အလုပ်လျှောက်တာ တစ်စောင်ပြီးတစ်စောင်၊ အင်တာဗျူးတွေ ဖြေတာ တစ်ခုပြီးတစ်ခု… ဒါပေမဲ့ ဘာသတင်းမှ ပြန်မလာဘူးဆိုတာမျိုး ဖြစ်ဖူးလား။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကျတာ၊ ကိုယ့်ကိုယ်ကို သံသယဝင်တာမျိုးက သဘာဝပါ။ ဒါပေမဲ့ အလုပ်ရှာရတာ ကြာနေရတဲ့အကြောင်းရင်းက ကိုယ့်အရည်အချင်းမရှိလို့ မဟုတ်ဘဲ၊ လမ်းကြောင်းမှားနေလို့ ဖြစ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ အလုပ်ရှာရတာ ကြာနေရတဲ့ အဓိက အကြောင်းရင်း ၅ ချက်နဲ့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို ဒီတပတ် Forbes မဂ္ဂဇင်းရဲ့ အကြံပြုချက် ဆောင်းပါးကို ပြန်လည်မျှဝေပေးချင်ပါတယ်။
Networking ကို လျစ်လျူရှုထားတာ
အလုပ်ရှာတယ်ဆိုတာ ကြော်ငြာကိုပဲ ကြည့်နေရမှာ မဟုတ်ပါဘူး။ တကယ်တမ်း အလုပ်အကိုင် အခွင့်အလမ်းအများစုက “အသိမိတ်ဆွေ” ကနေ တစ်ဆင့် ရလာတာပါ။ LinkedIn မှာပဲ ဖြစ်ဖြစ်၊ အလုပ်ခွင်က မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ် ချိတ်ဆက်မှု မရှိရင် အခွင့်အရေးကောင်းတွေ လက်လွတ်သွားနိုင်ပါတယ်။ကုမ္ပဏီတစ်ခုခုကို လျှောက်တော့မယ်ဆိုရင် အဲ့ဒီထဲက ဝန်ထမ်းတစ်ယောက်ယောက်နဲ့ အရင်ခင်အောင် လုပ်ပါ။ ကိုယ့်ကို Recommend လုပ်ပေးဖို့ ပြောပါ။ ဒါက တိုက်ရိုက်လျှောက်တာထက် အလားအလာ ပိုများပါတယ်။
Resume က ATS စနစ်ကို မကျော်နိုင်တာ
အခုခေတ်မှာ ကုမ္ပဏီအများစုက Resume တွေကို လူကိုယ်တိုင် ဖတ်မနေတော့ပါဘူး။ ATS (Applicant Tracking System) လို့ခေါ်တဲ့ ဆော့ဖ်ဝဲလ်တွေနဲ့ စစ်ထုတ်တာပါ။ ကိုယ့် Resume ထဲမှာ ကုမ္ပဏီက လိုချင်တဲ့ Keyword တွေ မပါနေရင် ဘယ်လောက်တော်တော် လူသားတွေလက်ထဲကို ရောက်မှာမဟုတ်ပါဘူး။အလုပ်ခေါ်စာထဲက အဓိကစကားလုံးတွေကို ကိုယ့် Resume မှာ ထည့်သုံးပါ။ ပုံစံမျိုးစုံလုပ်မယ့်အစား အလုပ်အကိုင်နဲ့ ကိုက်ညီမယ့် စနစ်တကျ ပြင်ဆင်ထားတဲ့ ပုံစံမျိုးကိုပဲ သုံးပါ။
ကိုယ့်တန်ဖိုးကို မပြနိုင်တာ
Resume ရော၊ အင်တာဗျူးမှာပါ ကိုယ် “ဘာလုပ်ခဲ့သလဲ” ဆိုတာထက် “ဘာတွေ ဖန်တီးပေးခဲ့သလဲ” ဆိုတာကို ပြောပြဖို့ လိုပါတယ်။ “စာရင်းသွင်းတဲ့အလုပ်လုပ်တယ်” လို့ ပြောမယ့်အစား “ကျွန်တော် လုပ်လိုက်လို့ ကုမ္ပဏီမှာ အချိန် ၃၀ရာခိုင်နှုန်းသ က်သာသွားတယ်” ဆိုတာမျိုး ပြောနိုင်ရပါမယ်။ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို ဂဏန်းအချက်အလက် (Numbers) တွေနဲ့ ပြောပြနိုင်ဖို့ ပြင်ဆင်ထားပါ။
ကိုယ်နဲ့မကိုက်တဲ့အလုပ်ကိုပဲ လျှောက်နေတာ
အလုပ်ရှာရတာ ကြာလေလေ၊ စိတ်ထဲမှာ “ရရာအလုပ်ကို လျှောက်လိုက်တော့မယ်” ဆိုတဲ့ အတွေးဝင်လာတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့် Profile နဲ့ အရမ်းကွာနေတဲ့ အလုပ်တွေကို လျှောက်နေရင် အချိန်ကုန်ရုံတင်မကဘဲ စိတ်ဓာတ်ပါ ပိုကျလာပါလိမ့်မယ်။Quality over Quantity ပါ။ အလုပ် ၁၀ ခုကို ပေါ့ပေါ့တန်တန် လျှောက်မယ့်အစား၊ ကိုယ်နဲ့ အမှန်တကယ် ကိုက်ညီတဲ့ အလုပ် ၃ ခုကို အချိန်ပေးပြီး သေချာပြင်ဆင်လျှောက်တာက ပိုထိရောက်ပါတယ်။
အလုပ်လျှောက်တဲ့ ပုံစံကို မပြင်ဆင်တာ
အင်တာဗျူးတစ်ခုမှာ အဆင်မပြေလိုက်ဘူးဆိုပါစို့။ အဲ့ဒီမှာတင် ရပ်သွားမလား၊ ဒါမှမဟုတ် ဘာကြောင့် အဆင်မပြေလဲဆိုတာကို ပြန်သုံးသပ်မလားဆိုတာ အရေး ကြီးပါတယ်။အင်တာဗျူးတိုင်းအပြီးမှာ ကိုယ့်ဘာသာ ပြန်မေးခွန်းထုတ်ပါ။ ဘယ်နေရာမှာ လိုအပ်ခဲ့လဲ၊ ဘယ်မေးခွန်းကို ကောင်းကောင်း မဖြေနိုင်ခဲ့လဲ။ အဲ့ဒါတွေကို ပြင်ဆင်ပြီး နောက်တစ်ကြိမ်အတွက် ပိုကောင်းအောင် လုပ်ပါ။အလုပ်ရှာရတာ ကြာနေတာဟာ ကိုယ်ညံ့နေလို့ မဟုတ်ပါဘူး။ အခွင့်အရေးတစ်ခုအတွက် ပြင်ဆင်နေတဲ့ ကာလတစ်ခုသာ ဖြစ်ပါတယ်။ အထက်ပါ အချက်တွေကို ဖြည်းဖြည်းချင်း ပြန်စစ်ဆေးကြည့်ပါ။ အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မပျက်ဖို့ပါပဲ။
ကျော့ကေခိုင်
zawgyi
အလုပ္ေလွ်ာက္တာ တစ္ေစာင္ၿပီးတစ္ေစာင္၊ အင္တာဗ်ဴးေတြ ေျဖတာ တစ္ခုၿပီးတစ္ခု… ဒါေပမဲ့ ဘာသတင္းမွ ျပန္မလာဘူးဆိုတာမ်ိဳး ျဖစ္ဖူးလား။ ဒီလိုအခ်ိန္မ်ိဳးမွာ စိတ္ဓာတ္က်တာ၊ ကိုယ့္ကိုယ္ကို သံသယဝင္တာမ်ိဳးက သဘာဝပါ။ ဒါေပမဲ့ အလုပ္ရွာရတာ ၾကာေနရတဲ့အေၾကာင္းရင္းက ကိုယ့္အရည္အခ်င္းမရွိလို႔ မဟုတ္ဘဲ၊ လမ္းေၾကာင္းမွားေနလို႔ ျဖစ္ေနတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ အလုပ္ရွာရတာ ၾကာေနရတဲ့ အဓိက အေၾကာင္းရင္း ၅ ခ်က္နဲ႔ ဘယ္လိုျပင္ဆင္ရမလဲဆိုတာကို ဒီတပတ္ Forbes မဂၢဇင္းရဲ႕ အႀကံျပဳခ်က္ ေဆာင္းပါးကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။
Networking ကို လ်စ္လ်ဴရႈထားတာ
အလုပ္ရွာတယ္ဆိုတာ ေၾကာ္ျငာကိုပဲ ၾကည့္ေနရမွာ မဟုတ္ပါဘူး။ တကယ္တမ္း အလုပ္အကိုင္ အခြင့္အလမ္းအမ်ားစုက “အသိမိတ္ေဆြ” ကေန တစ္ဆင့္ ရလာတာပါ။ LinkedIn မွာပဲ ျဖစ္ျဖစ္၊ အလုပ္ခြင္က မိတ္ေဆြေတြနဲ႔ပဲ ျဖစ္ျဖစ္ ခ်ိတ္ဆက္မႈ မရွိရင္ အခြင့္အေရးေကာင္းေတြ လက္လြတ္သြားႏိုင္ပါတယ္။ကုမၸဏီတစ္ခုခုကို ေလွ်ာက္ေတာ့မယ္ဆိုရင္ အဲ့ဒီထဲက ဝန္ထမ္းတစ္ေယာက္ေယာက္နဲ႔ အရင္ခင္ေအာင္ လုပ္ပါ။ ကိုယ့္ကို Recommend လုပ္ေပးဖို႔ ေျပာပါ။ ဒါက တိုက္႐ိုက္ေလွ်ာက္တာထက္ အလားအလာ ပိုမ်ားပါတယ္။
Resume က ATS စနစ္ကို မေက်ာ္ႏိုင္တာ
အခုေခတ္မွာ ကုမၸဏီအမ်ားစုက Resume ေတြကို လူကိုယ္တိုင္ ဖတ္မေနေတာ့ပါဘူး။ ATS (Applicant Tracking System) လို႔ေခၚတဲ့ ေဆာ့ဖ္ဝဲလ္ေတြနဲ႔ စစ္ထုတ္တာပါ။ ကိုယ့္ Resume ထဲမွာ ကုမၸဏီက လိုခ်င္တဲ့ Keyword ေတြ မပါေနရင္ ဘယ္ေလာက္ေတာ္ေတာ္ လူသားေတြလက္ထဲကို ေရာက္မွာမဟုတ္ပါဘူး။အလုပ္ေခၚစာထဲက အဓိကစကားလုံးေတြကို ကိုယ့္ Resume မွာ ထည့္သုံးပါ။ ပုံစံမ်ိဳးစုံလုပ္မယ့္အစား အလုပ္အကိုင္နဲ႔ ကိုက္ညီမယ့္ စနစ္တက် ျပင္ဆင္ထားတဲ့ ပုံစံမ်ိဳးကိုပဲ သုံးပါ။
ကိုယ့္တန္ဖိုးကို မျပႏိုင္တာ
Resume ေရာ၊ အင္တာဗ်ဴးမွာပါ ကိုယ္ “ဘာလုပ္ခဲ့သလဲ” ဆိုတာထက္ “ဘာေတြ ဖန္တီးေပးခဲ့သလဲ” ဆိုတာကို ေျပာျပဖို႔ လိုပါတယ္။ “စာရင္းသြင္းတဲ့အလုပ္လုပ္တယ္” လို႔ ေျပာမယ့္အစား “ကြၽန္ေတာ္ လုပ္လိုက္လို႔ ကုမၸဏီမွာ အခ်ိန္ ၃၀ရာခိုင္ႏႈန္းသ က္သာသြားတယ္” ဆိုတာမ်ိဳး ေျပာႏိုင္ရပါမယ္။ ကိုယ့္ရဲ႕ ေအာင္ျမင္မႈေတြကို ဂဏန္းအခ်က္အလက္ (Numbers) ေတြနဲ႔ ေျပာျပႏိုင္ဖို႔ ျပင္ဆင္ထားပါ။
ကိုယ္နဲ႔မကိုက္တဲ့အလုပ္ကိုပဲ ေလွ်ာက္ေနတာ
အလုပ္ရွာရတာ ၾကာေလေလ၊ စိတ္ထဲမွာ “ရရာအလုပ္ကို ေလွ်ာက္လိုက္ေတာ့မယ္” ဆိုတဲ့ အေတြးဝင္လာတတ္ပါတယ္။ ဒါေပမဲ့ ကိုယ့္ Profile နဲ႔ အရမ္းကြာေနတဲ့ အလုပ္ေတြကို ေလွ်ာက္ေနရင္ အခ်ိန္ကုန္႐ုံတင္မကဘဲ စိတ္ဓာတ္ပါ ပိုက်လာပါလိမ့္မယ္။Quality over Quantity ပါ။ အလုပ္ ၁၀ ခုကို ေပါ့ေပါ့တန္တန္ ေလွ်ာက္မယ့္အစား၊ ကိုယ္နဲ႔ အမွန္တကယ္ ကိုက္ညီတဲ့ အလုပ္ ၃ ခုကို အခ်ိန္ေပးၿပီး ေသခ်ာျပင္ဆင္ေလွ်ာက္တာက ပိုထိေရာက္ပါတယ္။
အလုပ္ေလွ်ာက္တဲ့ ပုံစံကို မျပင္ဆင္တာ
အင္တာဗ်ဴးတစ္ခုမွာ အဆင္မေျပလိုက္ဘူးဆိုပါစို႔။ အဲ့ဒီမွာတင္ ရပ္သြားမလား၊ ဒါမွမဟုတ္ ဘာေၾကာင့္ အဆင္မေျပလဲဆိုတာကို ျပန္သုံးသပ္မလားဆိုတာ အေရး ႀကီးပါတယ္။အင္တာဗ်ဴးတိုင္းအၿပီးမွာ ကိုယ့္ဘာသာ ျပန္ေမးခြန္းထုတ္ပါ။ ဘယ္ေနရာမွာ လိုအပ္ခဲ့လဲ၊ ဘယ္ေမးခြန္းကို ေကာင္းေကာင္း မေျဖႏိုင္ခဲ့လဲ။ အဲ့ဒါေတြကို ျပင္ဆင္ၿပီး ေနာက္တစ္ႀကိမ္အတြက္ ပိုေကာင္းေအာင္ လုပ္ပါ။အလုပ္ရွာရတာ ၾကာေနတာဟာ ကိုယ္ညံ့ေနလို႔ မဟုတ္ပါဘူး။ အခြင့္အေရးတစ္ခုအတြက္ ျပင္ဆင္ေနတဲ့ ကာလတစ္ခုသာ ျဖစ္ပါတယ္။ အထက္ပါ အခ်က္ေတြကို ျဖည္းျဖည္းခ်င္း ျပန္စစ္ေဆးၾကည့္ပါ။ အေရးအႀကီးဆုံးကေတာ့ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ မပ်က္ဖို႔ပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply