တကယ်တော့ အလုပ်ရှင်တွေက ကိုယ့်ကို အလုပ်ပြုတ်တော့မယ်လို့ တည့်တည့်ကြီး လာပြောလေ့မရှိပါဘူး။ အများစုကတော့ အလုပ်ကနေ ထုတ်ပယ်ခံရတော့မယ်ဆိုရင် ကြိုသိနိုင်မှာလို့ ထင်တတ်ကြပေမဲ့ လက်တွေ့မှာတော့ အဲ့ဒီလိုမျိုး ရှင်းရှင်းလင်းလင်းဖြစ်လာဖို့က ရှားပါတယ်။အလုပ်ရှင်တွေက ကိုယ့်ကို အလုပ်ကနေ “managed out” လုပ်တဲ့အခါ … ဆိုလိုတာကတော့ ကိုယ့်သဘောနဲ့ကိုယ် အလုပ်ထွက်သွားအောင် ဖိအားပေးတဲ့အခါမှာ အဲ့ဒီပုံစံတွေက အလွန်ကို သိမ်မွေ့ပြီး သတိ ထားရခက်ပါတယ်။ တခါတရံမှာ တာဝန်တွေက လျော့နည်းသွားလိုက်၊ အစည်းအဝေးတွေကနေ ကိုယ့်နာမည် ပျောက်သွားလိုက်၊ ဒါမှမဟုတ် ဘာမှလုပ်လို့မရတဲ့ အကြံဉာဏ်ပေးမှုမျိုးတွေ ဖြစ်လာတတ်ပါတယ်။ Traliant ရဲ့ စစ်တမ်းတစ်ခုအရဆိုရင် အလုပ်သမား သုံးပုံတစ်ပုံလောက်ဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အလုပ်ခွင်မှာ အထီးကျန်ဆန်မှု ဒါမှမဟုတ် လျစ်လျူရှုခံရမှုတွေကို ခံစားခဲ့ရပြီး ၅၅ရာခိုင်နှုန်း ကတော့ အဲ့ဒီအကြောင်းရင်းကြောင့်ပဲ အလုပ်ထွက်ဖို့ စဉ်းစားခဲ့ကြရပါတယ်။ ဒါဟာ အလုပ်ခွင်ထဲက “အထီးကျန်မှု” ဆိုတာ ထင်တာထက်ကို ပိုပြီး အကျိုးသက်ရောက်မှု ရှိနေတယ်ဆိုတာကို ပြသနေတာပါပဲ။ ဒီအချက်တွေက ဘာတွေများဖြစ်မလဲ။ ဒီလိုလက္ခဏာတွေ တစ်ခုတည်းနဲ့တော့ မဟုတ်ပေမဲ့ အားလုံးစုပြုံပြီး ကြာရှည်စွာ ဖြစ်လာပြီဆိုရင်တော့ သင်သတိထားဖို့ လိုနေပြီဆိုတာပါပဲ။
ကိုယ့်တာဝန်တွေ တဖြည်းဖြည်းနဲ့ လျော့ကျလာတာ
ဒါက အကြီးမားဆုံးသော သတိပေးချက်ပါ။ ကိုယ်လုပ်နေကျ အဓိကလုပ်ငန်းစဉ်တွေကို တခြားသူတွေလက်ထဲ ပေးလိုက်တာ၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်တွေ သိမ်းယူခံလိုက်ရတာမျိုးတွေ ဖြစ်လာပြီလား။ ရုတ်တရက်ဆိုသလိုပဲ ကိုယ့်အဆင့်နဲ့ မတန်တဲ့၊ ဘာမှမထူးခြားတဲ့ အလုပ်အသေးအဖွဲတွေကိုပဲ ပေးလုပ်လာပြီဆိုရင်တော့ သင်သတိထားသင့်ပါပြီ။
အဖွဲ့အစည်းထဲကနေ တိတ်တဆိတ် “ဖယ်ထုတ်” ခံနေရတာ
အရင်က တက်နေကျ အစည်းအဝေးတွေမှာ ကိုယ့်ကို မဖိတ်တော့ဘူး၊ အရေးကြီးတဲ့ အီးမေးလ်တွေထဲမှာ ကိုယ့်နာမည် မပါတော့ဘူးဆိုရင် ဒါဟာ တိတ်တဆိတ် “အထီးကျန်အောင်” လုပ်နေတာပါ။ ဒီလို အချက်အလက် စီးဆင်းမှုကနေ ဖြတ်တောက်ခံလိုက်ရတာဟာ သင့်ကို အလုပ်ခွင်ကနေ တဖြည်းဖြည်း ပယ်ထုတ်လိုက်တာနဲ့ အတူတူပါပဲ။
ပေးတဲ့အကြံဉာဏ်တွေက ဘာမှလုပ်လို့မရတော့ဘူး
တကယ်တမ်း လမ်းပြပေးတဲ့ ဝေဖန်အကြံပြုချက်နဲ့ မောင်းထုတ်ဖို့ပေးတဲ့ ဝေဖန်အကြံပြုချက်က ကွာပါတယ်။ အချို့က အသေးအဖွဲကိစ္စတွေကိုပဲ လိုက်ပြီး အပြစ်ရှာတတ်ပါတယ်။ ဒါမှမဟုတ် ဘာမှမှန်းဆလို့ မရတဲ့၊ မရေရာတဲ့ ဝေဖန်မှုတွေပဲ ပေးနေတာမျိုးပေါ့။ ဒါဟာ ကိုယ့်ကို တိုးတက်အောင် လုပ်ပေးတာမဟုတ်ဘဲ၊ ကိုယ်ဘာမှ မလုပ်တတ်တော့သလိုမျိုး ခံစားရအောင် ဖန်တီးလိုက်တာပါ။
ဆက်သွယ်ရေး ပုံစံတွေ ရုတ်တရက် ပြောင်းသွားတာ
အရင်က ခင်ခင်မင်မင် ဆက်ဆံခဲ့တဲ့ အထက်လူကြီးက ရုတ်တရက် အေးစက်သွားတာမျိုး၊ တစ်ယောက်ချင်း ဆွေးနွေးမှုတွေကို အကြောင်းမဲ့ ပယ်ဖျက်လိုက်တာမျိုးတွေ ရှိလာပြီလား။ စကားပြောရတာ အရင်ကထက် ပိုပြီး တင်းကျပ်လာပြီး စာနဲ့ပဲ အလုပ်ကိစ္စပြောတော့မယ်ဆိုရင်တော့ သူတို့က သင့်နဲ့ စိတ်ပိုင်းဆိုင်ရာရော၊ လုပ် ငန်းပိုင်းဆိုင်ရာမှာပါ ခြားနားမှုတစ်ခု တည်ဆောက်နေတာ ဖြစ်နိုင်ပါတယ်။
အသေးအဖွဲကိစ္စတွေကိုပါ အကြီးအကျယ် စစ်ဆေးလာတာ
အချို့ကျတော့လည်း လုံးဝလျစ်လျူမရှုဘဲ ပြောင်းပြန်လုပ်တတ်ပါတယ်။ ကိုယ့်ရဲ့ အချိန်ဇယား၊ ကိုယ့်ရဲ့ အလုပ်ပြီးမြောက်မှုတွေကို စက္ကန့်မခြား စစ်ဆေးနေတာမျိုးပေါ့။ ဒါဟာ အမှားတစ်ခုခုကို ရှာပြီး “အလုပ်ဖြုတ်ဖို့အတွက် အကြောင်းပြချက်” (Paper trail) တည်ဆောက်နေတာ ဖြစ်နိုင်ပါတယ်။
ဒီလက္ခဏာတစ်ခုလောက် ဖြစ်နေရုံနဲ့တော့ ကမ္ဘာပျက်စရာ မလိုပါဘူး။ လုပ်ငန်းခွင်ဆိုတာ အပြောင်းအလဲတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ အထက်ပါအချက်တွေက တစ်ပြိုင်နက်တည်း ဖြစ်လာပြီး ကြာရှည်နေပြီဆိုရင်တော့ ကိုယ့်ရဲ့ Resume ကို အဆင်သင့်ပြင်ထားဖို့၊ နောက်တစ်နေရာအတွက် ပြင်ဆင်ဖို့ ဒါမှမဟုတ် လက်ရှိအလုပ်ခွင်မှာ ကိုယ့်ရဲ့ မိတ်ဆွေတွေနဲ့ တိုင်ပင်ဖို့ အချိန်တန်ပြီလို့ ပြောပါရစေ။
ကျော့ကေခိုင်
zawgyi
တကယ္ေတာ့ အလုပ္ရွင္ေတြက ကိုယ့္ကို အလုပ္ျပဳတ္ေတာ့မယ္လို႔ တည့္တည့္ႀကီး လာေျပာေလ့မရွိပါဘူး။ အမ်ားစုကေတာ့ အလုပ္ကေန ထုတ္ပယ္ခံရေတာ့မယ္ဆိုရင္ ႀကိဳသိႏိုင္မွာလို႔ ထင္တတ္ၾကေပမဲ့ လက္ေတြ႕မွာေတာ့ အဲ့ဒီလိုမ်ိဳး ရွင္းရွင္းလင္းလင္းျဖစ္လာဖို႔က ရွားပါတယ္။အလုပ္ရွင္ေတြက ကိုယ့္ကို အလုပ္ကေန “managed out” လုပ္တဲ့အခါ … ဆိုလိုတာကေတာ့ ကိုယ့္သေဘာနဲ႔ကိုယ္ အလုပ္ထြက္သြားေအာင္ ဖိအားေပးတဲ့အခါမွာ အဲ့ဒီပုံစံေတြက အလြန္ကို သိမ္ေမြ႕ၿပီး သတိ ထားရခက္ပါတယ္။ တခါတရံမွာ တာဝန္ေတြက ေလ်ာ့နည္းသြားလိုက္၊ အစည္းအေဝးေတြကေန ကိုယ့္နာမည္ ေပ်ာက္သြားလိုက္၊ ဒါမွမဟုတ္ ဘာမွလုပ္လို႔မရတဲ့ အႀကံဉာဏ္ေပးမႈမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။ Traliant ရဲ႕ စစ္တမ္းတစ္ခုအရဆိုရင္ အလုပ္သမား သုံးပုံတစ္ပုံေလာက္ဟာ ၿပီးခဲ့တဲ့ ငါးႏွစ္အတြင္း အလုပ္ခြင္မွာ အထီးက်န္ဆန္မႈ ဒါမွမဟုတ္ လ်စ္လ်ဴရႈခံရမႈေတြကို ခံစားခဲ့ရၿပီး ၅၅ရာခိုင္ႏႈန္း ကေတာ့ အဲ့ဒီအေၾကာင္းရင္းေၾကာင့္ပဲ အလုပ္ထြက္ဖို႔ စဥ္းစားခဲ့ၾကရပါတယ္။ ဒါဟာ အလုပ္ခြင္ထဲက “အထီးက်န္မႈ” ဆိုတာ ထင္တာထက္ကို ပိုၿပီး အက်ိဳးသက္ေရာက္မႈ ရွိေနတယ္ဆိုတာကို ျပသေနတာပါပဲ။ ဒီအခ်က္ေတြက ဘာေတြမ်ားျဖစ္မလဲ။ ဒီလိုလကၡဏာေတြ တစ္ခုတည္းနဲ႔ေတာ့ မဟုတ္ေပမဲ့ အားလုံးစုၿပဳံၿပီး ၾကာရွည္စြာ ျဖစ္လာၿပီဆိုရင္ေတာ့ သင္သတိထားဖို႔ လိုေနၿပီဆိုတာပါပဲ။
ကိုယ့္တာဝန္ေတြ တျဖည္းျဖည္းနဲ႔ ေလ်ာ့က်လာတာ
ဒါက အႀကီးမားဆုံးေသာ သတိေပးခ်က္ပါ။ ကိုယ္လုပ္ေနက် အဓိကလုပ္ငန္းစဥ္ေတြကို တျခားသူေတြလက္ထဲ ေပးလိုက္တာ၊ ကိုယ့္ရဲ႕ ဆုံးျဖတ္ခ်က္ခ်ပိုင္ခြင့္ေတြ သိမ္းယူခံလိုက္ရတာမ်ိဳးေတြ ျဖစ္လာၿပီလား။ ႐ုတ္တရက္ဆိုသလိုပဲ ကိုယ့္အဆင့္နဲ႔ မတန္တဲ့၊ ဘာမွမထူးျခားတဲ့ အလုပ္အေသးအဖြဲေတြကိုပဲ ေပးလုပ္လာၿပီဆိုရင္ေတာ့ သင္သတိထားသင့္ပါၿပီ။
အဖြဲ႕အစည္းထဲကေန တိတ္တဆိတ္ “ဖယ္ထုတ္” ခံေနရတာ
အရင္က တက္ေနက် အစည္းအေဝးေတြမွာ ကိုယ့္ကို မဖိတ္ေတာ့ဘူး၊ အေရးႀကီးတဲ့ အီးေမးလ္ေတြထဲမွာ ကိုယ့္နာမည္ မပါေတာ့ဘူးဆိုရင္ ဒါဟာ တိတ္တဆိတ္ “အထီးက်န္ေအာင္” လုပ္ေနတာပါ။ ဒီလို အခ်က္အလက္ စီးဆင္းမႈကေန ျဖတ္ေတာက္ခံလိုက္ရတာဟာ သင့္ကို အလုပ္ခြင္ကေန တျဖည္းျဖည္း ပယ္ထုတ္လိုက္တာနဲ႔ အတူတူပါပဲ။
ေပးတဲ့အႀကံဉာဏ္ေတြက ဘာမွလုပ္လို႔မရေတာ့ဘူး
တကယ္တမ္း လမ္းျပေပးတဲ့ ေဝဖန္အႀကံျပဳခ်က္နဲ႔ ေမာင္းထုတ္ဖို႔ေပးတဲ့ ေဝဖန္အႀကံျပဳခ်က္က ကြာပါတယ္။ အခ်ိဳ႕က အေသးအဖြဲကိစၥေတြကိုပဲ လိုက္ၿပီး အျပစ္ရွာတတ္ပါတယ္။ ဒါမွမဟုတ္ ဘာမွမွန္းဆလို႔ မရတဲ့၊ မေရရာတဲ့ ေဝဖန္မႈေတြပဲ ေပးေနတာမ်ိဳးေပါ့။ ဒါဟာ ကိုယ့္ကို တိုးတက္ေအာင္ လုပ္ေပးတာမဟုတ္ဘဲ၊ ကိုယ္ဘာမွ မလုပ္တတ္ေတာ့သလိုမ်ိဳး ခံစားရေအာင္ ဖန္တီးလိုက္တာပါ။
ဆက္သြယ္ေရး ပုံစံေတြ ႐ုတ္တရက္ ေျပာင္းသြားတာ
အရင္က ခင္ခင္မင္မင္ ဆက္ဆံခဲ့တဲ့ အထက္လူႀကီးက ႐ုတ္တရက္ ေအးစက္သြားတာမ်ိဳး၊ တစ္ေယာက္ခ်င္း ေဆြးေႏြးမႈေတြကို အေၾကာင္းမဲ့ ပယ္ဖ်က္လိုက္တာမ်ိဳးေတြ ရွိလာၿပီလား။ စကားေျပာရတာ အရင္ကထက္ ပိုၿပီး တင္းက်ပ္လာၿပီး စာနဲ႔ပဲ အလုပ္ကိစၥေျပာေတာ့မယ္ဆိုရင္ေတာ့ သူတို႔က သင့္နဲ႔ စိတ္ပိုင္းဆိုင္ရာေရာ၊ လုပ္ ငန္းပိုင္းဆိုင္ရာမွာပါ ျခားနားမႈတစ္ခု တည္ေဆာက္ေနတာ ျဖစ္ႏိုင္ပါတယ္။
အေသးအဖြဲကိစၥေတြကိုပါ အႀကီးအက်ယ္ စစ္ေဆးလာတာ
အခ်ိဳ႕က်ေတာ့လည္း လုံးဝလ်စ္လ်ဴမရႈဘဲ ေျပာင္းျပန္လုပ္တတ္ပါတယ္။ ကိုယ့္ရဲ႕ အခ်ိန္ဇယား၊ ကိုယ့္ရဲ႕ အလုပ္ၿပီးေျမာက္မႈေတြကို စကၠန႔္မျခား စစ္ေဆးေနတာမ်ိဳးေပါ့။ ဒါဟာ အမွားတစ္ခုခုကို ရွာၿပီး “အလုပ္ျဖဳတ္ဖို႔အတြက္ အေၾကာင္းျပခ်က္” (Paper trail) တည္ေဆာက္ေနတာ ျဖစ္ႏိုင္ပါတယ္။
ဒီလကၡဏာတစ္ခုေလာက္ ျဖစ္ေန႐ုံနဲ႔ေတာ့ ကမာၻပ်က္စရာ မလိုပါဘူး။ လုပ္ငန္းခြင္ဆိုတာ အေျပာင္းအလဲေတြ ရွိတတ္ပါတယ္။ ဒါေပမဲ့ အထက္ပါအခ်က္ေတြက တစ္ၿပိဳင္နက္တည္း ျဖစ္လာၿပီး ၾကာရွည္ေနၿပီဆိုရင္ေတာ့ ကိုယ့္ရဲ႕ Resume ကို အဆင္သင့္ျပင္ထားဖို႔၊ ေနာက္တစ္ေနရာအတြက္ ျပင္ဆင္ဖို႔ ဒါမွမဟုတ္ လက္ရွိအလုပ္ခြင္မွာ ကိုယ့္ရဲ႕ မိတ္ေဆြေတြနဲ႔ တိုင္ပင္ဖို႔ အခ်ိန္တန္ၿပီလို႔ ေျပာပါရေစ။
ေက်ာ့ေကခိုင္
Leave a Reply