ဘဝအခြေအနေတွေ တိုးတက်ပြောင်းလဲလာမယ့် ရာသီခွင် (၃) ခု

ဇူလိုင်လကုန်မှာ ဘဝအခြေအနေတွေ တိုးတက်ပြောင်းလဲလာမယ့် ရာသီခွင် (၃) ခုအကြောင်းကို နက္ခတ်ဗေဒင်ပညာရှင် Michelle Oletree ရဲ့ ဟောကိန်းအရ ပြန် လည် မျှဝေပေးချင်ပါတယ်။ ဒီလက “အပြောင်းအလဲတွေနဲ့ ပြည့်နှက်နေတဲ့ လ” လို့ ဆိုထားတော့ ဘယ်သူတွေအတွက် ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်လိုက်ရ အောင်။

Leo – အောင်မြင်မှုတွေနဲ့ တောက်ပမယ့်အချိန်

ဇူလိုင်လ ပထမ (၉) ရက်မှာ ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတဲ့ ဂြိုဟ်တွေက သင့်ရဲ့ ပထမအိမ်မှာ နေရာယူထားတာကြောင့် စွမ်းအင်တွေ အပြည့်ရှိနေပါလိမ့်မယ်။ Venus ဂြိုဟ်က ဒီလ ၉ ရက်အထိ သင့်ရာသီခွင်မှာ ရှိနေဦးမှာဆိုတော့ လူအများရဲ့ စိတ်ဝင်စားမှုကို အလွယ်တကူ ဆွဲဆောင်နိုင်ပြီး သင့်ရဲ့ ယုံကြည်မှုတွေ အများကြီး တိုးလာပါလိမ့်မယ်။ဒါ့အပြင် ကံကြမ္မာရဲ့ဂြိုဟ် Jupiter ကလည်း ဇွန်လ ၂၉ ရက်ကတည်းက သင့်ရာသီခွင်မှာ တစ်နှစ်တာအတွက် ဝင်ရောက်နေရာယူထားပါတယ်။ ဒါဟာ (၁၂) နှစ်မှ တစ်ကြိမ်ပဲ ဖြစ်လေ့ရှိတဲ့အတွက် သင့်အတွက် အခုနှစ်ဟာ အောင်မြင်မှုတွေ၊ ကိုယ်ပိုင်တိုးတက်မှုတွေနဲ့ ပြည့်နေမှာပါ။ ဇူလိုင် ၂၂ ရက်နောက်ပိုင်းမှာ သင့်ရဲ့ မွေးလစတင်တော့မှာဖြစ်လို့ စိတ်ဓာတ်တွေ ပိုတက်ကြွလာပြီး အရင်က ဝေခွဲမရဖြစ်နေတဲ့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်းနဲ့ အောင်မြင်အောင် လုပ်နိုင်လာပါလိမ့်မယ်။

Cancer – ငွေကြေးနဲ့ ကံကြမ္မာ အားကောင်းမယ့်အချိန်

Jupiter ဂြိုဟ်က သင့်ရဲ့ ငွေကြေးဆိုင်ရာ အိမ်မှာ (၁) နှစ်စာအတွက် နေရာယူထားတာကြောင့် ဒီလမှာရော၊ လာမယ့်တစ်နှစ်လုံးမှာပါ ငွေကြေးအခွင့်အလမ်းတွေ အများကြီး ပွင့်လာပါလိမ့်မယ်။ ဝင်ငွေတိုးဖို့ အခွင့်အရေးတွေ ရလာသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း တိုးလာပါလိမ့်မယ်။Venus ဂြိုဟ်ကလည်း ဇူလိုင် ၉ ရက်အထိ သင့်ရဲ့ ငွေကြေးအိမ်မှာ ရှိနေဦးမှာဆိုတော့ ငွေကြေးဆိုင်ရာ ဂြိုဟ်နှစ်ခုစလုံး သင့်ဆီမှာ စုစည်းနေတဲ့အတွက် အရမ်းကို ကံကောင်းတဲ့အချိန်ပါပဲ။ တစ်ကိုယ် တည်းသမားတွေအတွက်တော့ ချစ်သူအသစ်နဲ့ ဆုံနိုင်သလို၊ လက်ရှိတွဲနေသူတွေလည်း ဆက်ဆံရေး ပိုကောင်းလာနိုင်ပါတယ်။ ဇူလိုင် ၁၄ ရက်မှာ ကျရောက်မယ့် “လဆန်းနေ့” ကတော့ သင့်အတွက် အရာရာကို အစကနေ ပြန်စတင်ဖို့ အခွင့်အရေးကောင်းပါပဲ။

Aries – ပျော်ရွှင်မှုတွေနဲ့ အကြံအစည်သစ်တွေ ပေါ်လာမယ့်အချိန်

ဒီနှစ်မှာ Saturn နဲ့ Neptune ဂြိုဟ်တွေကြောင့် နည်းနည်းတော့ ပင်ပန်းနိုင်ပေမဲ့ ဇူလိုင်လကတော့ သင့်အတွက် အနားယူဖို့နဲ့ ပျော်ဖို့ အကောင်းဆုံးပါပဲ။ ဇူလိုင် ၉ ရက်အထိ Venus ဂြိုဟ်က သင့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုဆိုင်ရာ အိမ်မှာ ရှိနေမှာဆိုတော့ အပြင်ထွက်လည်ဖို့၊ လူသစ်တွေနဲ့ မိတ်ဆက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ Jupiter နဲ့ Venus ဂြိုဟ်နှစ်ခုစလုံး သင့်ရဲ့ ပျော်ရွှင်မှုအိမ်မှာ ပေါင်းဆုံနေတာဟာ (၁၀) နှစ်အတွင်းမှာမှ တစ်ကြိမ်လောက်ပဲ ဖြစ်လေ့ရှိတာကြောင့် ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားပါ။ ဇူလိုင် ၉ ရက်နောက်ပိုင်းမှာ Venus က သင့်ရဲ့ အလုပ်အကိုင်နဲ့ ကျန်းမာရေးအိမ်ကို ပြောင်းသွားမှာဖြစ်လို့ အလုပ်အကိုင်အသစ် သို့မဟုတ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစီအစဉ်သစ်တွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ ဇူလိုင် ၂၃ ရက်နောက်ပိုင်းမှာဆိုရင်တော့ သင့်ရဲ့ အကြံအစည်သစ်တွေကို အကောင် အထည်ဖော်ဖို့ အလွန်သင့်လျော်တဲ့အချိန် ဖြစ်လာမှာပါ။ဘယ်လိုပဲဖြစ်ဖြစ် ဒီလထဲမှာ ကိုယ့်ဆီရောက်လာတဲ့ အခွင့်အရေးလေးတွေကို သေချာဂရုစိုက်ပြီး အသုံးချကြည့်လိုက်ပါဦးနော်။ အရာအားလုံး အဆင်ပြေစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။

ကျော့ကေခိုင်

zawgyi

ဇူလိုင္လကုန္မွာ ဘဝအေျခအေနေတြ တိုးတက္ေျပာင္းလဲလာမယ့္ ရာသီခြင္ (၃) ခုအေၾကာင္းကို နကၡတ္ေဗဒင္ပညာရွင္ Michelle Oletree ရဲ႕ ေဟာကိန္းအရ ျပန္ လည္ မွ်ေဝေပးခ်င္ပါတယ္။ ဒီလက “အေျပာင္းအလဲေတြနဲ႔ ျပည့္ႏွက္ေနတဲ့ လ” လို႔ ဆိုထားေတာ့ ဘယ္သူေတြအတြက္ ဘာေတြျဖစ္လာမလဲဆိုတာ ၾကည့္လိုက္ရ ေအာင္။

Leo – ေအာင္ျမင္မႈေတြနဲ႔ ေတာက္ပမယ့္အခ်ိန္

ဇူလိုင္လ ပထမ (၉) ရက္မွာ ကံေကာင္းျခင္းေတြကို ယူေဆာင္လာေပးတဲ့ ၿဂိဳဟ္ေတြက သင့္ရဲ႕ ပထမအိမ္မွာ ေနရာယူထားတာေၾကာင့္ စြမ္းအင္ေတြ အျပည့္ရွိေနပါလိမ့္မယ္။ Venus ၿဂိဳဟ္က ဒီလ ၉ ရက္အထိ သင့္ရာသီခြင္မွာ ရွိေနဦးမွာဆိုေတာ့ လူအမ်ားရဲ႕ စိတ္ဝင္စားမႈကို အလြယ္တကူ ဆြဲေဆာင္ႏိုင္ၿပီး သင့္ရဲ႕ ယုံၾကည္မႈေတြ အမ်ားႀကီး တိုးလာပါလိမ့္မယ္။ဒါ့အျပင္ ကံၾကမၼာရဲ႕ၿဂိဳဟ္ Jupiter ကလည္း ဇြန္လ ၂၉ ရက္ကတည္းက သင့္ရာသီခြင္မွာ တစ္ႏွစ္တာအတြက္ ဝင္ေရာက္ေနရာယူထားပါတယ္။ ဒါဟာ (၁၂) ႏွစ္မွ တစ္ႀကိမ္ပဲ ျဖစ္ေလ့ရွိတဲ့အတြက္ သင့္အတြက္ အခုႏွစ္ဟာ ေအာင္ျမင္မႈေတြ၊ ကိုယ္ပိုင္တိုးတက္မႈေတြနဲ႔ ျပည့္ေနမွာပါ။ ဇူလိုင္ ၂၂ ရက္ေနာက္ပိုင္းမွာ သင့္ရဲ႕ ေမြးလစတင္ေတာ့မွာျဖစ္လို႔ စိတ္ဓာတ္ေတြ ပိုတက္ႂကြလာၿပီး အရင္က ေဝခြဲမရျဖစ္ေနတဲ့ ကိစၥေတြကို ရွင္းရွင္းလင္းလင္းနဲ႔ ေအာင္ျမင္ေအာင္ လုပ္ႏိုင္လာပါလိမ့္မယ္။

Cancer – ေငြေၾကးနဲ႔ ကံၾကမၼာ အားေကာင္းမယ့္အခ်ိန္

Jupiter ၿဂိဳဟ္က သင့္ရဲ႕ ေငြေၾကးဆိုင္ရာ အိမ္မွာ (၁) ႏွစ္စာအတြက္ ေနရာယူထားတာေၾကာင့္ ဒီလမွာေရာ၊ လာမယ့္တစ္ႏွစ္လုံးမွာပါ ေငြေၾကးအခြင့္အလမ္းေတြ အမ်ားႀကီး ပြင့္လာပါလိမ့္မယ္။ ဝင္ေငြတိုးဖို႔ အခြင့္အေရးေတြ ရလာသလို ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြလည္း တိုးလာပါလိမ့္မယ္။Venus ၿဂိဳဟ္ကလည္း ဇူလိုင္ ၉ ရက္အထိ သင့္ရဲ႕ ေငြေၾကးအိမ္မွာ ရွိေနဦးမွာဆိုေတာ့ ေငြေၾကးဆိုင္ရာ ၿဂိဳဟ္ႏွစ္ခုစလုံး သင့္ဆီမွာ စုစည္းေနတဲ့အတြက္ အရမ္းကို ကံေကာင္းတဲ့အခ်ိန္ပါပဲ။ တစ္ကိုယ္ တည္းသမားေတြအတြက္ေတာ့ ခ်စ္သူအသစ္နဲ႔ ဆုံႏိုင္သလို၊ လက္ရွိတြဲေနသူေတြလည္း ဆက္ဆံေရး ပိုေကာင္းလာႏိုင္ပါတယ္။ ဇူလိုင္ ၁၄ ရက္မွာ က်ေရာက္မယ့္ “လဆန္းေန႔” ကေတာ့ သင့္အတြက္ အရာရာကို အစကေန ျပန္စတင္ဖို႔ အခြင့္အေရးေကာင္းပါပဲ။

Aries – ေပ်ာ္႐ႊင္မႈေတြနဲ႔ အႀကံအစည္သစ္ေတြ ေပၚလာမယ့္အခ်ိန္

ဒီႏွစ္မွာ Saturn နဲ႔ Neptune ၿဂိဳဟ္ေတြေၾကာင့္ နည္းနည္းေတာ့ ပင္ပန္းႏိုင္ေပမဲ့ ဇူလိုင္လကေတာ့ သင့္အတြက္ အနားယူဖို႔နဲ႔ ေပ်ာ္ဖို႔ အေကာင္းဆုံးပါပဲ။ ဇူလိုင္ ၉ ရက္အထိ Venus ၿဂိဳဟ္က သင့္ရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ ေပ်ာ္႐ႊင္မႈဆိုင္ရာ အိမ္မွာ ရွိေနမွာဆိုေတာ့ အျပင္ထြက္လည္ဖို႔၊ လူသစ္ေတြနဲ႔ မိတ္ဆက္ဖို႔ အေကာင္းဆုံးအခ်ိန္ပါပဲ။ Jupiter နဲ႔ Venus ၿဂိဳဟ္ႏွစ္ခုစလုံး သင့္ရဲ႕ ေပ်ာ္႐ႊင္မႈအိမ္မွာ ေပါင္းဆုံေနတာဟာ (၁၀) ႏွစ္အတြင္းမွာမွ တစ္ႀကိမ္ေလာက္ပဲ ျဖစ္ေလ့ရွိတာေၾကာင့္ ဒီအခြင့္အေရးကို အမိအရ ဆုပ္ကိုင္ထားပါ။ ဇူလိုင္ ၉ ရက္ေနာက္ပိုင္းမွာ Venus က သင့္ရဲ႕ အလုပ္အကိုင္နဲ႔ က်န္းမာေရးအိမ္ကို ေျပာင္းသြားမွာျဖစ္လို႔ အလုပ္အကိုင္အသစ္ သို႔မဟုတ္က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အစီအစဥ္သစ္ေတြနဲ႔ ႀကဳံေတြ႕ရပါလိမ့္မယ္။ ဇူလိုင္ ၂၃ ရက္ေနာက္ပိုင္းမွာဆိုရင္ေတာ့ သင့္ရဲ႕ အႀကံအစည္သစ္ေတြကို အေကာင္ အထည္ေဖာ္ဖို႔ အလြန္သင့္ေလ်ာ္တဲ့အခ်ိန္ ျဖစ္လာမွာပါ။ဘယ္လိုပဲျဖစ္ျဖစ္ ဒီလထဲမွာ ကိုယ့္ဆီေရာက္လာတဲ့ အခြင့္အေရးေလးေတြကို ေသခ်ာဂ႐ုစိုက္ၿပီး အသုံးခ်ၾကည့္လိုက္ပါဦးေနာ္။ အရာအားလုံး အဆင္ေျပေစဖို႔ ဆႏၵျပဳလိုက္ရပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*