဖို႔ လိုပါလိမ့္မယ္။
Cancer – ေအာင္ျမင္မႈေတြရဲ႕ အစပ်ိဳးခ်ိန္
ဇူလိုင္ ၂၉ ရက္မွာ ေနနဲ႔ Jupiter ၿဂိဳဟ္တို႔ဟာ သင့္ရဲ႕ ေငြေၾကးအိမ္မွာ ဆုံစည္းၾကပါမယ္။ ဒါဟာ တစ္ႏွစ္တာလုံးမွာ အကံေကာင္းဆုံး အခ်ိန္အခါလို႔ ဆိုႏိုင္ပါတယ္။ ဒီအခ်ိန္မွာ ေငြေၾကးနဲ႔ ပတ္သက္တဲ့ အခြင့္အလမ္းသစ္ေတြ အမ်ားႀကီး ေပၚလာလိမ့္မယ္။ Jupiter ၿဂိဳဟ္က သင့္ရဲ႕ ေငြေၾကးက႑မွာ ၂၀၂၇ ခုႏွစ္အထိ ရွိေနဦးမွာျဖစ္လို႔ ဒါဟာ သင့္အတြက္ ဆယ္စုႏွစ္အတြင္း အေအာင္ျမင္ဆုံးႏွစ္ ျဖစ္လာဖို႔ အစပ်ိဳးျခင္းပါပဲ။ ဝင္ေငြတိုးလာတာ၊ ေဘာနပ္စ္ေတြ ရတာမ်ိဳးေတြေၾကာင့္ ေငြေၾကးတည္ၿငိမ္မႈေတြ ရလာႏိုင္ပါတယ္။ ဒါေပမဲ့ မွတ္ထားရမွာက ေငြဆိုတာ ဘဝကို အျပည့္အဝ ေပ်ာ္႐ႊင္စြာ ျဖတ္သန္းဖို႔အတြက္ ျဖစ္တာေၾကာင့္ စားပြဲခုံမွာပဲ အခ်ိန္ကုန္မခံဘဲ ကိုယ့္ဘဝကိုလည္း အခ်ိန္ေပးၿပီး ေပ်ာ္႐ႊင္ေအာင္ ေနဖို႔ မေမ့ပါနဲ႔။
Capricorn – ႐ိုးရာလမ္းေၾကာင္းကေန ခြဲထြက္ျခင္း
ဇူလိုင္ ၂၆ ရက္မွာ North Node က Aquarius ရာသီခြင္ထဲကို ဝင္ေရာက္လာပါမယ္။ ဒါဟာ ၂၀၂၈ ခုႏွစ္အထိ သင့္အတြက္ စီးပြားေရး တိုးတက္မႈကို တြန္းအားေပးမယ့္ ကာလတစ္ခုပါ။ ေအာင္ျမင္မႈဆိုတာကို အရင္ကအတိုင္းပဲ လိုက္လုပ္ေနလို႔ မရေတာ့ပါဘူး။ အရာရာကို အသစ္တဖန္ ျပန္လည္ပုံေဖာ္ၿပီး လက္တြဲေဖာ္ေတြနဲ႔အတူ ေငြေၾကးရွာေဖြနည္းသစ္ေတြကို ရွာေဖြဖို႔ လိုပါလိမ့္မယ္။အထူးသျဖင့္ ဇူလိုင္ ၂၉ ရက္မွာ ျဖစ္ေပၚမယ့္ Full Moon နဲ႔ North Node တို႔ရဲ႕ ေပါင္းစုံမႈက သင့္ကို ေရွ႕ဆက္ဖို႔ တြန္းအားေပးေနပါတယ္။ လုပ္ငန္းခြင္မွာပဲ ျဖစ္ျဖစ္၊ ေငြေၾကးရွာေဖြတဲ့ေနရာမွာပဲ ျဖစ္ျဖစ္ နည္းလမ္းေဟာင္းေတြကို စြန႔္လႊတ္ၿပီး passive income (ကိုယ္တိုင္ အခ်ိန္ေပးစရာမလိုတဲ့ ဝင္ေငြ) ေတြ ဖန္တီးဖို႔ စဥ္းစားပါ။ ခ်မ္းသာဖို႔တစ္ခုတည္း မဟုတ္ဘဲ ကိုယ့္ဘဝရဲ႕ ရည္႐ြယ္ခ်က္နဲ႔ ကိုက္ညီတဲ့ ဘဝကို ေနထိုင္ဖို႔က ပိုအေရးႀကီးပါတယ္။
Pisces – ကိုယ့္တန္ဖိုးကို ျပန္လည္ရွာေဖြျခင္း
ဇူလိုင္ ၇ ရက္ကေန စၿပီး Neptune ၿဂိဳဟ္က ျပန္လည္ဆုတ္ခြာျခင္း (Retrograde) စတင္ပါမယ္။ ဇူလိုင္ ၂၆ ရက္မွာေတာ့ Saturn ၿဂိဳဟ္ကလည္း ပါဝင္လာပါမယ္။ ဒီကာလက သင့္အတြက္ “ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားမႈ” နဲ႔ “ေငြေၾကးတန္ဖိုး” တို႔ကို အဆင့္ျမႇင့္တင္ေပးမယ့္ ကာလပါပဲ။ေငြေၾကး ေအာင္ျမင္မႈ မရခင္မွာ ကိုယ္တကယ္ ဘာလိုအပ္သလဲ၊ ကိုယ့္တန္ဖိုးက ဘယ္ေလာက္လဲဆိုတာ သိဖို႔ အရမ္းအေရးႀကီးပါတယ္။ အရင္က ေၾကာက္စိတ္ေၾကာင့္ပဲျဖစ္ျဖစ္၊ ကိုယ့္ကိုယ္ကိုယ္ ႏွိမ္ခ်မိတာမ်ိဳးေတြ ရွိခဲ့ရင္ ဒီအခ်ိန္မွာ ျပင္ဆင္ႏိုင္ပါတယ္။ “ေငြက ငါ့ကို အဓိပၸာယ္ဖြင့္ဆိုတာ မဟုတ္ဘဲ၊ ငါက ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားတဲ့အတြက္ ေငြေၾကးေတြက ငါ့ဆီကို ေရာက္လာတာ” ဆိုတဲ့ အေတြးမ်ိဳးနဲ႔ ေျပာင္းလဲၾကည့္ပါ။ သင့္ကိုယ္သင္ တန္ဖိုးထားတတ္လာတာနဲ႔အမွ် သင့္ဆီကို ေငြေၾကးေတြလည္း ပိုမိုစီးဆင္းလာပါလိမ့္မယ္။
ဒီရာသီခြင္ (၃) ခုအေနနဲ႔ ဒီဇူလိုင္လမွာ ေငြေၾကးနဲ႔ ပတ္သက္တဲ့ အခြင့္အလမ္းသစ္ေတြကို မ်က္စိဖြင့္ နားစြင့္ၿပီး အမိအရ ဆုပ္ကိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply