သူ့ရဲ့အေဂျင်စီနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ Jung Hae In FNC Entertainment
မင်းသား Jung Hae In က FNC Entertainment နဲ့ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။မကြာသေးမီကမှ Jung Hae Inက FNC Entertainment နဲ့ စာချုပ်သက်တမ်းတိုးခဲ့တယ်လို့မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။ FNC ရဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး မှတ် ချက်ပေးရာမှာ “မင်းသား Jung Hae In နဲ့အစကတည်းက အခုအချိန်အထိ အတူရှိခွင့်ရတဲ့အတွက် တကယ်ကို ပျော်ရွှင်မိပါတယ်၊
ကျွန်ုပ်တို့အနေနဲ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိပြီး နက်နဲတဲ့ယုံကြည်မှုအပေါ်အခြေခံပြီး ခိုင်မာတဲ့အထူးဆက်ဆံရေးကို တည်ဆောက်ကာ ခရီးရှည်ကြီးအတူတကွ လက်တွဲခဲ့ကြပါတယ်။သရုပ်ဆောင်တစ်ယောက်အနေနဲ့ သူ့ရဲ့လှုပ်ရှားမှုအားလုံးကို အာရုံစိုက်နိုင်အောင် သူ့ကို
အပြည့်အဝပံ့ပိုးပေးမယ်လို့ ကတိပြုပါတယ်။”
Jung Hae In က FNC Entertainment ရဲ့ ၂၀၁၃ခုနှစ်မှာ ပွဲဦးထွက်ကတည်းက အေဂျင်စီနဲ့လက်မှတ်ရေးထိုးထားတဲ့ ပထမဆုံးသရုပ် ဆောင်ဖြစ်ပြီး အခုနှစ်မှာ သူ့ရဲ့ ၁၁နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကျင်းပနေပါတယ်။ “Something in the Rain” “One Spring Night” “D.P” အစရှိတဲ့ ဒရာမာဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ထားပါတယ်။ “Connect” နဲ့ သူက မကြာသေးမီက ရုံတင်ပြသခဲ့တဲ့ “I, the
Executioner” ရုပ်ရှင်နဲ့ tvN ဒရာမာ “Love Next Door” တို့မှာ ပါဝင်ခဲ့ပါတယ်။ Jung Hae In သည် ဂျပန်နိုင်ငံတွင် FALLING WITH  YOU ခေါင်းစဉ်ဖြင့် အောက်တိုဘာ 20ရက်နေ့တွင် ပြုလုပ်မည့် ပရိသတ်တွေ့ဆုံပွဲအား နိုဝင်ဘာလ (၂) ရက်နေ့တွင်ဘန်ကောက် ၌စတင်မည့် OUR TIME အမည်ရှိ ပရိသတ်တွေ့ဆုံပွဲ ခရီးစဉ်ကိုလည်း စတင်မည်ဖြစ်သည်။
MYit
zawgyi
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*