အချစ်ကြီးချစ်နေကြတဲ့ GiGi Hadid နဲ့ Bradley Copper

GiGi Hadid နဲ့ Bradley Copper တို့နှစ်ဦးကတော့ သူတို့ချစ်နေကြပါတယ်ဆိုတာကိုတရားဝင်ပြသရင်းလန်ဒန်မြို့တခွင်မှာလျှောက်လည်နေကြပါတယ်။ ချမ်းအေးလွန်းတဲ့အချိန်မှာ GiGi Hadid ကသားရေဂျတ်ကက်၊ ခေါင်းလောင်းဘောင်းဘီနဲ့လှပနေသလို Bradley Copper ကတော့မီးခိုးရောင်ရှပ်အကျီပေါ်မှာ အနက်ရောင်ကုတ်အကျီရှည်၊ အနက်ရောင်လည်စီးပဝါ၊အပြာရောင်သိုးမွေးဦးထုပ်တွေ ဆင်မြန်းထားတာတွေ့မြင်ရပါတယ်။သူတို့နှစ်ဦးကိုရယ်ရယ်မောမောလမ်းအတူလျှောက်လာတာတွေ့ရပြီးလမ်းဖြတ်ကူးဖို့မီးပွိုင့်စောင့်နေချိန်မှာတော့ အချင်းချင်းပွေ့ဖက်ထားကြတာတွေ့ရပါတယ်။

လက်ရှိကာလမှာတော့ သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် အချစ်ကြီးချစ်နေကြတယ်လို့သေချာတဲ့သတင်းရစ်မြစ်တစ်ခုကဆိုထားပါတယ်။နှစ်ယောက်လုံးကကလေးငယ်တွေပိုင်ဆိုင်ထားတဲ့မိဘတွေဖြစ်ကြတာမို့တစ်ယောက်ကိုတစ်ယောက်ပိုမိုနားလည်ကြပြီး
တစ်ယောက်ကိုတစ်ယောက်လည်းလေးစားမှုရှိကြတယ်လို့သူတို့နှစ်ယောက်လုံးနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးကပြောပြတာဖြစ်ပါတယ်။ GiGi Hadid ရဲ့မိသားစုကလည်း GiGi ဟာ Bradley Copper နဲ့ရေရှည်လက်တွဲဖို့အဆင်ပြေနိုင်တယ်လို့ဆိုကြောင်းထပ်လောင်းပြောပြပါသေးတယ်။ GiGi Hadid မှာ Zayn Malik နဲ့ရတဲ့ 3 နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပြီး Bradley Copper မှာတော့ ၆ နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ်။

Ju Ju

zawgyi

GiGi Hadid နဲ႔ Bradley Copper တို႔ႏွစ္ဦးကေတာ့ သူတို႔ခ်စ္ေနၾကပါတယ္ဆိုတာကိုတရားဝင္ျပသရင္းလန္ဒန္ၿမိဳ႕တခြင္မွာေလွ်ာက္လည္ေနၾကပါတယ္။ ခ်မ္းေအးလြန္းတဲ့အခ်ိန္မွာ GiGi Hadid ကသားေရဂ်တ္ကက္၊ ေခါင္းေလာင္းေဘာင္းဘီနဲ႔လွပေနသလို Bradley Copper ကေတာ့မီးခိုးေရာင္ရွပ္အက်ီေပၚမွာ အနက္ေရာင္ကုတ္အက်ီရွည္၊ အနက္ေရာင္လည္စီးပဝါ၊အျပာေရာင္သိုးေမြးဦးထုပ္ေတြ ဆင္ျမန္းထားတာေတြ႕ျမင္ရပါတယ္။သူတို႔ႏွစ္ဦးကိုရယ္ရယ္ေမာေမာလမ္းအတူေလွ်ာက္လာတာေတြ႕ရၿပီးလမ္းျဖတ္ကူးဖို႔မီးပြိဳင့္ေစာင့္ေနခ်ိန္မွာေတာ့ အခ်င္းခ်င္းေပြ႕ဖက္ထားၾကတာေတြ႕ရပါတယ္။

လက္ရွိကာလမွာေတာ့ သူတို႔ႏွစ္ဦးဟာ တစ္ေယာက္ကိုတစ္ေယာက္ အခ်စ္ႀကီးခ်စ္ေနၾကတယ္လို႔ေသခ်ာတဲ့သတင္းရစ္ျမစ္တစ္ခုကဆိုထားပါတယ္။ႏွစ္ေယာက္လုံးကကေလးငယ္ေတြပိုင္ဆိုင္ထားတဲ့မိဘေတြျဖစ္ၾကတာမို႔တစ္ေယာက္ကိုတစ္ေယာက္ပိုမိုနားလည္ၾကၿပီး
တစ္ေယာက္ကိုတစ္ေယာက္လည္းေလးစားမႈရွိၾကတယ္လို႔သူတို႔ႏွစ္ေယာက္လုံးနဲ႔ရင္းႏွီးတဲ့မိတ္ေဆြတစ္ဦးကေျပာျပတာျဖစ္ပါတယ္။ GiGi Hadid ရဲ႕မိသားစုကလည္း GiGi ဟာ Bradley Copper နဲ႔ေရရွည္လက္တြဲဖို႔အဆင္ေျပႏိုင္တယ္လို႔ဆိုေၾကာင္းထပ္ေလာင္းေျပာျပပါေသးတယ္။ GiGi Hadid မွာ Zayn Malik နဲ႔ရတဲ့ 3 ႏွစ္အ႐ြယ္သမီးေလးတစ္ေယာက္ရွိၿပီး Bradley Copper မွာေတာ့ ၆ ႏွစ္အ႐ြယ္သမီးေလးတစ္ေယာက္ရွိပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*