Presentation မတိုင်ခင်စိတ်လှုပ်ရှားမှုကို အကောင်းဆုံးဖြေရှင်းနည်း

Public Speaking ဆိုတာက လူတွေမှာရှိထားသင့်တဲ့တန်ဖိုးရှိတဲ့အရည်အချင်းတစ်ရပ်ပါ။ ဒါပေမဲ့အများစုဟာ လူအများရှေ့ထွက်ဖို့ဆိုရင် စိတ်ဖိစီးမှုနဲ့စိတ်လှုပ်ရှားမှုကိုရင်ဆိုင်ကြရပါတယ်။ Presentation တစ်ခုခုလုပ်တဲ့အချိန်မှာလည်း ကျွန်မတို့တွေဟာ စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှု၊စိုးရိမ်မှုတွေကိုခံစားကြရမှာပါ။ ကျွန်မတို့ရဲ့စိတ်ဖိစီးမှုကိုလျှော့ချပြီး ယုံကြည်မှုကိုမြှင့်တင်နိုင်ဖို့အခုဖော်ပြထားတဲ့နည်းလမ်းတွေကို လုပ်ဆောင်ကြည့်နိုင်ပါတယ်။ ဒီနည်းလမ်းတွေကိုကိုယ်တိုင်ပြင်ဆင်လေ့ကျင့်ဖို့တော့လိုပါတယ်။ တကယ်လုပ်ဆောင်မှလည်း တကယ်အကျိုးရှိမှာပါ။

ကိုယ့်ရဲ့ပရိသတ်ကိုသိပါ
စိတ်ဖိစီးမှု၊ စိုးရိမ်မှုကိုလျှော့ချပစ်ဖို့အကောင်းဆုံးနည်းကတော့ ကိုယ့်ရဲ့ Presentation ကိုဘယ်သူတွေကနားထောင်မှာလဲဆိုတာကိုသိထားဖို့ပဲဖြစ်ပါတယ်။ ကိုယ့်ပရိသတ်ရဲ့ Background၊ စိတ်ဝင်စားမှု၊မျှော်မှန်းချက်နဲ့ သူတို့ဘာတွေမေးနိုင်လဲဆိုတာကို ကြိုတင်လေ့လာထားဖို့လိုပါတယ်။ ပရိသတ်ကိုသိပြီးမှကိုယ်ပြောမယ့်အကြောင်းအရာ၊ အသုံးအနှုန်း၊ ပြောမယ့်စတိုင်လ်တွေကိုပြင်ဆင်ပါ။ဒီလိုလုပ် ဆောင်တာက ပရိသတ်တွေဆီက စိတ်ဝင်စားမှုနဲ့တုံ့ပြန်မှုတွေရလာနိုင်သလိုအံ့အားသင့်စရာတွေ၊ နားလည်မှုလွဲတာတွေဖြစ်မလာနိုင်စေဖို့ တားဆီးပေးပါတယ်။

Content ကိုသေချာပြင်ဆင်ပါ
ကိုယ်ပြောမယ့်အကြောင်းအရာ၊ ဘာတွေပြောမှာလဲ၊ ဘယ်လိုပြောမှာလဲ၊ဘယ်အချိန်မှာငြိလုံးတွေသုံးမှာလဲဆိုတာတွေကို ကိုယ့်ဘက်ကပြင်ဆင်ထားဖို့လိုပါတယ်။စင်ပေါ်ရောက်မှအဆင်ပြေသလိုပြောမယ်ကွာဆိုပြီးတွေးရင်တော့ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။
Presentation ပိုင်းမှာဆိုရင်တော့ အဓိကပြောမယ့် Main points ၊ Sub points နဲ့ဒီအချက်တွေကိုအထောက်အပံ့ပေးနိုင်မယ့်သက်သေ ပြချက်တွေပါဝင်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ Content ဟာ အဓိပ္ပါယ်ရှိ၊ ဗဟုသုတရစေပြီး ပရိသတ်တွေစိတ်ဝင်စားနိုင်တဲ့အရာဖြစ်ဖို့လိုပါတယ်။ Presentation အဖွင့်မှာကတည်းက ဆွဲဆောင်အားကောင်းကောင်းနဲ့စတင်နိုင်ပြီး အပိတ်ကိုလည်းအကောင်းဆုံးအနှစ်ချုပ်ပြီးပြောဆိုတတ်မယ်ဆိုရင် ပြည့်စုံတဲ့တင်ပြချက်တစ်ခုဖြစ်မှာသေချာပါတယ်။

အိမ်မှာအပြောလေ့ကျင့်ပါ
အိမ်မှာ တကယ့်စင်ပေါ်ရောက်နေသလိုခံစားပြီးလေ့ကျင့်ပါ။ ကိုယ့် Presentation ကိုလူတွေအများကြီးကြည့်နေသလို မြင်ယောင်ပြီးလေ့ကျင့်ကြည့်ပါ။ မှန်ရှေ့မှာ၊အိမ်ကလူတွေရှေ့မှာလည်း လေ့ကျင့်ကြည့်နိုင်ပါတယ်။ အခါခါလေ့ကျင့်ပြင်ဆင်ထားတဲ့သူဟာစိတ်လှုပ် ရှားမှုတွေကိုအကောင်းဆုံးကျော်လွှားနိုင်ပြီး အမှားလည်းနည်းပါတယ်။အိမ်မှာလေ့ကျင့်တဲ့အခါ ဖုန်းနဲ့ဗီဒီယိုရိုက်ပြီးမှတ်တမ်းတင်ထားနိုင်ပါတယ်။ ကိုယ့်ဗီဒီယိုကိုပြန်ကြည့်ပြီးအသံတိုးနေလား၊ အသံတုန်နေလား၊ ကိုယ်ဟန်အနေအထားမှားနေလား၊ စိတ်လှုပ်ရှားပုံပေါ်နေလား၊
မျက်လုံးအကြည့်ကရောပရိသတ်တွေဆီ တည့်တည့်ကြည့်နိုင်ရဲ့လားဆိုတာတွေကိုဆန်းစစ်နိုင်ပါတယ်။အားနည်းချက်တစ်ခုခုရှိခဲ့ရင် ပြန်ပြင်ဆင်လေ့ကျင့်နိုင်ပါတယ်။

စိတ်ဖိစီးမှုကိုတိုက်ထုတ်ပါ
စိတ်ဖိစီးမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့တိုက်ထုတ်ဖို့ပြင်ဆင်ထားသင့်ပါတယ်။ ကော်ဖီ၊ အရက်နဲ့ဆေးရွက်ကြီးတွေက စိုးရိမ်မှုတွေကိုပိုတိုးစေပြီးစွမ်းဆောင်ရည်ကျစေတာမို့ တတ်နိုင်သမျှရှောင်ပါ။ဝင်လေထွက်လေမှတ်တာ၊ လုပ်ကိုလုပ်နိုင်ရမယ်ဆိုတဲ့စိတ်ကိုမွေးတာ၊ကိုယ့်တင်ပြချက်တွေကိုလူတွေကအရမ်းစိတ်ဝင်စားပြီး ကိုယ့် Presentation အောင်မြင်သွားတယ်ဆိုတဲ့မြင်ကွင်းတွေကိုများများ စိတ်ကူးယဉ်ထားတာ စတဲ့အချက်တွေကစိတ်ပူပန်မှုကိုလျော့ပါးစေနိုင်ပါတယ်။ အစားကောင်းကောင်းစား၊ အိပ်ရေး၀၀အိပ်ပြီးလေ့ကျင့်ခန်းပုံမှန်လုပ်တာမျိုးကလည်း စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုတွေကို ဖယ်ထုတ်ပစ်နိုင်ပါတယ်နော်။

မမျှော်လင့်တာတွေအတွက်လည်းပြင်ဆင်ထားပါ
ကိုယ့်ဘက်ကဘယ်လောက်ပဲအကောင်းဆုံးပြင်ဆင်ထားပေမယ့်မမျှော်လင့်တာတွေလည်းဖြစ်လာနိုင်ပါတယ်။ ဒါကိုလည်းကြိုပြီးတွေးထားသင့်ပါတယ်နော်။စက်ချို့ယွင်းတာတွေ၊ ကိုယ်ဖြေဖို့ခက်တဲ့မေးခွန်းမေးတာတွေ၊တခြားသောကြားဖြတ်နှောင့်ယှက်မှုမျိုးတွေကြုံလာရနိုင်ပါတယ်။ ဒါ့ကြောင့် Backup plan အမြဲရှိသင့်ပါတယ်။ ကိုယ်ပြမယ့် Slide တွေကို Copy တစ်စုံယူသွားတာမျိုး၊ကိုယ့်လက်ပ်တော့ပါသယ်သွားတာမျိုး၊ မိုက်ကရိုဖုန်းကိုနှစ်ခုလောက်ထားခိုင်းတာမျိုးစတာတွေကလုပ်သင့်တဲ့အရာတွေပါ။ မမျှော်လင့်တဲ့အခက်အခဲတွေကြုံလာခဲ့ရင်လည်းပျာယာခတ်မသွားဘဲ အကောင်းမြင်စိတ်နဲ့ကြည့်ပြီးဖြေရှင်းပါ၊ ဟာသဉာဏ်ရှိပါ၊အလိုက်သင့်နေတတ်ထိုင်တတ်ပြော ဆိုတတ်ရပါမယ်။ဒါဆိုရင်တော့ ဘယ်လို Presentation မျိုးကိုမဆို အကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

Public Speaking ဆိုတာက လူေတြမွာရွိထားသင့္တဲ့တန္ဖိုးရွိတဲ့အရည္အခ်င္းတစ္ရပ္ပါ။ ဒါေပမဲ့အမ်ားစုဟာ လူအမ်ားေရွ႕ထြက္ဖို႔ဆိုရင္ စိတ္ဖိစီးမႈနဲ႔စိတ္လႈပ္ရွားမႈကိုရင္ဆိုင္ၾကရပါတယ္။ Presentation တစ္ခုခုလုပ္တဲ့အခ်ိန္မွာလည္း ကြၽန္မတို႔ေတြဟာ စိတ္လႈပ္ရွားမႈ၊ စိတ္ဖိစီးမႈ၊စိုးရိမ္မႈေတြကိုခံစားၾကရမွာပါ။ ကြၽန္မတို႔ရဲ႕စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ၿပီး ယုံၾကည္မႈကိုျမႇင့္တင္ႏိုင္ဖို႔အခုေဖာ္ျပထားတဲ့နည္းလမ္းေတြကို လုပ္ေဆာင္ၾကည့္ႏိုင္ပါတယ္။ ဒီနည္းလမ္းေတြကိုကိုယ္တိုင္ျပင္ဆင္ေလ့က်င့္ဖို႔ေတာ့လိုပါတယ္။ တကယ္လုပ္ေဆာင္မွလည္း တကယ္အက်ိဳးရွိမွာပါ။

ကိုယ့္ရဲ႕ပရိသတ္ကိုသိပါ
စိတ္ဖိစီးမႈ၊ စိုးရိမ္မႈကိုေလွ်ာ့ခ်ပစ္ဖို႔အေကာင္းဆုံးနည္းကေတာ့ ကိုယ့္ရဲ႕ Presentation ကိုဘယ္သူေတြကနားေထာင္မွာလဲဆိုတာကိုသိထားဖို႔ပဲျဖစ္ပါတယ္။ ကိုယ့္ပရိသတ္ရဲ႕ Background၊ စိတ္ဝင္စားမႈ၊ေမွ်ာ္မွန္းခ်က္နဲ႔ သူတို႔ဘာေတြေမးႏိုင္လဲဆိုတာကို ႀကိဳတင္ေလ့လာထားဖို႔လိုပါတယ္။ ပရိသတ္ကိုသိၿပီးမွကိုယ္ေျပာမယ့္အေၾကာင္းအရာ၊ အသုံးအႏႈန္း၊ ေျပာမယ့္စတိုင္လ္ေတြကိုျပင္ဆင္ပါ။ဒီလိုလုပ္ ေဆာင္တာက ပရိသတ္ေတြဆီက စိတ္ဝင္စားမႈနဲ႔တုံ႔ျပန္မႈေတြရလာႏိုင္သလိုအံ့အားသင့္စရာေတြ၊ နားလည္မႈလြဲတာေတြျဖစ္မလာႏိုင္ေစဖို႔ တားဆီးေပးပါတယ္။

Content ကိုေသခ်ာျပင္ဆင္ပါ
ကိုယ္ေျပာမယ့္အေၾကာင္းအရာ၊ ဘာေတြေျပာမွာလဲ၊ ဘယ္လိုေျပာမွာလဲ၊ဘယ္အခ်ိန္မွာၿငိလုံးေတြသုံးမွာလဲဆိုတာေတြကို ကိုယ့္ဘက္ကျပင္ဆင္ထားဖို႔လိုပါတယ္။စင္ေပၚေရာက္မွအဆင္ေျပသလိုေျပာမယ္ကြာဆိုၿပီးေတြးရင္ေတာ့ ဘယ္လိုမွအဆင္ေျပမွာမဟုတ္ပါဘူး။
Presentation ပိုင္းမွာဆိုရင္ေတာ့ အဓိကေျပာမယ့္ Main points ၊ Sub points နဲ႔ဒီအခ်က္ေတြကိုအေထာက္အပံ့ေပးႏိုင္မယ့္သက္ေသ ျပခ်က္ေတြပါဝင္ဖို႔လိုပါတယ္။ ကိုယ့္ရဲ႕ Content ဟာ အဓိပၸါယ္ရွိ၊ ဗဟုသုတရေစၿပီး ပရိသတ္ေတြစိတ္ဝင္စားႏိုင္တဲ့အရာျဖစ္ဖို႔လိုပါတယ္။ Presentation အဖြင့္မွာကတည္းက ဆြဲေဆာင္အားေကာင္းေကာင္းနဲ႔စတင္ႏိုင္ၿပီး အပိတ္ကိုလည္းအေကာင္းဆုံးအႏွစ္ခ်ဳပ္ၿပီးေျပာဆိုတတ္မယ္ဆိုရင္ ျပည့္စုံတဲ့တင္ျပခ်က္တစ္ခုျဖစ္မွာေသခ်ာပါတယ္။

အိမ္မွာအေျပာေလ့က်င့္ပါ
အိမ္မွာ တကယ့္စင္ေပၚေရာက္ေနသလိုခံစားၿပီးေလ့က်င့္ပါ။ ကိုယ့္ Presentation ကိုလူေတြအမ်ားႀကီးၾကည့္ေနသလို ျမင္ေယာင္ၿပီးေလ့က်င့္ၾကည့္ပါ။ မွန္ေရွ႕မွာ၊အိမ္ကလူေတြေရွ႕မွာလည္း ေလ့က်င့္ၾကည့္ႏိုင္ပါတယ္။ အခါခါေလ့က်င့္ျပင္ဆင္ထားတဲ့သူဟာစိတ္လႈပ္ ရွားမႈေတြကိုအေကာင္းဆုံးေက်ာ္လႊားႏိုင္ၿပီး အမွားလည္းနည္းပါတယ္။အိမ္မွာေလ့က်င့္တဲ့အခါ ဖုန္းနဲ႔ဗီဒီယို႐ိုက္ၿပီးမွတ္တမ္းတင္ထားႏိုင္ပါတယ္။ ကိုယ့္ဗီဒီယိုကိုျပန္ၾကည့္ၿပီးအသံတိုးေနလား၊ အသံတုန္ေနလား၊ ကိုယ္ဟန္အေနအထားမွားေနလား၊ စိတ္လႈပ္ရွားပုံေပၚေနလား၊
မ်က္လုံးအၾကည့္ကေရာပရိသတ္ေတြဆီ တည့္တည့္ၾကည့္ႏိုင္ရဲ႕လားဆိုတာေတြကိုဆန္းစစ္ႏိုင္ပါတယ္။အားနည္းခ်က္တစ္ခုခုရွိခဲ့ရင္ ျပန္ျပင္ဆင္ေလ့က်င့္ႏိုင္ပါတယ္။

စိတ္ဖိစီးမႈကိုတိုက္ထုတ္ပါ
စိတ္ဖိစီးမႈကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔တိုက္ထုတ္ဖို႔ျပင္ဆင္ထားသင့္ပါတယ္။ ေကာ္ဖီ၊ အရက္နဲ႔ေဆး႐ြက္ႀကီးေတြက စိုးရိမ္မႈေတြကိုပိုတိုးေစၿပီးစြမ္းေဆာင္ရည္က်ေစတာမို႔ တတ္ႏိုင္သမွ်ေရွာင္ပါ။ဝင္ေလထြက္ေလမွတ္တာ၊ လုပ္ကိုလုပ္ႏိုင္ရမယ္ဆိုတဲ့စိတ္ကိုေမြးတာ၊ကိုယ့္တင္ျပခ်က္ေတြကိုလူေတြကအရမ္းစိတ္ဝင္စားၿပီး ကိုယ့္ Presentation ေအာင္ျမင္သြားတယ္ဆိုတဲ့ျမင္ကြင္းေတြကိုမ်ားမ်ား စိတ္ကူးယဥ္ထားတာ စတဲ့အခ်က္ေတြကစိတ္ပူပန္မႈကိုေလ်ာ့ပါးေစႏိုင္ပါတယ္။ အစားေကာင္းေကာင္းစား၊ အိပ္ေရး၀၀အိပ္ၿပီးေလ့က်င့္ခန္းပုံမွန္လုပ္တာမ်ိဳးကလည္း စိတ္ဖိစီးမႈနဲ႔ စိတ္ပူပန္မႈေတြကို ဖယ္ထုတ္ပစ္ႏိုင္ပါတယ္ေနာ္။

မေမွ်ာ္လင့္တာေတြအတြက္လည္းျပင္ဆင္ထားပါ
ကိုယ့္ဘက္ကဘယ္ေလာက္ပဲအေကာင္းဆုံးျပင္ဆင္ထားေပမယ့္မေမွ်ာ္လင့္တာေတြလည္းျဖစ္လာႏိုင္ပါတယ္။ ဒါကိုလည္းႀကိဳၿပီးေတြးထားသင့္ပါတယ္ေနာ္။စက္ခ်ိဳ႕ယြင္းတာေတြ၊ ကိုယ္ေျဖဖို႔ခက္တဲ့ေမးခြန္းေမးတာေတြ၊တျခားေသာၾကားျဖတ္ေႏွာင့္ယွက္မႈမ်ိဳးေတြႀကဳံလာရႏိုင္ပါတယ္။ ဒါ့ေၾကာင့္ Backup plan အၿမဲရွိသင့္ပါတယ္။ ကိုယ္ျပမယ့္ Slide ေတြကို Copy တစ္စုံယူသြားတာမ်ိဳး၊ကိုယ့္လက္ပ္ေတာ့ပါသယ္သြားတာမ်ိဳး၊ မိုက္က႐ိုဖုန္းကိုႏွစ္ခုေလာက္ထားခိုင္းတာမ်ိဳးစတာေတြကလုပ္သင့္တဲ့အရာေတြပါ။ မေမွ်ာ္လင့္တဲ့အခက္အခဲေတြႀကဳံလာခဲ့ရင္လည္းပ်ာယာခတ္မသြားဘဲ အေကာင္းျမင္စိတ္နဲ႔ၾကည့္ၿပီးေျဖရွင္းပါ၊ ဟာသဉာဏ္ရွိပါ၊အလိုက္သင့္ေနတတ္ထိုင္တတ္ေျပာ ဆိုတတ္ရပါမယ္။ဒါဆိုရင္ေတာ့ ဘယ္လို Presentation မ်ိဳးကိုမဆို အေကာင္းဆုံးလုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*