AI ခေတ်မှာ လုပ်ငန်းခွင်မှာ အရေးပါလာတဲ့ ‘လူသားဆန်တဲ့ စွမ်းရည်များ’

ဒီနေ့ခေတ် Artificial Intelligence (AI) ခေတ်မှာ ChatGPT လို နည်းပညာတွေကို ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်ထားရင်ပဲ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အလုပ်ဈေးကွက်မှာ အသာစီးရမယ်လို့ လူတိုင်းထင်ကြပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင် ကျွမ်းကျင်ပညာရှင်တွေနဲ့ ဝန်ထမ်းခန့်အပ်သူတွေရဲ့ အဆိုအရတော့ ထိပ်တန်းကိုယ်စားလှယ်လောင်းတွေကို တခြားသူတွေနဲ့ ကွဲပြားသွားစေတာက နည်းပညာပိုင်းဆိုင်ရာ အရည်အချင်းတွေတင် မဟုတ်တော့ပါဘူး။ အဲဒါတွေကတော့ ‘လူသားဆန်တဲ့ စွမ်းရည်များ’ ပဲ ဖြစ်ပါတယ်။

AI ဟာ နေ့စဉ်နဲ့အမျှ ပိုပြီး ထက်မြက်လာတာနဲ့အမျှ၊ ကုမ္ပဏီတွေဟာ ဝန်ထမ်းသစ်ခန့်အပ်တဲ့အခါ ဒီဂရီလက်မှတ်တွေ၊ ရာထူးဟောင်းတွေ၊ ဒါမှမဟုတ် သီးသန့်နည်းပညာကျွမ်းကျင်မှုတွေဆိုတဲ့ အစဉ်အလာ သတ်မှတ်ချက်တွေကို ကျော်လွန်ပြီး ရှာဖွေလာကြပါတယ်။ သူတို့ လိုချင်တာက AI နဲ့ တွဲဖက်ပြီး အကျိုးရှိရှိ အသုံးချနိုင်မယ့်၊ AI ဘယ်တော့မှ အစားထိုးလို့မရနိုင်တဲ့ စွမ်းရည်တွေပါ။ ဒီစွမ်းရည်တွေထဲမှာ အဖွဲ့အစည်းကို ဦးဆောင်နိုင်စွမ်း၊ အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တတ်မှု၊ ပြောင်းလဲမှုတွေကို လိုက်လျောညီထွေဖြစ်အောင် ကိုင်တွယ်နိုင်မှုနဲ့ လျင်မြန်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှုတို့ ပါဝင်ပါတယ်။

“ဒါဟာ အရင်တုန်းကနဲ့ဆိုရင် လုံးဝ ပြောင်းပြန်ဖြစ်သွားတာပါပဲ” လို့ ‘Work Forward’ ဆိုတဲ့ စဉ်းစားတွေးခေါ်မှုဆိုင်ရာ အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ၊ အလုပ်ခွင်အနာ ဂတ်ဗျူဟာမြောက် ကျွမ်းကျင်သူ Brian Elliott က ပြောပါတယ်။ “အရင်ကတော့ ကျွန်တော်တို့က ကျွမ်းကျင်မှုနယ်ပယ်တစ်ခုတည်းမှာပဲ နက်နက်ရှိုင်းရှိုင်း တတ် ကျွမ်းမှုကို အဓိကထားခဲ့ကြတယ်။ အခုတော့ အတွေ့အကြုံ၊ သင်ယူလိုစိတ်နဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေကို ပေါင်းစပ်နိုင်ဖို့က ပိုပြီး အရေးကြီးလာပါပြီ။ ဒါဟာ နှစ်ပေါင်းများစွာ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတစ်ခုတည်းကိုပဲ အားကိုးပြီး တည်ဆောက်လာခဲ့တဲ့သူတွေအတွက်တော့ အတော်လေး ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမှာပါ” လို့ သူက ဆိုပါတယ်။

AI ခေတ်မှာ နည်းပညာတွေက အလုပ်လုပ်ပုံကို အစားထိုးလာနိုင်ပေမဲ့၊ လူသားတွေရဲ့ “ပျော့ပျောင်းတဲ့စွမ်းရည်များ” (Soft Skills)လို့ ခေါ်တဲ့ အဓိကစွမ်းရည်တွေကတော့ စက်တွေအတွက် လုံးဝ အစားထိုးမရတဲ့ အရာတွေ ဖြစ်လာပါတယ်။ အဲ့ဒီစွမ်းရည်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချတာ

AI က Data တွေကို ပိုင်းခြားစိတ်ဖြာပေးနိုင်ပေမဲ့၊ အဲ့ဒီအချက်အလက်တွေကို သုံးပြီး “ဘာကြောင့် ဒီလိုလုပ်သင့်တာလဲ”၊ “ဒီဆုံးဖြတ်ချက်က ရေရှည်မှာ ဘာသက် ရောက်မှုရှိမလဲ” ဆိုတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ လက်တွေ့ဘဝနဲ့ ကိုက်ညီအောင် ဆုံးဖြတ်ပေးတာက လူသားတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစွမ်းရည်က အခုချိန်မှာ အဓိက လိုအပ်နေတဲ့ အလုပ်ရှင်တွေ သဘောကျစေတဲ့ စွမ်းရည်ဖြစ်ပါတယ်။

စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (EQ)

လူတစ်ယောက်နဲ့တစ်ယောက်ကြားက နားလည်မှု၊ အသင်းအဖွဲ့ကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးနိုင်စွမ်း၊ အလုပ်ဖိအားတွေကို စာနာနားလည်ပေးနိုင်မှုတွေဟာ လူသားတွေရဲ့ ထူးခြားတဲ့ စွမ်းရည်ပါ။ စက်တွေက အလုပ်ကို အမိန့်အတိုင်း လုပ်ပေးနိုင်ပေမဲ့၊ လူသားတွေလိုမျိုး စိတ်ချင်းဆက်သွယ်ပြီး အဖွဲ့အစည်းကို ဦးဆောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီစွမ်းရည်ကလည်း AI မလုပ်နိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်း

AI ဟာ ရှိပြီးသား အချက်အလက်တွေကို အခြေခံပြီးမှ ဖန်တီးပေးတာပါ။ ဒါပေမဲ့ “လုံးဝ မရှိသေးတဲ့ အရာသစ်တစ်ခုကို စိတ်ကူးယဉ်ဖန်တီးတာ”၊ “ပြဿနာတစ်ခုကို ပုံစံဟောင်းတွေကနေ ခွာပြီး ထူးခြားတဲ့နည်းလမ်းနဲ့ ဖြေရှင်းတာ” တွေကတော့ လူသားတွေရဲ့ ဦးနှောက်ကသာ လုပ်ဆောင်နိုင်တဲ့ အနုပညာဆန်တဲ့ ဖန်တီးမှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်ကလည်း အဓိကစွမ်းရည်လိုအပ်ချက်တခုဖြစ်ပါတယ်။

လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလုပ်ဆောင်နိုင်စွမ်း

ကမ္ဘာကြီးက လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ အခြေအနေသစ်တစ်ခု ရောက်လာတဲ့အခါမှာ ကြောက်ရွံ့မနေဘဲ သင်ယူလိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်း၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု (Resilience) တွေက အလုပ်ရှင်တွေ အလိုချင်ဆုံး အရာတွေပါ။

လူမှုဆက်ဆံရေးနဲ့ သြဇာညောင်းနိုင်စွမ်း

စီးပွားရေးလုပ်ငန်းတစ်ခုမှာ စာချုပ်စာတမ်းတွေ ဖတ်တာထက်အဓိကကျတဲ့ ညှိနှိုင်းမှုတွေ၊ လူတွေကို စည်းရုံးနိုင်စွမ်းတွေ၊ ယုံကြည်မှု တည်ဆောက်နိုင်စွမ်းတွေက အောင်မြင်မှုကို အဆုံးအဖြတ်ပေးပါတယ်။ နည်းပညာက အချက်အလက်ပေးနိုင်ပေမဲ့၊ လူကို လူချင်း စည်းရုံးပြီး အလုပ်ဖြစ်အောင် လုပ်တာကတော့ လူသားတွေရဲ့ အဓိက စွမ်းရည်ပါ။

ကနေ့ခေတ် လုပ်ငန်းခွင်မှာ “ဘာတွေတတ်သလဲ”ဆိုတာထက် “ဘယ်လို လူစားမျိုးလဲ “ဆိုတာက ပိုပြီး အရေးပါလာပါတယ်။ သင်ဟာ သင့်ရဲ့ လုပ်ငန်းခွင်မှာ AI ကို ကိုယ့်ရဲ့ လက်ထောက်အဖြစ် အသုံးပြုပြီး၊ ကိုယ့်ကိုယ်ကိုတော့ ဒီလို ‘လူသားဆန်တဲ့’ တန်ဖိုးတွေ မြင့်မားအောင် တည်ဆောက်ထားမယ်ဆိုရင် ဘယ်တော့မှ အစားထိုးခံရမှာ မဟုတ်ပါဘူး။ နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ၊ လူသားတစ်ယောက်ရဲ့ တွေးခေါ်နိုင်စွမ်း၊ ခံစားချက်ကို နားလည်ပေးနိုင်စွမ်းနဲ့ အဖွဲ့အစည်းကို ဦးဆောင်နိုင်စွမ်းတွေကတော့ ဘယ်တော့မှ တန်ဖိုးလျော့သွားမှာ မဟုတ်ပါဘူး။

ကျော့ကေခိုင်

zawgyi

ဒီေန႔ေခတ္ Artificial Intelligence (AI) ေခတ္မွာ ChatGPT လို နည္းပညာေတြကို ကြၽမ္းက်င္ပိုင္ႏိုင္ေအာင္ လုပ္ထားရင္ပဲ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ အလုပ္ေဈးကြက္မွာ အသာစီးရမယ္လို႔ လူတိုင္းထင္ၾကပါတယ္။ ဒါေပမဲ့ လုပ္ငန္းခြင္ ကြၽမ္းက်င္ပညာရွင္ေတြနဲ႔ ဝန္ထမ္းခန႔္အပ္သူေတြရဲ႕ အဆိုအရေတာ့ ထိပ္တန္းကိုယ္စားလွယ္ေလာင္းေတြကို တျခားသူေတြနဲ႔ ကြဲျပားသြားေစတာက နည္းပညာပိုင္းဆိုင္ရာ အရည္အခ်င္းေတြတင္ မဟုတ္ေတာ့ပါဘူး။ အဲဒါေတြကေတာ့ ‘လူသားဆန္တဲ့ စြမ္းရည္မ်ား’ ပဲ ျဖစ္ပါတယ္။

AI ဟာ ေန႔စဥ္နဲ႔အမွ် ပိုၿပီး ထက္ျမက္လာတာနဲ႔အမွ်၊ ကုမၸဏီေတြဟာ ဝန္ထမ္းသစ္ခန႔္အပ္တဲ့အခါ ဒီဂရီလက္မွတ္ေတြ၊ ရာထူးေဟာင္းေတြ၊ ဒါမွမဟုတ္ သီးသန႔္နည္းပညာကြၽမ္းက်င္မႈေတြဆိုတဲ့ အစဥ္အလာ သတ္မွတ္ခ်က္ေတြကို ေက်ာ္လြန္ၿပီး ရွာေဖြလာၾကပါတယ္။ သူတို႔ လိုခ်င္တာက AI နဲ႔ တြဲဖက္ၿပီး အက်ိဳးရွိရွိ အသုံးခ်ႏိုင္မယ့္၊ AI ဘယ္ေတာ့မွ အစားထိုးလို႔မရႏိုင္တဲ့ စြမ္းရည္ေတြပါ။ ဒီစြမ္းရည္ေတြထဲမွာ အဖြဲ႕အစည္းကို ဦးေဆာင္ႏိုင္စြမ္း၊ အဖြဲ႕နဲ႔ ပူးေပါင္းလုပ္ေဆာင္တတ္မႈ၊ ေျပာင္းလဲမႈေတြကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ကိုင္တြယ္ႏိုင္မႈနဲ႔ လ်င္ျမန္ၿပီး မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်ႏိုင္မႈတို႔ ပါဝင္ပါတယ္။

“ဒါဟာ အရင္တုန္းကနဲ႔ဆိုရင္ လုံးဝ ေျပာင္းျပန္ျဖစ္သြားတာပါပဲ” လို႔ ‘Work Forward’ ဆိုတဲ့ စဥ္းစားေတြးေခၚမႈဆိုင္ရာ အဖြဲ႕အစည္းရဲ႕ CEO ျဖစ္သူ၊ အလုပ္ခြင္အနာ ဂတ္ဗ်ဴဟာေျမာက္ ကြၽမ္းက်င္သူ Brian Elliott က ေျပာပါတယ္။ “အရင္ကေတာ့ ကြၽန္ေတာ္တို႔က ကြၽမ္းက်င္မႈနယ္ပယ္တစ္ခုတည္းမွာပဲ နက္နက္ရႈိင္းရႈိင္း တတ္ ကြၽမ္းမႈကို အဓိကထားခဲ့ၾကတယ္။ အခုေတာ့ အေတြ႕အႀကဳံ၊ သင္ယူလိုစိတ္နဲ႔ ေခါင္းေဆာင္မႈစြမ္းရည္ေတြကို ေပါင္းစပ္ႏိုင္ဖို႔က ပိုၿပီး အေရးႀကီးလာပါၿပီ။ ဒါဟာ ႏွစ္ေပါင္းမ်ားစြာ ကိုယ့္ရဲ႕ ကြၽမ္းက်င္မႈတစ္ခုတည္းကိုပဲ အားကိုးၿပီး တည္ေဆာက္လာခဲ့တဲ့သူေတြအတြက္ေတာ့ အေတာ္ေလး ႀကီးမားတဲ့ အေျပာင္းအလဲတစ္ခု ျဖစ္လာမွာပါ” လို႔ သူက ဆိုပါတယ္။

AI ေခတ္မွာ နည္းပညာေတြက အလုပ္လုပ္ပုံကို အစားထိုးလာႏိုင္ေပမဲ့၊ လူသားေတြရဲ႕ “ေပ်ာ့ေပ်ာင္းတဲ့စြမ္းရည္မ်ား” (Soft Skills)လို႔ ေခၚတဲ့ အဓိကစြမ္းရည္ေတြကေတာ့ စက္ေတြအတြက္ လုံးဝ အစားထိုးမရတဲ့ အရာေတြ ျဖစ္လာပါတယ္။ အဲ့ဒီစြမ္းရည္ေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

ေဝဖန္ပိုင္းျခားႏိုင္စြမ္းနဲ႔ ဆုံးျဖတ္ခ်က္ခ်တာ

AI က Data ေတြကို ပိုင္းျခားစိတ္ျဖာေပးႏိုင္ေပမဲ့၊ အဲ့ဒီအခ်က္အလက္ေတြကို သုံးၿပီး “ဘာေၾကာင့္ ဒီလိုလုပ္သင့္တာလဲ”၊ “ဒီဆုံးျဖတ္ခ်က္က ေရရွည္မွာ ဘာသက္ ေရာက္မႈရွိမလဲ” ဆိုတဲ့ က်င့္ဝတ္ပိုင္းဆိုင္ရာနဲ႔ လက္ေတြ႕ဘဝနဲ႔ ကိုက္ညီေအာင္ ဆုံးျဖတ္ေပးတာက လူသားေတြရဲ႕ တာဝန္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီစြမ္းရည္က အခုခ်ိန္မွာ အဓိက လိုအပ္ေနတဲ့ အလုပ္ရွင္ေတြ သေဘာက်ေစတဲ့ စြမ္းရည္ျဖစ္ပါတယ္။

စိတ္ခံစားမႈဆိုင္ရာ ဉာဏ္ရည္ (EQ)

လူတစ္ေယာက္နဲ႔တစ္ေယာက္ၾကားက နားလည္မႈ၊ အသင္းအဖြဲ႕ကို စိတ္ဓာတ္တက္ႂကြေအာင္ လုပ္ေပးႏိုင္စြမ္း၊ အလုပ္ဖိအားေတြကို စာနာနားလည္ေပးႏိုင္မႈေတြဟာ လူသားေတြရဲ႕ ထူးျခားတဲ့ စြမ္းရည္ပါ။ စက္ေတြက အလုပ္ကို အမိန႔္အတိုင္း လုပ္ေပးႏိုင္ေပမဲ့၊ လူသားေတြလိုမ်ိဳး စိတ္ခ်င္းဆက္သြယ္ၿပီး အဖြဲ႕အစည္းကို ဦးေဆာင္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ဒီစြမ္းရည္ကလည္း AI မလုပ္ႏိုင္တဲ့ စြမ္းရည္ျဖစ္ပါတယ္။

တီထြင္ဖန္တီးႏိုင္စြမ္း

AI ဟာ ရွိၿပီးသား အခ်က္အလက္ေတြကို အေျခခံၿပီးမွ ဖန္တီးေပးတာပါ။ ဒါေပမဲ့ “လုံးဝ မရွိေသးတဲ့ အရာသစ္တစ္ခုကို စိတ္ကူးယဥ္ဖန္တီးတာ”၊ “ျပႆနာတစ္ခုကို ပုံစံေဟာင္းေတြကေန ခြာၿပီး ထူးျခားတဲ့နည္းလမ္းနဲ႔ ေျဖရွင္းတာ” ေတြကေတာ့ လူသားေတြရဲ႕ ဦးေႏွာက္ကသာ လုပ္ေဆာင္ႏိုင္တဲ့ အႏုပညာဆန္တဲ့ ဖန္တီးမႈေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအခ်က္ကလည္း အဓိကစြမ္းရည္လိုအပ္ခ်က္တခုျဖစ္ပါတယ္။

လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေျပာင္းလဲလုပ္ေဆာင္ႏိုင္စြမ္း

ကမာၻႀကီးက လ်င္ျမန္စြာ ေျပာင္းလဲေနပါတယ္။ အေျခအေနသစ္တစ္ခု ေရာက္လာတဲ့အခါမွာ ေၾကာက္႐ြံ႕မေနဘဲ သင္ယူလိုက္ေလ်ာညီေထြျဖစ္ေအာင္ ေျပာင္းလဲႏိုင္စြမ္း၊ အခက္အခဲေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္တဲ့ စိတ္ဓာတ္ႀကံ့ခိုင္မႈ (Resilience) ေတြက အလုပ္ရွင္ေတြ အလိုခ်င္ဆုံး အရာေတြပါ။

လူမႈဆက္ဆံေရးနဲ႔ ၾသဇာေညာင္းႏိုင္စြမ္း

စီးပြားေရးလုပ္ငန္းတစ္ခုမွာ စာခ်ဳပ္စာတမ္းေတြ ဖတ္တာထက္အဓိကက်တဲ့ ညႇိႏႈိင္းမႈေတြ၊ လူေတြကို စည္း႐ုံးႏိုင္စြမ္းေတြ၊ ယုံၾကည္မႈ တည္ေဆာက္ႏိုင္စြမ္းေတြက ေအာင္ျမင္မႈကို အဆုံးအျဖတ္ေပးပါတယ္။ နည္းပညာက အခ်က္အလက္ေပးႏိုင္ေပမဲ့၊ လူကို လူခ်င္း စည္း႐ုံးၿပီး အလုပ္ျဖစ္ေအာင္ လုပ္တာကေတာ့ လူသားေတြရဲ႕ အဓိက စြမ္းရည္ပါ။

ကေန႔ေခတ္ လုပ္ငန္းခြင္မွာ “ဘာေတြတတ္သလဲ”ဆိုတာထက္ “ဘယ္လို လူစားမ်ိဳးလဲ “ဆိုတာက ပိုၿပီး အေရးပါလာပါတယ္။ သင္ဟာ သင့္ရဲ႕ လုပ္ငန္းခြင္မွာ AI ကို ကိုယ့္ရဲ႕ လက္ေထာက္အျဖစ္ အသုံးျပဳၿပီး၊ ကိုယ့္ကိုယ္ကိုေတာ့ ဒီလို ‘လူသားဆန္တဲ့’ တန္ဖိုးေတြ ျမင့္မားေအာင္ တည္ေဆာက္ထားမယ္ဆိုရင္ ဘယ္ေတာ့မွ အစားထိုးခံရမွာ မဟုတ္ပါဘူး။ နည္းပညာေတြ ဘယ္ေလာက္ပဲ တိုးတက္လာပါေစ၊ လူသားတစ္ေယာက္ရဲ႕ ေတြးေခၚႏိုင္စြမ္း၊ ခံစားခ်က္ကို နားလည္ေပးႏိုင္စြမ္းနဲ႔ အဖြဲ႕အစည္းကို ဦးေဆာင္ႏိုင္စြမ္းေတြကေတာ့ ဘယ္ေတာ့မွ တန္ဖိုးေလ်ာ့သြားမွာ မဟုတ္ပါဘူး။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*