ငယ်စဉ်ဘဝတရုတ်ပြည်မှာကြီးပြင်းခဲ့ရတဲ့အကြောင်းပြောပြတဲ့ Kim Go Eun

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မင်းသားကြီး Yoo Hae Jin နဲ့ Kim Go Eun တို့ဟာ အသစ်ထွက်ရှိထားတဲ့ရုပ်ရှင် Exhuma အတွက် Host နာယောင်ဆော့ရဲ့ You Tube Live ကို Join ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ အသစ်ထွက်ရှိထားတဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင် Exhuma အကြောင်းပြောခဲ့ကြသလို Kim Go Eun ကိုလည်းအင်တာဗျူးလေးတွေလုပ်ခဲ့တာဖြစ်ပါတယ်။Kim Go Eun ကို “ငယ်ငယ်က တရုတ်ပြည်မှာနေခဲ့တာဆို” လို့မေးတဲ့အခါမှာတော့ သူမကငယ်ဘဝကိုပြန်ပြောပြခဲ့တာပါ။

“ကျွန်မ အသက် ၄ နှစ်ကနေ ၁၄ နှစ်အရွယ်ထိ တရုတ်ပြည်မှာကြီးပြင်းခဲ့တာပါ။ မြို့တော့မဟုတ်ဘူး။ ရွာလေးမှာပါ။ အဲဒါကြောင့် ကျွန်မက ကိုရီးယားစာကိုအရမ်းကြီး အဆင့်မြင့်မြင့်မသိပါဘူး။ အဲဒီရွာမှာက နိုင်ငံခြားသားလည်းမရှိတော့ ကျွန်မကတရုတ်လိုပဲတောက် လျှောက်ပြောခဲ့ရတယ်။အိမ်မှာတော့ အဖေအမေကတရုတ်လိုမပြောခိုင်းဘူး။ပြီးတော့ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်ခိုင်းတယ်” လို့ ပြောပြခဲ့ပါတယ်။ဒါဆို တရုတ်စကားကိုသိသေးလားလို့ မေးတဲ့အခါမှာတော့ “ကျွန်မ ဝေါဟာရတွေတော့သိပ်မမှတ်မိတော့ပါဘူး။ ဒါပေ မဲ့ တစ်ခုခုအရေးကြုံလာလို့ပြောပါဆိုရင်တော့ ပြောနိုင်တယ်” လို့ဖွင့်ဟခဲ့တာဖြစ်ပါတယ်။Kim Go Eun ၊ မင်းသားကြီး Choi Min Sik၊ Yoo Hae Jin နဲ့ Lee Do Hyun တို့ပါဝင်တဲ့ Exhuma ရုပ်ရှင်ဟာ ကိုရီးယားနိုင်ငံမှာ‌တော့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စတင်ထွက်ရှိပြီဖြစ်ပါတယ်။

Ju Ju

zawgyi

ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔က မင္းသားႀကီး Yoo Hae Jin နဲ႔ Kim Go Eun တို႔ဟာ အသစ္ထြက္ရွိထားတဲ့႐ုပ္ရွင္ Exhuma အတြက္ Host နာေယာင္ေဆာ့ရဲ႕ You Tube Live ကို Join ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ဦးဟာ အသစ္ထြက္ရွိထားတဲ့ လွ်ိဳ႕ဝွက္သည္းဖို႐ုပ္ရွင္ Exhuma အေၾကာင္းေျပာခဲ့ၾကသလို Kim Go Eun ကိုလည္းအင္တာဗ်ဴးေလးေတြလုပ္ခဲ့တာျဖစ္ပါတယ္။Kim Go Eun ကို “ငယ္ငယ္က တ႐ုတ္ျပည္မွာေနခဲ့တာဆို” လို႔ေမးတဲ့အခါမွာေတာ့ သူမကငယ္ဘဝကိုျပန္ေျပာျပခဲ့တာပါ။

“ကြၽန္မ အသက္ ၄ ႏွစ္ကေန ၁၄ ႏွစ္အ႐ြယ္ထိ တ႐ုတ္ျပည္မွာႀကီးျပင္းခဲ့တာပါ။ ၿမိဳ႕ေတာ့မဟုတ္ဘူး။ ႐ြာေလးမွာပါ။ အဲဒါေၾကာင့္ ကြၽန္မက ကိုရီးယားစာကိုအရမ္းႀကီး အဆင့္ျမင့္ျမင့္မသိပါဘူး။ အဲဒီ႐ြာမွာက ႏိုင္ငံျခားသားလည္းမရွိေတာ့ ကြၽန္မကတ႐ုတ္လိုပဲေတာက္ ေလွ်ာက္ေျပာခဲ့ရတယ္။အိမ္မွာေတာ့ အေဖအေမကတ႐ုတ္လိုမေျပာခိုင္းဘူး။ၿပီးေတာ့ကိုရီးယားဇာတ္လမ္းတြဲေတြ ၾကည့္ခိုင္းတယ္” လို႔ ေျပာျပခဲ့ပါတယ္။ဒါဆို တ႐ုတ္စကားကိုသိေသးလားလို႔ ေမးတဲ့အခါမွာေတာ့ “ကြၽန္မ ေဝါဟာရေတြေတာ့သိပ္မမွတ္မိေတာ့ပါဘူး။ ဒါေပ မဲ့ တစ္ခုခုအေရးႀကဳံလာလို႔ေျပာပါဆိုရင္ေတာ့ ေျပာႏိုင္တယ္” လို႔ဖြင့္ဟခဲ့တာျဖစ္ပါတယ္။Kim Go Eun ၊ မင္းသားႀကီး Choi Min Sik၊ Yoo Hae Jin နဲ႔ Lee Do Hyun တို႔ပါဝင္တဲ့ Exhuma ႐ုပ္ရွင္ဟာ ကိုရီးယားႏိုင္ငံမွာ‌ေတာ့ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔မွာ စတင္ထြက္ရွိၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*