အမေရိကန်အိုက်ဒေါ(လ်)မှာ Katy Perryနေရာမှာအစားထိုးဝင်လာမယ့် Carrie Underwood

Carrie Underwood က အမေရိကန်အိုက်ဒေါ(လ်)မှာ ဒိုင်လူကြီးဖြစ်တဲ့ Katy Perry ရဲ့ နေရာမှာအစားထိုးဝင်လာမယ့်လို့ သိရပါတယ်။
“American Idol” ဆုရှင်ဟောင်းဖြစ်တဲ့ အဆိုတော်က ရာသီသစ်မှာ အကဲဖြတ်ဒိုင်အဖြစ်သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်မှာဖြစ်တယ်လို့ အဆိုပါရှိုးနဲ့ နီးစပ်သူတဦးရဲ့ ပြောကြားချက်အရသိရပါတယ်။ဂရမ်မီဆုရှင် နိုင်ငံကျော် စူပါစတား Katy Perry နေရာမှာ အစားထိုးရန်အတွက် Aရဲ့ “Idol” တွင်ပါဝင်မှာဖြစ်တယ်လို့ သတင်းရင်းမြစ်က CNN ကိုပြောပါတယ်။ ABC ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါတယ်။ CNN က Underwood အတွက် ကိုယ်စားလှယ်တစ်ဦးထံ ဆက်သွယ်ခဲ့ပါတယ်။

Underwood က Idol" အတွက် နောက်ရာသီမှာ ဒိုင်လူကြီးအဖြစ် လုပ်ဆောင်မှာဖြစ်တယ်လို့သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။ လက်ရှိဒိုင်လူကြီးများဖြစ်တဲ့ Lionel Richie နဲ့ Luke Bryan တို့နဲ့ ပူးပေါင်းလိမ့်မယ်လို့ သတင်းရင်းမြစ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ကေတီပယ်ရီကတော့ ယခုနှစ်အစောပိုင်းမှာ ရှိုးပွဲခုနစ်ရာသီကြာပါဝင်ခဲ့ပြီးနောက် “Idol” မှနုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။“American Idol” က သူတို့ရဲ့ ၂၃ ကြိမ်မြောက် ပြိုင်ပွဲကို လာမယ့်နှစ်မှာစတင်တော့မှာဖြစ်ပါတယ်။

MYit

zawgyi

Carrie Underwood က အေမရိကန္အိုက္ေဒါ(လ္)မွာ ဒိုင္လူႀကီးျဖစ္တဲ့ Katy Perry ရဲ႕ ေနရာမွာအစားထိုးဝင္လာမယ့္လို႔ သိရပါတယ္။
“American Idol” ဆုရွင္ေဟာင္းျဖစ္တဲ့ အဆိုေတာ္က ရာသီသစ္မွာ အကဲျဖတ္ဒိုင္အျဖစ္သီခ်င္းဆိုၿပိဳင္ပြဲတြင္ ပါဝင္မွာျဖစ္တယ္လို႔ အဆိုပါရႈိးနဲ႔ နီးစပ္သူတဦးရဲ႕ ေျပာၾကားခ်က္အရသိရပါတယ္။ဂရမ္မီဆုရွင္ ႏိုင္ငံေက်ာ္ စူပါစတား Katy Perry ေနရာမွာ အစားထိုးရန္အတြက္ Aရဲ႕ “Idol” တြင္ပါဝင္မွာျဖစ္တယ္လို႔ သတင္းရင္းျမစ္က CNN ကိုေျပာပါတယ္။ ABC ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ျငင္းဆိုခဲ့ပါတယ္။ CNN က Underwood အတြက္ ကိုယ္စားလွယ္တစ္ဦးထံ ဆက္သြယ္ခဲ့ပါတယ္။

Underwood က Idol" အတြက္ ေနာက္ရာသီမွာ ဒိုင္လူႀကီးအျဖစ္ လုပ္ေဆာင္မွာျဖစ္တယ္လို႔သတင္းရင္းျမစ္က ေျပာၾကားခဲ့ပါတယ္။ လက္ရွိဒိုင္လူႀကီးမ်ားျဖစ္တဲ့ Lionel Richie နဲ႔ Luke Bryan တို႔နဲ႔ ပူးေပါင္းလိမ့္မယ္လို႔ သတင္းရင္းျမစ္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။ေကတီပယ္ရီကေတာ့ ယခုႏွစ္အေစာပိုင္းမွာ ရႈိးပြဲခုနစ္ရာသီၾကာပါဝင္ခဲ့ၿပီးေနာက္ “Idol” မွႏုတ္ထြက္ေတာ့မယ္လို႔ ေၾကညာခဲ့ပါတယ္။“American Idol” က သူတို႔ရဲ႕ ၂၃ ႀကိမ္ေျမာက္ ၿပိဳင္ပြဲကို လာမယ့္ႏွစ္မွာစတင္ေတာ့မွာျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*