Informational Interview ဆိုတာဘာလဲ

ဒီနေ့မှာတော့ Informational Interview ဆိုတာ ဘာလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ Informational Interview ဆိုတာ သီးခြားအသက်မွေးဝမ်းကြောင်းနယ်ပယ်၊ စက်မှုလုပ်ငန်း၊အဖွဲ့အစည်း၊ ကျောင်း သို့မဟုတ် မိတ်သဟာယအဖွဲ့တစ်ခုမှ ပညာရှင်တဦးနဲ့လက်တွေ့ဘဝအတွေ့အကြုံများအကြောင်း သင်ယူလေ့လာနိုင်တဲ့အစည်းအဝေးတခုလို့ပြောလို့ရပါတယ်။ ဒီအလွတ်သဘော စကားပြောဆိုမှုကို မိနစ် ၂၀ ကနေ ၃၀ မိနစ်အထိ ကြာတတ်ပေမဲ့ တကယ်လို့သင်က ခိုင်မာတဲ့ချိတ်ဆက်မှုတခုပြုလုပ်လိုပါကဒီထပ်လည်း ပိုကြာနိုင်ပါတယ်။

ဒီအင်တာဗျူးက လုပ်ငန်းကျွမ်းကျင်ပညာရှင်တဦးနဲ့သတင်းအချက်အလက်ဆိုင်ရာစကားပြောဆိုမှုတခုဖြစ်ပါတယ်။ ဒီအင်တာဗျူးမှာ
လုပ်ငန်းခွင်က ခေါင်းဆောင်တွေဖြစ်စေ ဝန်ထမ်းများဖြစ်စေ အလုပ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးမြန်းတာဖြစ်ပါတယ်။ ဒီလိုလုပ် ဆောင်တာက အသက်မွေးဝမ်းကြောင်းအလုပ်များနဲ့အဖွဲ့အစည်းများနဲ့ပတ်သက်တဲ့ အချက်အလက်များကို ရရှိနိုင်ပါတယ်။သင်က လုပ် ငန်းခွင်နေတဲ့သူလား၊ ဒါမှမဟုတ် နယ်ပယ်အသစ်တခုကိုစူးစမ်းဖို့ပြင်ဆင်နေတာလား။ ဒါဆိုရင်တော့ ဒီ Informational Interview က သင့်ကိုကူညီပေးနိုင်ပါတယ်။ သင့်ရဲ့နောက်ထပ်ပြောင်းမယ့် အသက်မွေးဝမ်းကြောင်းအတွက်ဆုံးဖြတ်နိုင်ဖို့ အကူအညီဖြစ်စေနိုင်ပါတယ်။ ဒီလိုအင်တာဗျူးမျိုးကို Informational Interview လို့ခေါ်ဆိုကြပါတယ်။

လုပ်ငန်းအတွေ့အကြုံအကန့်အသတ်တွေ၊ ဒါမှမဟုတ်လုပ်ငန်းခွင်အတွေ့အကြုံလုံးဝမရှိသူများအနေနဲ့ ကိုယ်က အသက်မွေးဝမ်းကြောင်းတခုကိုအသစ်ကစမယ်ဆိုတဲ့သူတွေအတွက်တော့ ဒီအကြောင်းကို သေသေချာချာသိဖို့နဲ့အာရုံစူးစိုက်ပြီး လေ့လာဖို့လိုအပ်ပါတယ်။ ကိုယ် လုပ်မယ့်အရာကို ဒါမှမဟုတ်ကိုယ်နှစ်သက်တဲ့အရာကို သေသေချာချာမသိသေးဘူးဆိုရင် ဒီအင်တာဗျူးကသင့်ကိုအကူအညီဖြစ်စေပါလိမ့်မယ်။ ဒီအင်တာဗျူးက အလုပ်အင်တာဗျူးမဟုတ်ပေမဲ့အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းအတွက် အလားအလာကောင်းများဖြစ်စေပါတယ်။နောက်တချက်ကတော့ တကယ်လို့သင်က ဘွဲ့လွန်ကျောင်း၊ ဂုဏ်သိက္ခာရှိတဲ့ပညာသင်ဆုတခုခုအတွက်လျှောက်ထားမယ်ဆိုရင် ဒီအတွက်ဘာတွေလိုမလဲ၊ဘယ်လိုအောင်မြင်အောင် လျှောက်ထားနိုင်မလဲဆိုတာ အတွေ့အကြုံရှိသူတဦးဦးကိုမေးမြန်းတာ၊ အရင် လျှောက်ခဲ့ဖူးသူတဦးဦးရဲ့အတွေ့အကြုံကိုမေးမြန်းတာမျိုးဖြစ်ပါတယ်။ Informational Interview ဆိုတာက သင်လက်လှမ်းမမီတဲ့ အခွင့်အလမ်းများအတွက်တံခါးပေါက်တခုလည်းဖြစ်နေပါတယ်။

MYit

zawgyi

ဒီေန႔မွာေတာ့ Informational Interview ဆိုတာ ဘာလဲဆိုတာကို မွ်ေဝေပးခ်င္ပါတယ္။ Informational Interview ဆိုတာ သီးျခားအသက္ေမြးဝမ္းေၾကာင္းနယ္ပယ္၊ စက္မႈလုပ္ငန္း၊အဖြဲ႕အစည္း၊ ေက်ာင္း သို႔မဟုတ္ မိတ္သဟာယအဖြဲ႕တစ္ခုမွ ပညာရွင္တဦးနဲ႔လက္ေတြ႕ဘဝအေတြ႕အႀကဳံမ်ားအေၾကာင္း သင္ယူေလ့လာႏိုင္တဲ့အစည္းအေဝးတခုလို႔ေျပာလို႔ရပါတယ္။ ဒီအလြတ္သေဘာ စကားေျပာဆိုမႈကို မိနစ္ ၂၀ ကေန ၃၀ မိနစ္အထိ ၾကာတတ္ေပမဲ့ တကယ္လို႔သင္က ခိုင္မာတဲ့ခ်ိတ္ဆက္မႈတခုျပဳလုပ္လိုပါကဒီထပ္လည္း ပိုၾကာႏိုင္ပါတယ္။

ဒီအင္တာဗ်ဴးက လုပ္ငန္းကြၽမ္းက်င္ပညာရွင္တဦးနဲ႔သတင္းအခ်က္အလက္ဆိုင္ရာစကားေျပာဆိုမႈတခုျဖစ္ပါတယ္။ ဒီအင္တာဗ်ဴးမွာ
လုပ္ငန္းခြင္က ေခါင္းေဆာင္ေတြျဖစ္ေစ ဝန္ထမ္းမ်ားျဖစ္ေစ အလုပ္နဲ႔ပတ္သက္တဲ့ ေမးခြန္းေတြေမးျမန္းတာျဖစ္ပါတယ္။ ဒီလိုလုပ္ ေဆာင္တာက အသက္ေမြးဝမ္းေၾကာင္းအလုပ္မ်ားနဲ႔အဖြဲ႕အစည္းမ်ားနဲ႔ပတ္သက္တဲ့ အခ်က္အလက္မ်ားကို ရရွိႏိုင္ပါတယ္။သင္က လုပ္ ငန္းခြင္ေနတဲ့သူလား၊ ဒါမွမဟုတ္ နယ္ပယ္အသစ္တခုကိုစူးစမ္းဖို႔ျပင္ဆင္ေနတာလား။ ဒါဆိုရင္ေတာ့ ဒီ Informational Interview က သင့္ကိုကူညီေပးႏိုင္ပါတယ္။ သင့္ရဲ႕ေနာက္ထပ္ေျပာင္းမယ့္ အသက္ေမြးဝမ္းေၾကာင္းအတြက္ဆုံးျဖတ္ႏိုင္ဖို႔ အကူအညီျဖစ္ေစႏိုင္ပါတယ္။ ဒီလိုအင္တာဗ်ဴးမ်ိဳးကို Informational Interview လို႔ေခၚဆိုၾကပါတယ္။

လုပ္ငန္းအေတြ႕အႀကဳံအကန႔္အသတ္ေတြ၊ ဒါမွမဟုတ္လုပ္ငန္းခြင္အေတြ႕အႀကဳံလုံးဝမရွိသူမ်ားအေနနဲ႔ ကိုယ္က အသက္ေမြးဝမ္းေၾကာင္းတခုကိုအသစ္ကစမယ္ဆိုတဲ့သူေတြအတြက္ေတာ့ ဒီအေၾကာင္းကို ေသေသခ်ာခ်ာသိဖို႔နဲ႔အာ႐ုံစူးစိုက္ၿပီး ေလ့လာဖို႔လိုအပ္ပါတယ္။ ကိုယ္ လုပ္မယ့္အရာကို ဒါမွမဟုတ္ကိုယ္ႏွစ္သက္တဲ့အရာကို ေသေသခ်ာခ်ာမသိေသးဘူးဆိုရင္ ဒီအင္တာဗ်ဴးကသင့္ကိုအကူအညီျဖစ္ေစပါလိမ့္မယ္။ ဒီအင္တာဗ်ဴးက အလုပ္အင္တာဗ်ဴးမဟုတ္ေပမဲ့အနာဂတ္အလုပ္အကိုင္အခြင့္အလမ္းအတြက္ အလားအလာေကာင္းမ်ားျဖစ္ေစပါတယ္။ေနာက္တခ်က္ကေတာ့ တကယ္လို႔သင္က ဘြဲ႕လြန္ေက်ာင္း၊ ဂုဏ္သိကၡာရွိတဲ့ပညာသင္ဆုတခုခုအတြက္ေလွ်ာက္ထားမယ္ဆိုရင္ ဒီအတြက္ဘာေတြလိုမလဲ၊ဘယ္လိုေအာင္ျမင္ေအာင္ ေလွ်ာက္ထားႏိုင္မလဲဆိုတာ အေတြ႕အႀကဳံရွိသူတဦးဦးကိုေမးျမန္းတာ၊ အရင္ ေလွ်ာက္ခဲ့ဖူးသူတဦးဦးရဲ႕အေတြ႕အႀကဳံကိုေမးျမန္းတာမ်ိဳးျဖစ္ပါတယ္။ Informational Interview ဆိုတာက သင္လက္လွမ္းမမီတဲ့ အခြင့္အလမ္းမ်ားအတြက္တံခါးေပါက္တခုလည္းျဖစ္ေနပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*